မြန်မာပိတောက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြန်မာပိတောက်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Plantae
မျိုးပေါင်းစု Magnoliophyta
မျိုးပေါင်း Magnoliopsida
မျိုးစဉ် Fabales
မျိုးရင်း Fabaceae
မျိုးရင်းသေး Faboideae
မျိုးဇာတ် Dalbergieae
မျိုးစု Pterocarpus
မျိုးစိတ် Pterocarpus macrocarpus
ဒွိနာမ
Pterocarpus macrocarpus Jacq.

မြန်မာပိတောက်[ပြင်​ဆင်​ရန်​]

ပန်းတောက်ပန်းသည် မြန်မာလူမျိုးတို့၏ နှစ်သစ်ကူး အထိမ်းအမှတ်ဖြစ်သည်။ မြန်မာ ဆယ့်နှစ်လ ရာသီများတွင် တန်ခူးလဟူသော မြန်မာ နှစ်သစ်ကူးလတွင် ပန်းတောက်ပန်းများ ဝေဆာစွာ ပွင့်ဖူးကြသည်။ မြန်မာလူမျိုးတို့သည် ပန်းတောက်ပန်းအား ဗုဒ္ဓဘုရားရှင်အား ကပ်လှူခြင်း၊ ပန်းဆင်ခြင်းတို့တွင် အသုံးပြုကြသည်။ ပန်းတောက်ပန်းနှင့် ပက်သက်သော ကဗျာများ၊ သီချင်းများ၊ ဝတ္ထုဇတ်လမ်းများ အများအပြားရှိသည်။ ပန်းတောက်ပင်ကို မြန်မာနိုင်ငံလာအိုနိုင်ငံထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတို့တွင် တွေ့ရှိရသည်။ ပန်းတောက်ပင်သည် ယေဘုယျအားဖြင့် အလယ်အလတ် အမျိုးအစား အပင်မျိုးဖြစ်ပြီး ၁၀ မီတာမှ ၃၀ မီတာထိ ရှည်လျားတတ်ပြီး အချင်း ၁.၇ မီတာခန့်ရှိသည်။ ခြောက်သွေ့ရာသီတွင် ပေါက်ရောက်သော အမျိုးအစားဖြစ်သည်။ အပင်အပြင်ခွံသည် အညိုရောင် ဖြစ်ပြီး ပွရောင်းသည်။ အတွင်းသားသည် အနီရောင် ဖျော့ဖျော့ ရှိသည်။ အပွင့်များသည် ၂၀-၂၅ စင်တီမီတာ ရှည်လျား၍ အဝါရောင်ရှိသည်။ အရွက်ရှိ ဆစ်တံများသည် ၅-၉ စင်တီမီတာ ရှည်လျားကြသည်။ ပန်းတောက်သီးသည် အစေ့ဆံ ၂ခု သို့ ၃ခုခန့် ပါရှိတတ်ပြီး အတောင့် သဏ္ဍန်ရှိသည်။ ၎င်းကို ၄.၅မှ ၇ စင်တီမီတာခန့်ရှိသော အတောင်ပံကဲ့သို့သော အမွေးပါးလေးများဖြင့် ဝန်းရံထားသည်။ ပန်းတောက်သားသည် သစ်မာအမျိုးအစား ဖြစ်ပြီး ခိုင်ခန့်ခြင်း၊ ခြမစားခြင်းတို့ကြောင့် အိမ်တိုင်များ၊ အိမ်ပျဉ်၊ ဗီရိုလှည်းဘီးနှင့် လှည်းလက်ရန်းတိုင်များနှင့် အခြား ပရိဘောဂ အမျိုးမျိုးတို့တွင် အသုံးပြုကြသည်။