မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များအသင်း

ဝီကီပီးဒီးယား မှ

ပေါ်ပေါက်လာပုံ[ပြင်ဆင်ရန်]

၁၉၃၀ ပြည့် စက်တင်ဘာလမှာ တို့ဗမာအစည်းအရုံးဝင် သခင်တစုရဲ့ ကြိုးပမ်းမှုနဲ့ ပေါ်ထွန်း လာခဲ့သည်။ တက္ကသိုလ် က တိုးတက်တဲ့ လူငယ် ကျောင်းသားများ၊ အထက်တန်းကျောင်းက လူငယ် ကျောင်းသားများ၊ လူငယ်များ ကြီးပွားရေး အသင်းစာဖတ်အသင်းမီးသတ်အသင်းဆွမ်းလောင်းသင်း က နိုင်ငံရေး နဲ့ မပတ်သက်တဲ့ လူငယ်များပါ ပါဝင်နိုင်အောင် နည်းလမ်းရှာပြီး အမျိုးသားရေးကို ဦးတည် လှုပ်ရှားနိုင်မယ့် လူငယ်အသင်း တခု တည်ထောင် ခဲ့ခြင်းဖြစ်သည်။ ရွှေတိဂုံ အလယ်ပစ္စယံ ရှိ နိုင်ငံရေး ဆရာတော် ဦးနာဂိန္ဒ ရဲ့ မဏ္ဍပ်မှာ လူငယ်ပေါင်းစုံ ကျောင်းပေါင်းစုံ အစည်းအဝေးကြီး တခု ခေါ်ဆိုပြီး လူငယ် ၅၀၀၀ ခန့် တက်ရောက်တဲ့ အစည်းအဝေးကြီးကနေ အမျိုးသားရေး၊ စီးပွားရေး၊ လူမှုရေးတွေ ဆောင်ရွက်ရန်ဆိုပြီး မြန်မာ နိုင်ငံလုံးဆိုင်ရာ လူငယ်များ အသင်း ကို ဖွဲ့စည်းခဲ့သည်။

အလုပ်အမှုဆောင်အဖွဲ့မှာ−

  1. ဆရာတင့် (မြို့မကျောင်း) − ဥက္ကဋ္ဌ
  2. ကိုနု (တက္ကသိုလ်) − အတွင်းရေးမှူး
  3. ကိုခန့် (ပန်းတနော်) မြန်မာပြည်စာအုပ်သင်း − တွဲဘက်အတွင်းရေးမှူး
  4. ကိုစံသိမ်း (တက္ကသိုလ်ကျောင်း) − ငွေထိန်း
  5. မြို့မဆရာဟိန် − ပြန်ကြားရေးမှူး
  6. သခင်ဘသောင်း − အမှုဆောင်
  7. သခင်လေးမောင် − အမှုဆောင်
  8. သခင်ဗစိန် − အမှုဆောင်
  9. ကိုဘတင် − အမှုဆောင်
  10. ကိုလူထွန်း − အမှုဆောင်
  11. ကိုအုံး − အမှုဆောင်

စသူများဖြစ်ကြသည်။

မြို့နယ်များစွာအထိ အသင်းခွဲတွေ ထူထောင်နိုင်လာခဲ့ပြီး ပြည်တွင်းဖြစ် အားပေးရေး၊ နိုင်ငံခြားပစ္စည်း သပိတ်မှောက်ရေး တွေကို တက်တက်ကြွကြွ ဆောင်ရွက်ရင်း နယ်ချဲ့ဆန့်ကျင်ရေး လုပ်ငန်းတွေထဲ တိုးမြှင့်ပါဝင် ဆောင်ရွက်ခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။