မျောက်ဥ

ဝီကီပီးဒီးယား မှ

မျောက်ဥပင်သည် တံတွေးပင်၊ မျောက်နွယ်ပင်တို့နှင့်အတူ ဒိုင်အော့စကိုရီအေစီအီး မျိုးရင်းတွင်ပါဝင်၍ ယင်းကို ရုက္ခဗေဒ အလိုအားဖြင့် ဒိုအော့စကိုရီအာအေလေတာ ဟုခေါ်သည်။ မျောက်ဥပင်သည် ဥများအုသော ရစ်ပတ်နွယ်ပင်မျိုးဖြစ်၍ နွယ်များသည်လကျာ်ရစ်လှည့်ကာ တက်သွားတတ်သည်။

မျောက်ဥပင်များကို မြေနုမြေမွ ခပ်နက်နက်တွင် အလွယ်တကူ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာ၌ မျက်စိနှစ်လုံးမှ သုံးလုံးထိပါသော ဥထိပ်များကို မြေကြီးတွင် နှစ်ပေခန့် နက်နက်တူး၍ မြု|ပ်ထား ရသည်။ ခြံစည်းရိုးများ၊ သစ်ပင်များ၊ တောင်ပို့များတွင်မှီ၍ စိုက်ပျိုးနိုင်သည်။ မြေကြီးတွင် တိုင်များ စိုက်ပြီးလျှင် ဝါးများဖြင့် စင်ခံ၍လည်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးသည်မှ ၉ လမှ ၁ဝ လအတွင်း ဥများကို မြေကြီးမှ တူးဖော်ယူရသည်။

မျောက်ဥပင်များသည် အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ သီဟိုဠ်ကျွန်း၊ တရုပ်နိုင်ငံစသော အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများ၌ အနှံ့အပြားပေါက်သည်။ အနောက်အိန္ဒိယကျွန်းစုနှင့် အမေရိတိုက် အပူပိုင်းဒေသများ၌လည်း ပေါက်သည်။ မျောက်ဥများသည် အရွယ် အမျိုးမျိုးရှိရာ အချို့အလွန်ကြီးသော မျောက်ဥများမှာ တစ်ခါတစ်ရံ ပေါင် ၁ဝဝ ထိပင် အလေးချိန်စီးသည်။ အနောက်အိန္ဒိယကျွန်းစုနှင့် အမေရိကတိုက် အပူပိုင်းဒေသ များတွင် မျောက်ဥကို အရင်းခံအစားအစာအဖြစ်ဖြင့် စားသုံးကြသည်။

မြန်မာနိုင်ငံတွင် မျောက်ဥများကို ပြုတ်၍ အတုံးကလေးများ တုံးကာ ငရုတ် ကြက်သွန် စသည်နှင့် အခြောက်ကြော်၍လည်းကောင်း၊ ဟင်းချက်၍ လည်းကောင်း စားသုံးကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)