မော်လမြိုင် တက္ကသိုလ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မော်လမြိုင် တက္ကသိုလ်
'
University of Mawlamyaing.gif
ဆောင်ပုဒ်
တည်ထောင်ခုနှစ်
ကျောင်းအုပ်ကြီး
ဒုကျောင်းအုပ်
ဝန်ထမ်း
ဆရာ
ဘွဲ့ကြိုကျောင်းသား
ဘွဲ့လွန်ကျောင်းသား
တည်နေရာ
အကျယ်အဝန်း
ပိုင်ဆိုင်မှု
ရန်ပုံငွေ
အဖွဲ့အစည်း
သတင်းစာ
အထိမ်းအမှတ်အရောင်
အထိမ်းအမှတ်သတ္တဝါ
အားကစားအမည်
အားကစားအသင်း
ကွန်ယက်



မော်လမြိုင်တက္ကသိုလ်သည် မော်လမြိုင်မြို့တွင် တည်ရှိပြီး မွန်ပြည်နယ်၏ အကြီးဆုံး တက္ကသိုလ်ဖြစ်သည်။ ထိုတက္ကသိုလ်သည် ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ၊ မဟာဝိဇ္ဇာဘွဲ့များကိုသာ ချီးမြှင့်နိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း အဏ္ဏဝါသိပ္ပံဘွဲ့ကို ချီးမြှင့်ပေးနိုင်သော တက္ကသိုလ်အချို့ရှိရာ မော်လမြိုင်တက္ကသိုလ်သည် တစ်ခုအပါအဝင် ဖြစ်သည်။

မာတိကာ

[ပြင်​ဆင်​ရန်​] သမိုင်း

မော်လမြိုင်တက္ကသိုလ်ကို ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ မော်လမြိုင်ကောလိပ် အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ၁၉၆၄ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်အဖြစ် ပြောင်းလဲတိုးမြှင့်ခဲ့သည်။ ထို့နောက် မော်လမြိုင်တက္ကသိုလ်အဖြစ် ကိုကား ၁၉၈၆ခုနှစ်မှသာ ပြောင်းလဲတိုးမြှင့်ခဲ့လေသည်။

[ပြင်​ဆင်​ရန်​] ဘာသာရပ်များ သင်ကြားပေးမှု

မြန်မာ့ တက္ကသိုလ်ပညာရေးစနစ်တွင် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များအား အတူတကွ ပေါင်းစည်းထားခဲ့ပြီး မော်လမြိုင်တက္ကသိုလ်သည် ရိုးရိုးဝိဇ္ဇာဘာသာရပ်များနှင့် သိပ္ပံဘာသာ အထူးပြု ကျောင်းသားများအား ဝိဇ္ဇာဘွဲ့များနှင့် မဟာဘွဲ့များကို ချီးမြှင့်ပေးသည်။ ၎င်းသည် ရိုးရိုး Bachelor Of Art(BA) ဝိဇ္ဇာဘွဲနှင့် Bachelor Of Science(BSc) သိပ္ပံဘွဲ့ ရယူနိုင်ရန်အတွက် သုံးနှစ် အချိန်ပေးရပြီး BA(Hons) နှင့် BSc(Hons) တို့ကဲ့သို့သော ဂုဏ်ထူးတန်း(Honor Degree)များအတွက်ကိုမူ ၄ နှစ်အချိန်ပေးရလေသည်။ ဥပဒေပညာအတွက်ကိုလည်း ၄ နှစ် အချိန်ပေးရသည်။ မြန်မာနိုင်ငံတွင် အဏ္ဏဝါသိပ္ပံဘွဲ့ချီးမြှင့်သည့် တက္ကသိုလ်မှာ အနည်းငယ်မျှသာရှိသည့်အနက် မော်လမြိုင်တက္ကသိုလ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကမ်းခြေနှင့် ဆက်စပ်နေသော မြို့တစ်ခုဖြစ်သည့် မော်လမြိုင်မြို့တောင်ဘက် ၆၀ ကီလိုမီတာအကွာတွင် တက္ကသိုလ်၏အဏ္ဏဝါသပ္ပံလက်တွေ့စမ်းသပ်ရန်နေရာတစ်ခု ထားရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံးသော အမျိုးအစားဖြစ်သည်။

ဘာသာရပ် ဘွဲ့ မဟာဘွဲ့ ပါရဂူဘွဲ့
မြန်မာစာ ဘီအေ(BA) အမ်အေ(MA) --
အင်္ဂလိပ်စာ ဘီအေ(BA) အမ်အေ(MA)
ပထဝီဝင် ဘီအေ(BA) အမ်အေ(MA)
သမိုင်း ဘီအေ(BA) အမ်အေ(MA)
ဒဿနိကဗေဒ ဘီအေ(BA) အမ်အေ(MA)
စိတ္တဗေဒ ဘီအေ(BA) အမ်အေ(MA)
ရုက္ခဗေဒ ဘီအပ်စီ(BSc) အမ်အပ်စီ(MSc)
ဓာတုဗေဒ ဘီအပ်စီ(BSc) အမ်အပ်စီ(MSc)
အဏ္ဏဝါသိပ္ပံ ဘီအပ်စီ(BSc) -- --
သင်္ချာ ဘီအပ်စီ(BSc) အမ်အပ်စီ(MSc)
ရူပဗေဒ ဘီအပ်စီ(BSc) အမ်အပ်စီ(MSc)
သတ္တဗေဒ ဘီအပ်စီ(BSc) အမ်အပ်စီ(MSc)
ဥပဒေပညာ LLB --

[ပြင်​ဆင်​ရန်​] အုပ်ချုပ်ရေး

အုပ်ချုပ်သူများ စာရင်းမှာ-

  • ဒေါက်တာ ခင်မောင်တင့်(တက္ကသိုလ်ဘုန်းနိုင်)
  • လှထွန်းအောင်
  • ကြည်ဝင်း
  • ဆန်းတင့်
  • စောဟန်ရှိုင်း
  • ဒေါက်တာဌေးအောင် တို့ဖြစ်ကြသည်။

[ပြင်​ဆင်​ရန်​] စာကြည့်တိုက်

တက္ကသိုလ်စာကြည့်တိုက်အဖြစ် ၃ထပ် စာကြည့်တိုက်အား ဇန်နဝါရီလ ၂၀၀၄ ခုနှစ်တွင် ပြီးစီး၍ စာစောင်၊ စာအုပ်ပေါင်း ၁၀၆, ၀၀၀ ခန့် ထားရှိပြီးဖြစ်သည်။

[ပြင်​ဆင်​ရန်​] ကျောင်းသားဟောင်းများ

မြန်မာ့စာပေလောကတွင် ထင်ရှားသော စာရေးဆရာကြီး ဒေါက်တာမင်းတင်မွန်သည် မော်လမြိုင်တက္ကသိုလ်၌ ဓာတုဗေဒပါမောက္ခအဖြစ် ၁၉၈၆ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့လေသည်။ [၁]

[ပြင်​ဆင်​ရန်​] ကိုးကား

  1. http://en.wikipedia.org/wiki/Mawlamyaing_University#cite_ref-0
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်