မောင်မောင်သိုက် ပန်းချီဆရာ
ပန်းချီမောင်မောင်သိုက်သည် ၁၉၄၆ တွင် မွေးဖွားပြီး အဖ ဦးလွင် ဖြစ်သည်။
ပန်းချီပန်းပု ကျောင်းတက်စဉ် ပန်းချီ ဦးကြည်ထံတွင် ပန်းချီပညာကို သင်ယူခဲ့၍ မြင်ဆရာ၊ ကြားဆရာများဖြစ်ကြသော ပန်းချီ ဦးဘကြည်၊ ဦးဘရင်ကလေး၊ ဦးသောင်းဟန်၊ ဦးညိုလှ တို့ ထံတွင် ပန်းချီပညာကို ဆက်လက် ဆည်းပူးခဲ့သည်။
၁၉၆၅ မှ စတင်ရေးဆွဲခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် စာနယ်ဇင်းပန်းချီဆရာ အဖြစ် ပန်းချီလောက ကို စတင် ဝင်ရောက်ခဲ့သည်။
၁၉၇၀ နှစ်များ တဝိုက် က ထွက်ခဲ့သော မဂ္ဂဇင်းများ မှ ယနေ့ ခေတ် မဂ္ဂဇင်းများ အထိ စာနယ်ဇင်း သရုပ်ဖော်ပုံများ၊ မျက်နှာဖုံးများ ဆွဲခြင်းဖြင့် ပန်းချီလောကတွင် အောင်မြင် ခဲ့သော ပန်းချီမောင်မောင်သိုက် သည် စာရေးဆရာပေါင်း များစွာ၏ ဝတ္ထု မျက်နှာဖုံးများ၊ သရုပ်ဖော်ပုံများ ကိုလည်း ရေးဆွဲခဲ့သည်။
ပန်းချီ မောင်မောင်သိုက်သည် ၅.၈.၂၀၁၁ ရက်နေ့ မွန်းလွဲ (၁၂း၃၀) နာရီတွင် ရွှေဗဟိုဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ် ရှိပြီ ဖြစ်သည်။
ပြည်ပပြပွဲ အဖြစ် ၁၉၉၆ ဇွန်-ဇူလိုင် တွင် စင်ကာပူ စန်တိုဆာ၊ မလေးရှား နှင့် ထိုင်းတို့တွင် လှည့်လည် ပြသခဲ့သည်။
ကျော်ကားသော ကားတွဲများမှာ ဓမ္မိကရာမ၊ မလေးရှားပီနန်း နှင့် ဘုန်းကြီးကျောင်း တို့ ဖြစ်သည်။
တကိုယ်တော် ပြပွဲ အဖြစ် ပထမအကြိမ် ၁၉၉၁ အင်းလျားလိတ် ဟိုတယ်တွင်၎င်း ၊ ဒုတိယအကြိမ် အဖြစ် အမျိုးသမီး ဟူသော ခေါင်းစဉ်နှင့်၎င်း၊ ၁၁ဇွန် - ၁၀ ဇူလိုင် ၂၀၀၅ အထိ နယူးထရပ်ရှာအတ် ပြခန်း တွင်၎င်း၊ သမ္မတဟိုတယ်တွင် ၁၉၇၅ မှ ၂၀၀၈ အထိ မြန်မာ့အကနှင့် အလှ ခေါင်းစဉ်ဖြင့် ပြသခဲ့သည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Maung Maung Thike. Retrieved on ၀၂၊ ၂၀၁၂။ Retrieved on မေ ၂၀၁၂။
