မူပိုင်ခွင့်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက်များ စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။
This article may require cleanup to meet Wikipedia's quality standards. Please improve this article if you can. The talk page may contain suggestions.
မူပိုင်ခွင့် အမှတ်အသား

မူပိုင်ခွင့်(Copyright) သည် ဥပဒေ တစ်ခုဖြစ်ပြီး ၎င်းသည် ဂီတစာအုပ် စာပေအချက်အလက်ရုပ်ပုံ များနှင့် အခြားအခြား သော ကိုယ်တိုင် ဖန်တီးရယူမှုများအား ကာကွယ်နိုင်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းက မည်သူသည် ထိုအရာအား အမှန်တကယ် ဖန်တီးသည် ဟု မှန်ကန်စွာ ဆုံးဖြတ်ပေးသည်။ မူပိုင်ခွင့် ဥပဒေသည် ဖန်တီးသူအတွက် ၎င်း၏ ဖန်တီးထားသော အလုပ်များအား ရောင်းချခြင်းဖြင့် ငွေကို လုပ်ယူပေးနိုင်ရန် လွယ်ကူစေသည်။ ထို့ပြင် ပိုင်ရှင်မှ ခွင့်ပြုချက်ရှိမှသာလျှင် ၎င်း၏ လက်ရာကို ကူးယူနိုင် သည် သို့မဟုတ် တုပပြုလုပ်နိုင်လေသည်။ လူတစ်ဦးသည် မူပိုင်ခွင့် ဥပဒေဖြင့် ကာကွယ်ထားသော လက်ရာတစ်ခုအား ပိုင်ရှင်မသိအောင် တုပပြုလုပ်လျှင် ၎င်းပုဂ္ဂိုလ်အား ပုံမှန်အားဖြင့် ဒဏ်တပ်ခြင်းကဲ့သို့သော ဥပဒေဖြင့် ဆုံးမနိုင်သည်။ အခြား အရေးကြီးသည့် ပြဿနာများတွင် လူပုဂ္ဂိုလ်သည် မူပိုင်ခွင့်ဖြင့် ကာကွယ်ထားသည့် လက်ရာအား ကူးယူပြုလျှင် ဖမ်းဆီးခြင်း ခံရ၍ ထောင်ဒဏ်ပင် ကျရောက်နိုင်သည်။

လက်ရာတစ်ခုအား မူလ ဖန်တီးသူသည် အလိုအလျှောက် မူပိုင်ခွင့်ရှိ၍ ၎င်းပုဂ္ဂိုလ်မှ အခြားသူအား မူပိုင်ခွင့် တရာဝင် ပေးခြင်း မရှိသ၍ ၎င်းသည်သာလျှင် မူပိုင်ရှင်အဖြစ် လက်ခံကြသည်မှာ နိုင်ငံအတော်များများတွင် ဖြစ်ပါသည်။

နိုင်ငံအတော်များများတွင်မူ မူပိုင်ခွင့် အတွက် မှတ်ပုံတင်ပြုလုပ်ရန် မလိုအပ်ချေ။ အချို့နိုင်ငံများတွင် မူပိုင်ခွင့် မှတ်ပုံတင်ရန် နည်းနာများပင် မရှိချေ။ သို့သော် နိုင်ငံအတွင်း မှတ်ပုံတင်ရန်အတွက် အခြေအနေပေးသော်လည်း မှတ်ပုံတင်ခြင်း မရှိသည်မှာ လက်ရာတစ်ခု၏ မူပိုင်ခွင့်ကို မည်သူသည်သာ ပိုင်ဆိုင်သည် ဟူသည့် သက်သေပြရန်အတွက် ခက်ခဲစေနိုင်သည်။ ထို့ကြောင့် မည်သို့ပင် မှတ်ပုံတင်စေ၊ ၎င်းသည် အလွန်ကောင်းသော စိတ်ကူး တစ်ခုဖြစ်မည်။ အထူးသဖြင့် ပိုက်ဆံ ရနိုင်သောအလုပ်များအတွက်ကား ပို၍ပင် ဖြစ်သည်။

WIPO(ဝီပို)[ပြင်​ဆင်​ရန်​]

အဓိကအကျဆုံးသော မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့ကြီးသည် ကုလသမဂ္ဂလက်အောက်ခံ The World Intellectual Property Organization (WIPO) ဟုခေါ်သည့် အဖွဲ့ကြီးဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင် ဌာနချုပ်ထားရှိထားပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိ "ဉာဏပစ္စည်း" ကာကွယ်စောင့်ရှောက်ရေးကို နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြှင့်တင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ၊ ၂၀ ရက်နေ့အထိ နိုင်ငံပေါင်း ၁၆၁ နိုင်ငံရှိသည်။

ဆောင်ပုဒ်[ပြင်​ဆင်​ရန်​]

ဝီပိုအဖွဲ့ကြီး၏ သဘောထားဆောင်ပုဒ်မှာ-လူသားတို့ ဉာဏ်ရည် အစွမ်းအစသည် အနုပညာလုပ်ငန်းအားလုံးနှင့် တီထွင်မှုအားလုံး၏ အရင်းအမြစ် ဖြစ်သည်။ ဤလုပ်ငန်းများသည် လူဖြစ်ရကျိုးနပ်စေသော ဘဝအတွက် အာမခံချက်ဖြစသည်။ အနုပညာလက်ရာများနှင့် တီထွင်မှုများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဝါယမ စိုက်ထုတ်၍ အာမခံချက်ပေးရန်မှာ နိုင်ငံတော်၏ တာဝန်ဖြစ်သည်။

Intellectual Property ဟုခေါ်သည့် "ဉာဏပစ္စည်း"ဆိုရာတွင် နှစ်မျိုးနှစ်စား ပါဝင်သည်ဟု ဝီပိုက သတ်မှတ်ထားသည်။ ၎င်းတို့မှာ

  1. စက်မှုပစ္စည်းပိုင်းဆိုင်ရာ တီထွင်မုများ၊ အမှတ်တံဆိပ်များ၊ စက်မှု ဒီဇိုင်းများ။
  2. မူပိုင်ခွင့်ဆိုင်ရာ စာပေ၊ ဂီတ၊ အနုပညာ၊ ဓာတ်ပုံပညာနှင့် ရုပ်မြင်သံကြား လုပ်ငန်းများ ဖြစ်ပါသည်။

ဝီပိုကို စတင်ဖွဲ့စည်းခဲ့သည်မှာ ၁၉၆၇ ခု ဂျူလိုင် ၁၄ ရက် စတော့ဟုမ်းသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ချိန်ကဖြစ်ပါသည်။ ၁၉၇၀ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သည်။

အခြေခံသဘောတူညီချက်များ[ပြင်​ဆင်​ရန်​]

ဝီပို၏ အခြေခံမှာ ၁၈၈၃ ခုနှစ်၊ ပဲရသစ် သဘောတူညီချက်ဖြစ်သည့် စက်မှုပစ္စည်း ကာကွယ်စောင့်ရှောက်ရေး သဘောတူညီချက်ဖြင့် ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့တွင် ကျင်းပခဲ့သည့် ၁၈၈၆ ခု စာပေနျင့် အနုပညာလုပ်ငန်းများ ကာကွယ်စောင့်ရှောက်ရေး သဘောတူညီချက်တို့ဖြစ်သည်။ ၁၉၇၄ခုနှစ်ရောက်သောအခါ ဝီပိုသည် ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရသည်။ ဝီပိုအဖွဲ့ထဲသို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်း ပါဝင်နိုင်ပါသည်။၁၉၆၇ ခု စတော့ဟုမ်း သဘောတူညီချက်၊ ၁၉၇၁ ခုနှစ် ပဲရစ်သဘောတူညီချက်နှင့် ဘန်းသဘောတူညီချင်များကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးသည့် နိုင်ငံတိုင်းအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခံရပါသည်။

WIPO ၏ အဖွဲ့အစည်းထားရှိပုံ[ပြင်​ဆင်​ရန်​]

အမှုကိစ္စများ တင်သွင်းဖို့ရန်အတွက် အကြံပေးအဖွဲ့ကို (WIPO)က ဖွဲ့စည်းထားပါသည်။ ၎င်းအဖွဲ့က အငြင်းပွားသူ မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားသူ ကာယကံရှင်များကို ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ထံသို့ တင်ပြရန် နည်းလမ်းများကို ဆွေးနွေးအကြံပေးသည်။ ထို့ပြင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ဆုံးဖြတ်ချက်များကို လိုက်နာကြီးကြပ်ဆောင်ရွက်ဖို့အတွက် ကြီးကြပ်စီမံသူ ခန့်ထားဖို့ လိုအပ်ပါက ခန့်ထားနိုင်အောင် ပြင်ဆင်ထားသည်။ ၁၉၉၇ ခု၊ ဇန်နဝါရီ ၁ ရက်နေ့အထိ WIPO တွင် ညှိနှိုင်းဖျန်ဖြေသူ စုစုပေါင်း ၆၂၀ ရှိပါသည်။ နိုင်ငံပေါင်း ၆၁ နိုင်ငံက ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ WIPO ၏ ဆုံးဖြတ်ချက်ကို ရယူခြင်းအတွက် ရုံးစရိတ်ကို အငြင်းပွားသူများက ပေးဆပ်ရသည်။ ဘယ်ရွေ့ဘယ်မျှပေးရမည်ဆိုသည်မှာ အငြင်းပွားသည့် အမှုကိစ္စပေါ်တွင် မူတည်သည်။ ငွေပမာဏ ကြီးမားလျှင် ကြီးသလောက် ရုံးစရိတ်တတ်သွားမည်ဖြစ်သည်။ ထိုကိစ္စများ ဆောင်ရွက်ရန်အတွက် WIPO တွင် အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းထားပါသည်။ ပထမအဖွဲ့မှာ ဖျန်ဖြေရေးကောင်စီ(Arbitration Council))ဖြစ်ပြီး စီမံကိန်းနှင့် ပေါ်လစီရေးရာများကို အကြံပေးပါသည်။ အခြားအဖွဲ့မှာ ဖျန်ဖြေရေးအတိုင်ပင်ခံ ကော်မရှင်(Arbitration Consultative Commission)ဖြစ်သည်။ ထူးခြားသည့် ကိစ္စရပ်များတွင် အကြံပေးခြင်း၊ ထင်မြင်ချက်ပေးခြင်း ပြုလုပ်ကြသည်။ အဖွဲ့နှစ်ဖွဲ့စလုံးမှာ ဆိုင်ရာဘာသာရပ်နှင့်ပက်သက်ပြီး ကျွမ်းကျင်သူ ပညာရှင်များ ပါဝင်ကြသည်။ ကောင်စီတွင် ၆ နိုင်ငံက ပုဂ္ဂိုလ် ၆ ဦးပါဝင်ပါသည်။

မြန်မာနိုင်ငံနှင့် မူပိုင်ခွင့်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံသည် နိုင်ငံတကာမူပိုင်ခွင့် သဘောတူစာချုပ်များတွင် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိ​သေးပေ။ မြန်မာ့မူပိုင်ခွင့် ဥပဒေဆိုသည်မျာ လွန်ခဲ့သည့် နှစ်ပေါင်း ၉၉-နှစ်ကျော်ကတည်းက ရှိနှင့်နေပြီးဖြစ်ပါသည်။ ၁၉၁၄ ခုနှစ် မူပိုင်ခွင့်အရေး အက်ဥပဒေဖြစ်ပါသည်။ ၁၉၁၁ ခုနှစ် ဗြိတိန်နိုင်ငံ၌ ပြဌာန်းခဲ့သည့် မူပိုင် အခွင့်အရေး အက်ဥပဒေကို အခြေခံ ရေးဆွဲထားသည့် ဥပဒေဖြစ်ပါသည်။ ၎င်းဥပဒေပုဒ်မ ၁(၂) အရ မူပိုင်အခွင့်အရေးကို အဓိပ္ပါယ်ဖွင့်ဆိုထားသည်မှာ သုခုမ အနုပညာနှင့် စာပေဆိုင်ရာ ဖန်တီးထားသော လုပ်ငန်းတစ်ခုကို ထုတ်လုပ်မှု၊ အဆင့်ဆင့် ကူးယူမှု၊ ခင်းကျင်းကပြမှု၊ တဆင့် ဟောပြောမှုစသည့် အခွင့်အရေးဟူသမျှသည် အရင်းမူလ ဖန်တီးတီထွင်သူထံ၌သာ တည်ရှိစေရမည်ဟု ဆိုထားခဲ့သည်။ ၎င်းအခွင့်အရေးတို့ကို မူလတီထွင်ဖန်တီးသူသာလျှင် ပိုင်ဆိုင်ခွင့်ရှိသည်။ မြန်မာနိုင်ငံ မူပိုင်ခွင့် ဥပဒေအရ တီထင်ဖန်တီးမှုတစ်ခုကို တီထွင်ဖန်တီးသူ အသက်ထင်ရှားရှိနေစဉ်ကာလနှင့် ၎င်းကွယ်လွန်ပြီး နှစ်ပေါင်း ၅၀ အထိ တီထွင်ဖန်တီးသူ၏ အမွေဆက်ခံခွင့်ရှိသူတို့က ပိုင်ဆိုင်သည်ဟု သတ်မှတ်ထားခဲ့သည်။[၁][၂]

တီထွင်မု မူပိုင်ခွင့်[ပြင်​ဆင်​ရန်​]

စက်ကိရိယာမှစ၍ ဝတ္ထုပစ္စည်းအသစ်အဆန်း တစ်စုံတစ်ရာကို စတင်တီထွင်သူတို့သည်ပင်ပန်းခဲယဉ်းစွာ ကြံစည်စိတ်ကူးလုပ်ကိုင်ပြီးမှသာ အောင်မြင်မှုရရှိကြလေသည်။ သို့သော် ထိုပစ္စည်းကို လူအများ အသုံးပြုရန် ထုတ်ဝေ ရောင်းချသောအခါတစ်ဦးတစ်ယောက်သောသူက ထိုပစ္စည်း၏ ပြုလုပ်ပုံကို တွေ့မြင်ရသဖြင့် အတုယူကာ အလားတူပစ္စည်းကို အလွယ်တကူ လုပ်ယူရောင်းချလေ့ ရှိသည်။ သို့ဖြင့် ခဲယဉ်းစွာ တီထွင်ခဲ့ရသူ မူလပညာရှင်မှာ အကျိုးခံစားခွင့် ရှိသင့်သလောက် မရှိဘဲ ဖြစ်ရတတ်သည်။ ဤသို့သော မတရားအကျိုးခံစားမှုများ မဖြစ်စေခြင်းငှာ နိုင်ငံကြီးတိုင်းမှာပင် မူပိုင်ခွင့်မှတ်ပုံတင်ရုံးများ ဖွင့်၍ မှတ်ပုံတင်ထာင်းကြခြင်းဖြင့် ကာကွယ်ပေးထားလေသည်။

မူပိုင်ခွင့် မှတ်ပုံတင်ရန် လျှောက်ထားသူတို့သည် မိမိတီထွင်သည့် ပစ္စည်း၏ အကြောင်းအရာ၊ အတိုင်းအထွာ၊ အသုံးဝင်ပုံမှစ၍ ပြည့်စုံစွာရေးသားဖော်ပြ၍ လျှောက်ထား ကြရ၏။ ထိုအခါ မှတ်ပုံတင်အရာရှိများက အသစ် တီထွင်သောပစ္စည်း ဟုတ်မဟုတ် လျှောက်ထားချက်နှင့် ညီ မညီ တိုင်းသူပြည်သားတို့အတွက် အကျိုးရှိ မရှိ စသည်တို့ကို သေချာစေ့စွာ စစ်ဆေးကြရသည်။

ထိုပြင် လွန်ခဲ့သော အနှစ် ၅ဝ အတွင်းကစ၍ အလားတူပစ္စည်းမျိုးပေါ် ပေါက်ပြီး ရှိ မရှိမှသ၍ အသေအချာ စမ်းသပ်ရှာဖွေ ကြည့်ရှုစစ်ဆေး ကြရလေသည်။ အကယ်၍ ဥပဒေအချက်အလက်နှင့် မညီပါက မူပိုင်ခွင့် မှတ်ပုံတင်ရန် အခွင့်မပြုချေ။ ပုံစံအားဖြင့် အင်္ဂလန်နိုင်ငံ တစ်နိုင်ငံတည်း၌ပင် တစ်နှစ်လျှင် မူပိုင်ခွင့် မှတ်ပုံတင်ရန် လျှောက်လွှာပေါင်း ၃ဝယ ဝဝဝ ခန့်ရှိသည့်အနက် ထက်၀က်မျှသော လျှောက်လွှာတို့မှာ အထက်ပါစည်းကမ်းချက်များနှင့် မညီညွတ်သဖြင့် ပယ်ချခြင်းခံရလေသည်။ လျှောက်လွှာ၌ အရေးကြီးသော အချက်ကြီး ၂ ချက်ရှိရာ၊ ပထမအချက်မှာ ပင်ကိုယ်ဉာဏ်ဖြင့် တီထွင်ခြင်း ဟုတ်မဟုတ်ဖြစ်၍၊ ဒုတိယအ ချက်မှာ ရှိပြီးတီထွင်မှုများ အပေါ်တွင် အကယ်ပင် အသုံးဝင် အကျိုးရှိလောက်အောင် ထပ်လောင်းတီထွင်ခြင်း ရှိမရှိဟူသော အချက်ဖြစ်လေသည်။ ဥပဒေနှင့်ညီညွတ်ကြောင်း သိရှိကျေနပ်သောအခါ ကန့်သတ်ထားသော အခကြေးငွေ ပေးဆောင်စေပြီးလျှင် မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးလေသည်။ ဤမူပိုင်ခွင့် လက်မှတ်ကို ရရှိသူသည် တစ်ဦးတည်း လုပ်ကိုင်ရောင်းချခွင့်မူကို ၁၆ နှစ်ကျော်လွန် သောအခါတွင်မူကား အခြားသူများလည်း အလားတူလုပ်ကိုင်ရောင်းဝယ်ခွင့် ရရှိလေသည်။ သို့သော် တီထွင်သူ တစ်ဦးသည်ထို ၁၆ နှစ်အတွင်း အကျိုးခံစားခွင့် ရှိသင့်သလောက် အကျိုး မရှိကြောင်းဖြင့် လုံလောက်စွာ အကြောင်းပြ၍ လျှောက်ထားပါက နောက်ထပ်၇ နှစ် ဆက်လက်၍ မူပိုင်ခွင့်ကို ထုတ်ပေးနိုင်လေသည်။ မူပိုင်ခွင့်ရသူသည် မိမိ၏ အခွင့်အရေးကို အခြားသူ တစ်ဦးဦးသို့ တစ်ဆင့်ရောင်းချပိုင်ခွင့် ရှိလေသည်။ ဤသို့ အခွင့်ရသူက မူပိုင်ရှင်အား နှစ်ဦးနှစ်ဝ ကျေနပ်သော အဖိုးနှုန်းထား၊ အကောက်အစားကို ပေးရလေသည်။ [၃]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မူပိုင်ခွင့်(လူထုစိန်ဝင်း)
  2. www.en.wikipedia.com/wiki/Copyright
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)