မုရားကြီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

Template:About

မုရားကြီး
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးပေါင်း [[Eudicots]]
မျိုးစဉ် [[Lamiales]]
မျိုးရင်း [[Acanthaceae]]
မျိုးစု [[Justicia]]
မျိုးစိတ် '''''J. adhatoda'''''
ဒွိနာမ
''Justicia adhatoda''

Malabar Nut မုရားကြီး (ရွက်ပါး)[ပြင်​ဆင်​ရန်​]

  • Botany Term : Adhatoda Vasica Nees
  • Species/Family : Acanthaceae
မုရားကြီး (ရွက်ပါး)

ပုံသဏ္ဌာန် : အမြဲစိမ်း ချုံပင်ပျော့မျိုးဖြစ်သည်။ အရွက်သည် ဘဲဥပုံ၊ လှံစွပ်ပုံ ရှိသည်။ အပေါ်မျက်နှာပြင်သည် အစိမ်းရင့်ရောင်ဖြစ်၍ အောက်ဖက် မျက်နှာပြင်သည် အစိမ်းရောင်ဖျော့သည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်း သွယ်သည်။ ကြားထွက်ပန်းခိုင်မျိုး ဖြစ်သည်။ အဖြူရောင် အပွင့်များ ပွင့်၍ အခွံလယ်အက်ကွဲသီး ဖြစ်သည်။ အပင် ချုံပင် မျိုးဖြစ် သည် ။ အမြင့် ၄ ပေ မှ ၈ ပေထိ မြင့်သည်။ ညိုခြောက် ခြောက် အရောင်ရှိ သော အကိုင်း အခက် များစွာ ဖြာပြီး အမွေးနု ကလေးများ ရှိသည်။ အရွက် နှစ်ရွက်စီ ရွက်ဆိုင် အလှည့်ကျ ထွက်၏ ။ အကိုင်း ၏ အဖျားပိုင်း တွင် စုထွက်သည်။ ရွက်ထိပ် ချွန်သည်။ အလျား ၄ လက်မ မှ ၈ လက် မ ထိရှည်၏ ။ ရွက်ကြော ထင်ရှား ၏ ။ အပေါ် မျက်နှာပြင် ချော မွတ်ပြီး အောက်မျက်နှာပြင် တွင် အမွေးနု ကလေးများ ရှိ၏ ။ ရွက်နား ချော၍ လှိုင်းအနည်းငယ် ရှိသည်။ အပွင့် အဖြူ အနီ ၂ မျိုး ရှိ၏ ။ သီတင်းကျွတ် ၊ တန်ဆောင် မုန်း တွင် ပွင့် ၏ ။ အသီး အသီးတွင် အစေ့ ၄ စေ့ ပါသည်။ အမွေးနုများ ဖုံးလွှမ်း နေသည်။ တပို့တွဲ လတွင် အသီးမှည့်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့် ၊ အရွက်၊ အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ရှမ်းပြည်နယ် နှင့် ပြင်ဦးလွင် တို့ တွင် အများဆုံး တွေ့ရသည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်းများ အလိုအရ မုရားကြီး ရွက်သည် ဖန် ခါး၏ ၊ အေး၏ ၊ လေကိုပွား စေ၏ ၊ အသံကို ကောင်းစေ၏ ၊ နာကို လည်းကောင်း ၊ သွေးကျ သွေးအန် သော အနာကို လည်းကောင်း ၊ ပန်းနာ ၊ ရှူနာ တို့ကို လည်းကောင်း ပယ်နိုင်၏ ။ မုရားကြီး ရွက်သည် တေဇော ဓာတ်နှင့် ယှဉ်သော ချောင်းဆိုး နာ ကို လည်းကောင်း အောက်သို့ သွေးသက်သော အနာကို လည်းကောင်း ၊ ခံတွင်း ညှီနံ့ မကောင်း ခြင်းကို လည်းကောင်း ၊ လက်ဝဲ ခြေ ရောင်ရမ်း သော အနာ ကို လည်းကောင်း ပယ်နိုင်၏ ။ အသုံးပြုပုံ- အပွင့် အရွက် ၁ ။ အပွင့် နှင့် တကွ အရွက်ကို ကြွေဇွန်း ကြီး တစ်ဇွန်း ခန့် အရည်ညှစ် ၍ သကြားခဲ သို့မဟုတ် ပျားရည် သင့် တော်ရုံ ထည့်သောက် ခြင်းဖြင့် သည်းခြေဖျား နှင့် သွေးအန် ၊ သွေးကျ ရောဂါ ပျောက်၏ ။ အရွက် ၂ ။ ကြစုသီး ကို မုရားကြီး ရွက်ညှစ်ရည် နှင့် စိမ်၍ တစ်ခွက် စာ ကြွေဇွန်း ကြီး ၃ ဇွန်း မျှ သောက်က သွေးအန် သွေးကျ ရောဂါ ပျောက်၏။ ၃ ။ မုရားကြီး ရွက် ကို သုံးခွက် တစ်ခွက် တင် ကျို၍ ဆေးတစ်ခွက် စာ ကြွေးဇွန်း ကြီး ၃ ဇွန်းမျှ သောက်က ဆီးအောင့် ရောဂါ ပျောက်၏ ။ ၄ ။ မုရာကြီး ရွက်ကို အရိပ်တွင် ခြောက်စေ၍ ပြာချ ပြီး ပြာကို ညက်အောင် ပြု၍ သိပ်ပေးက သွားနာ သွားကိုက် ၊ သွားဖုံး သွေးယိုခြင်း ၊ သွားနဲ့ခြင်း များ ပျောက်၏။ ၅ ။ မုရားကြီး ရွက်ကို မျက်စိ ရောဂါ ပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြု ၏ ။ ၆ ။ အရွက်ကို ကျို၍သောက်က ဝမ်းကိုက် ရောဂါ ပျောက်သည်။ ၇ ။ မုရားကြီး ရွက် လတ်တစ်ဆုပ် စာ ကို ရေသုံး ခွက် တစ်ခွက် တင် ပြုတ်၍ တစ်နေ့ ၃ ကြိမ် သောက်လျှင် သွေးဝမ်း ၊ သွေးဒူလာ ၊ မီးယပ် သွေးလွန် ရောဂါများ ပျောက်၏။ ၈ ။ မုရားကြီး ရွက်နုကို ကြိတ်၍ ရသော အရည်အား ဝိုင်အရက် နှင့်သော်လည်းကောင်း ၊ ပျားရည် နှင့် သော်လည်းကောင်း သောက်သော် ကြက်ညှာ ချောင်းဆိုး ရောဂါ ပျောက်၏။ အမြစ် ၁ ။ မုရားကြီး အမြစ် သို့မဟုတ် အရွက် ကြိတ်၍ ရသော အရည်တွင် သကြားခဲ နှင့် သိန္ဓော သင့်ရုံ ထည့်၍ တစ်ခွက်စာ ကြွေဇွန်းကြီး တစ်ဇွန်း သောက်က ပန်းနာ ရင်ကျပ် နှင့် ချောင်းဆိုး ရောဂါ ပျောက်၏။ ၂ ။ မုရားကြီး အနက် အမြစ်ကို ရေအေး နှင့်သွေး၍ ကင်းကိုက်သော နေရာသို့ လိမ်းပေးက ကင်းဆိပ်ပြေ ၏။ ၃ ။ မုရားကြီး မြစ်ကို ပိုးမွှားသတ်ဆေး အဖြစ်လည်း ဖော်စပ် အသုံးပြု နိုင်၏။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://arogyamonline.com/commodity/materials/?raw=96