မီးကွင်းဂမုန်း

ဝီကီပီးဒီးယား မှ

Rhoeo discolor Hance (မီးကွင်းဂမုန်း)[ပြင်ဆင်ရန်]

  • Botany Term : Rhoeo discolor Hance
  • Species/Family : Commelinaceae
မီးကွင်းဂမုန်း

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

နှစ်ရှည်ခံ အရည်ရွှမ်းသော ပင်ပျော့မျိုး ဖြစ်သည်။ ပင်စည်ကို အရွက် များက ဖုံးအုပ်နေသည်။ အရွက်များ တစ်ရွက် နှင့်တစ်ရွက် ထပ် လျက်ထွက်သည်။ ရှည်မျော၍ ထိပ်ချွန်သည်။ ရွက်နား ညီသည်။ အပေါ် မျက်နှာပြင်သည် အစိမ်းရောင် ရှိပြီး အောက်မျက်နှာ ပြင်၌ မရမ်းရောင် ရှိသည်။ အရွက် မျက်နှာပြင်များမှာ ပြောင်ချော၍ အသား ထူသည်။ ပန်းခိုင်သည် အဆုံးရှိ ကြားထွက် ပန်းခိုင်ဖြစ်ပြီး အဖြူရောင် အပွင့် ကလေးများ ပွင့်သည်။

အပင်[ပြင်ဆင်ရန်]

ပင်ပျော့ ပင်ငယ် တစ် မျိုး ဖြစ်သည်။ အမြင့် ၂ ပေ ထိ ရှိတတ်၏ ။ အရွက်များ တစ်ရွက် နှင့် တစ်ရွက် ထပ်လျက် ဝေဆာစွာ ထွက်ပြီး အရွက်များ ရင့်၍ ကျသွားသော အခါ ပင်စည် ပေါ် လာသည်။ အုံလိုက်ရုံလိုက်ရှိသည်။ ယင်းကို စိုက်ပျိုးထားလျှင် မီးကွင်းသည်ဟုဆိုသည်။

အရွက်[ပြင်ဆင်ရန်]

အရွက် ရှည်မျောမျော ပုံသဏ္ဌာန် ရှိ၍ နာနတ် ရွက်ကဲ့သို့ ရွက်ထိပ်ဘက်သို့ ကျဉ်းမြောင်းချွန်ထက် သွားသည်။ အရွက်အပေါ် မျက်နှာပြင် အစိမ်းရင့်ရောင်ရှိ၍ အောက် မျက်နှာပြင် မရမ်းစေ့ ရောင် ရှိသည်။ ရွက်နား ညီပြီး ကြက်သွေး ရောင်ရှိသည်။ အရွက် ပြောင်ချော ၍ အသားထူ သည်။ အရည်ရွှမ်း သည်။ ရွက်ပြား ပြန့် ပြူး ခြင်း မရှိ ။ မြောင်း ကဲ့သို့ ခွက်နေ၏ ။

အပွင့်[ပြင်ဆင်ရန်]

သေးငယ် ၍ တစ်ပွင့် ချင်း ပွင့် ၏ ။ အဖြူ ရောင် ရှိသည်။ ပုခက် ကဲ့သို့ ပွင့်ဖတ် ဖြင့် ဖုံးနေ၏ ။ နယုန် ၊ဝါဆိုလ များ တွင် ပွင့်၏ ။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ[ပြင်ဆင်ရန်]

အရိုး ၊ အရွက်။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ[ပြင်ဆင်ရန်]

မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ[ပြင်ဆင်ရန်]

သဘာ၀ အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

အရိုး အရွက်

  1. အရိုး အရွက် တို့ကို ထုထောင်း ၍ သုံးခွက် တစ်ခွက် တင် ကျို ချက်ပြီး ရရှိသော အရည်ကို ဒိုပါလာ သကြား အနည်းငယ် ခတ်သောက်သော် သွေးအန် ရောဂါ ပျောက်၏ ။ တစ်ကြိမ်လျှင် ကြွေဇွန်း တစ်ဇွန်း ခန့် တစ်နေ့ သုံးကြိမ် သောက်ရ၏။
  2. နားပြည်ယို ရောဂါ များအတွက် အရွက်ကို မီးကင် ပြီး နားတွင်း သို့ အရည်ညှစ် ထည့်ပေး ခြင်းဖြင့် ပျောက်ကင်း၏။
  3. အရွက်ကို သင့်ရုံ သုပ်စား ခြင်း ၊ တို့စား ခြင်း တို့ဖြင့် ဝမ်းကိုက်ရောဂါ ပျောက်၏ ။
  4. သွေး ဝမ်း ဆင်းလျှင် အရွက်ရည် ကိုညှစ် ၍ ကြွေဇွန်း တစ်ဇွန်း ခန့် သောက်ပေး ခြင်းဖြင့် ပျောက်ကင်း ၏ ။
  5. မီးလောင် အပူလောင် ခြင်း ဖြစ်သော် မီးကွင်း ဂမုန်း အရွက်နုကို သကြား အနည်းငယ် ရောပြီး ထုထောင်း ကြိတ် ခြေ၍ လိမ်းပေး ရ၏ ။
  6. မီးကွင်း ဂမုန်းကို ထောင်း၍ ရသော အရည်နှင့် သကြား အနည်းငယ် ရောပြီး ဇွန်းသေး တစ်ဇွန်းခန့် တစ်နေ့ သုံးကြိမ် သောက်သော် သလိပ်ကပ် ချောင်းဆိုး ရောဂါ ပျောက်၏ ။ [၁]

နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာထောင်း၍ ၎င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေသည်။

ဆီးရောဂါအမျိုးမျိုးနှင့် ဆီးကျောက်ရောဂါများအတွက် မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမျ်ိုးမျိုးကို သက်သာပျောက်ကင်းစေသည်။ မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေသည်။ မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ဝမ်းကိုက်၊ ဝမ်းဖော၊ ဝမ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်သည်။

ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၎င်းဆေးရည်ကို သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေသည်။ သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်သည်။ တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်သည်။

အစွမ်းသတ္တိ[ပြင်ဆင်ရန်]

ဤဂမုန်းစိုက်ထားသည့် အိမ်တအိမ်မှာ သုံးကြိမ်လုံး မီးကွင်းခဲ့သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. http://arogyamonline.com/commodity/materials/?raw=124[လင့်ခ်သေ]
  2. ဒေါ်ခင်စောမူ (ဇူလိုင်လ၊ ၂၀၀၂)။ ထူးခြားသည့်မီးကွင်းဂမုန်း၁၉၂။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်း။ p. ၂၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)