မိုးဝေ

ဝီကီပီးဒီးယား မှ

မိုးဝေ (၁၉၂၇-၁၉၆၇) သည် မြန်မာလူမျိုး စာရေးဆရာ ဖြစ်သည်။

မိုးဝေ
မိုးဝေ
မွေးသက္ကရာဇ် ၁၉၂ရခု၊ ဇူလိုင်လ(၁၈) ရက်နေ့
အမည်ရင်း ခင်မောင်ကြီး၊ ငယ်မည်-ကံကြီးမောင်
နို်င်ငံ မြန်မာ
မိဘအမည် ဦးအုန်းမောင် + ဒေါ်မကြီး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကလောင် အမည်ခွဲများ ခင်မောင်ကြီး

ပါမောက္ခ ဦးသွင်

အလုပ်အကိုင် စာရေးဆရာ၊
မွေးဖွားရာဒေသ ကျုံမငေးမြို့နယ်၊ ကံဘဲ့ကျေးရွာ
ထင်ရှားကျော်ကြားမှု

ငယ်ဘဝ[ပြင်ဆင်ရန်]

ကျုံမငေးမြို့နယ်၊ ကံဘဲ့ကျေးရွာ၌ မြို့အုပ် ဦးအုန်းမောင်၊ ဝမ်းဆွဲဆရာမ ဒေါ်မကြီးတို့က ၁၉၂ရခု၊ ဇူလိုင်လ(၁၈) ရက်နေ့တွင် မွေးဖွားခဲ့သည်။ သား(၂)ယောက်တွင် အကြီးဖြစ်ပြီး ငယ်နာမည် ကံကြီးမောင်၊ အမည်ရင်း ဦးခင်မောင်ကြီးဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်မဖြစ်မီက ရန်ကုန်ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းတွင် (၈)တန်း အထိ ပညာသင်ယူခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီး ရန်ကုန်တက္ကသိုလ်ဆက်တက်၍ ဥပစာတန်းထိနေခဲ့သည်။

စာပေလောက[ပြင်ဆင်ရန်]

၁၉၄၆ - အသက်(၁၉)နှစ်အရွယ်တွင် စာပေနယ်သို့ဝင်ခဲ့သည်။ "တင်မောင်ဆွေ"ဇာတ်ကောင်ကို ပထမဦးဆုံး မွေးဖွားသည်။ ဝတ္ထုတိုမှာ သွေးသောက်မဂ္ဂဇင်းပါ "မျက်ရည်တစ်စက်" ဝတ္ထုတိုဖြစ်သည်။ မိုးဝေအမည်ဖြင့် ပထမဆုံးလုံးချင်းဝတ္ထုမှာ "သိန်းလေးဆယ်" ဖြစ်သည်။ မိုးဝေ၊ ခင်မောင်ကြီး၊ ဗိုလ်သိန်းတန်၊ သက်မော်၊ နီလေးမောင်၊ ပါမောက္ခဦးသွင် ကလောင်အမည်များဖြင့်ဝတ္ထု၊ ဘာသာပြန်ပညာပေးကျမ်းစာအုပ်များ၊အားလုံးအမျိုးပေါင်း(၃၀၀)ကျော် ပြုစုခဲ့သည်။ မဂ္ဂဇင်းများတွင် ပုဒ်ရေ (၆၀၀) ကျော် ရေးသားခဲ့သည်။

၁၉၅၁ ခုနှစ် မတ်လမှ စတင်ထုတ်ဝေသော "စုံထောက်မဂ္ဂဇင်း"တွင် စာတည်းချုပ်အဖြစ်တာဝန်ယူခဲ့သည်မှာ ကွယ်လွန်သည်ထိဖြစ်သည်။ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ စာပေလှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သည်။

မိုးဝေသည် "ခင်မောင်ကြီး" အမည်ဖြင့်လည်း ခေတ်ပြင်အဘိဓာန်နှင့် ဂျူဒိုလက်ဝှေ့စာအုပ်များရေးသားခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၆၇ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက်(၄၀)သာ ရှိသေးသည်။ ဇနီး ဒေါ်ညွန့်နှင့် သမီး(၁)ယောက် ကျန်ရစ်သည်။

ထင်ရှားသောစာအုပ်အချို့[ပြင်ဆင်ရန်]

  • ခေါမဂန္ထဝင်
  • ကပ္ပတိန်ဘလဒ်
  • ခေတ်ပြင်အဘိဓာန်
  • သစ်ဦးသဇင်

ကိုယ်တိုင်ရေး ဝတ္ထု[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
တင်မောင်ဆွေနှင့် ပျောက်ဆုံးနေသောသား
တင်မောင်ဆွေနှင့် ပဒေသရာဇ်ရန်စွယ်
တင်မောင်ဆွေနှင့် ရူပါရုံရှင် လူသတ်မှု
တင်မောင်ဆွေနှင့် အမှောင်ငွေ့
တင်မောင်ဆွေနှင့် နဂါးလက်သည်း
တင်မောင်ဆွေနှင့် ကြာမူရှင်
တင်မောင်ဆွေနှင့် ကေသီမြိုင်
တင်မောင်ဆွေနှင့် လူသတ်ဆရာဝန်
မုန်းရော့လား မောင်ရယ်
ကောလစ်နှင့် မြန်မာပြည် ခင်မောင်ကြီး ကလောင်ဖြင့်
လက္ခဏာကျမ်း ပါမောက္ခ ဦးသွင် ကလောင်ဖြင့်
နော်ထားမူ ၁၉၅၂
လဲ့လဲ့ရောင်နီ ၁၉၅၂
မောင့်သစ္စာရှင် ၁၉၅၂
နိုင်သူ့မျက်ရည် ၁၉၅၅
ဥပဒေမဲ့လူ ၁၉၅၅
သွေးနှင့် သူဇာ ၁၉၅၇
ကိုယ်တွေ့ တင်မောင်ဆွေ ၁၉၅၉
တင်မောင်ဆွေနှင့် သုံးပွင့်ဆိုင် ၁၉၅၉
တင်မောင်ဆွေနှင့် မန်ချူးရတနာ ၁၉၅၉
တင်မောင်ဆွေနှင့် စုံထောက်မှုခင်း ၁၉၅၉
ပြေးမလွတ် ၁၉၅၉
လောကဓာတ်သိပ္ပံဝတ္ထုများ ၁၉၅၉
ချစ်ရင် နှစ် ၁၉၆၀
ငရဲမီးဂိုဏ်း ၁၉၆၀
စိန်ဘုရင် ၁၉၆၀
သိန်းထိုက်နီလာ ၁၉၆၀
ရန်မျိုးအောင် ၁၉၆၀
စုံထောက်ရန်ကင်း ၁၉၆၀
ယုန်ထင်ကြောင်ထင် ၁၉၆၀
ကူလှည့်ပါ တင်မောင်ဆွေ ၁၉၆၁
စပယ်သင်းတော့ ၁၉၆၁
ဉာဏ်နီဉာဏ်နက် ၁၉၆၁
တင်မောင်ဆွေနှင့် ကေသုံးလုံးဂိုဏ်း ၁၉၆၁
တင်မောင်ဆွေနှင့် စက်ဝိုင်းနီဂိုဏ်း ၁၉၆၁
ပျောက်ဆုံးသွားသော သူဌေးသမီး ၁၉၆၁
အမေ့အန္တရာယ် ၁၉၆၁
လူသတ်ဆရာဝန် ၁၉၆၁
ကျည်ဆန်လက်ဆောင် ၁၉၆၁
နှင်းအပ်ပါသည် ၁၉၆၁
မင်္ဂလာဦးလူသတ်မှု ၁၉၆၁
မောင့်မေတ္တာရိပ် ၁၉၆၁
မြတ်နိုးပါမောင် ၁၉၆၁
သန့်သန့် မမုန်းစေချင် ၁၉၆၁
မီးပွား ၁၉၆၂
မေတ္တာခိုင်ခိုင် ၁၉၆၂
ရက်ရက်စက်စက် ၁၉၆၂
လူထောင်ချောက် ၁၉၆၂
တင်မောင်ဆွေနှင့် အရိုင်းကညာ ၁၉၆၂
တင်မောင်ဆွေနှင့် ညဒေဝီ ၁၉၆၂
ကျိန်စာသင့် ကညာဖြူ ၁၉၆၂
ကျားရန်စွယ် ၁၉၆၂
တင်မောင်ဆွေနှင့် ကေသီမြိုင် ၁၉၆၂
စိတ်ဓာတ်တိုက်ပွဲ ၁၉၆၂
ခင်ခင် ၁၉၆၂
ခေါင်းမြီးခြုံအန္တရာယ် ၁၉၆၃
ချစ်ဦးသူသို့ ပေးစာများ ၁၉၆၃
စကြာနီဂိုဏ်း ၁၉၆၃
တင်မောင်ဆွေနှင့် ဖြောင့်သောအကောက် ၁၉၆၃
ရတနာအမွေ ၁၉၆၃
ဆောင်ကြာမြိုင် လူသတ်မှု ၁၉၆၃
တစ်ကိုယ်တော် ၁၉၆၃
သေမင်းနှင်းဆီ ၁၉၆၃
မြလင်းယုန် ၁၉၆၃
ကျွန်တော်နှင့် တင်မောင်ဆွေ ၁၉၆၄
ကြေးစားလူသတ်သမား ၁၉၆၄
ကြာမူရှင် ၁၉၆၄
စိန်တစ်လုံးခင်မကြီး ၁၉၆၄
ဓနရှင်စက်ကွင်း ၁၉၆၄
ယူတူးပြဿနာ ၁၉၆၄
လှကညာသတ်မှု ၁၉၆၄
လူသတ်ကျည်ဆန် ၁၉၆၄
သန်းခေါင်ယံ ၁၉၆၄
စုံထောက်မောင်တင်နှင့် ဆယ်သိန်းအမွေ ၁၉၆၅
စုံထောက်ရန်ကင်းနှင့် ဝံပုလွေဂိုဏ်း ၁၉၆၅
ညမင်းသား ၁၉၆၅
တင်မောင်ဆွေနှင့် ခေါင်းပုံဖြတ်ဂိုဏ်း ၁၉၆၅
ငွေပိုက်ကွန် ၁၉၆၅
ပဒေသရာဇ်ရန်စွယ် ၁၉၆၅
မေ့ကတ္တီပါ ၁၉၆၅
ရွှေတံတိုင်း ၁၉၆၅
မြေအောက်ဘုရင် ၁၉၆၅
ယမ်းငွေ့ ၁၉၆၅
ဝေးဝေးပြေးပါသော်လည်း ၁၉၆၅
သည်တံခါး ၁၉၆၅
အပြာမယ့်လမ်းကြောင်း ၁၉၆၅
ဥပဒေအတွင်းမှ ရုန်းထွက်မရသော မရီသွင် ၁၉၆၅
ရွှေနဲ့မြ ၁၉၆၆
မြေအောက်သဘင် ၁၉၆၆
ရတနာအမွှာနှင့် လင်နှစ်လင် ၁၉၆၆
ယမ်းဘီးလူးနှင့် အသံရှင် ၁၉၆၆
မျက်နှာဖုံးနှင့်လူ ၁၉၆၆
ရှုထောင့် ဝတ္ထုတိုများ ၁၉၆၆
ဇော်ဗလနှင့် စုံထောက်မောင်တင် ၁၉၆၇
တင်မောင်ဆွေနှင့် ကပြားကလေးညိုပြာညက် ၁၉၆၇
တင်မောင်ဆွေနှင့် ယမင်းကုဋေ ၁၉၆၇
တင်မောင်ဆွေနှင့် စွန့်စားခန်းများ ၁၉၆၇
ပစ်ကွင်း တင်မောင်ဆွေ ၁၉၆၇
ကျားရာဇာ ၁၉၆၈
တင်မောင်ဆွေနှင့် ငွေအမှောင် ၁၉၆၈
တင်မောင်ဆွေနှင့် စိန်တစ်လုံး ၁၉၆၈
တင်မောင်ဆွေနှင့် သူပုန်ပါမောက္ခ ၁၉၆၈
တင်မောင်ဆွေ ဝတ္ထုတိုပေါင်းချုပ် (၁) ၁၉၆၉
တင်မောင်ဆွေ ဝတ္ထုတိုပေါင်းချုပ် (၂) ၁၉၆၉
တင်မောင်ဆွေနှင့် အန္တရာယ်တာဝန် ၁၉၆၉
တင်မောင်ဆွေနှင့် မမမင်းသမီး ၁၉၇၀
တင်မောင်ဆွေ ဝတ္ထုတိုပေါင်းချုပ် (၃) ၁၉၇၀
ဩဇာရှင်ကြီး ၁၉၇၀
မှန်ကြီးရန်စွယ်နှင့် ဆယ်သိန်းအမွေ ၁၉၇၁
မိုက်မိုက်ကန်းကန်း တင်မောင်ဆွေ ၁၉၇၁
တင်မောင်ဆွေနှင့် ဘာဘာညာညာ ၁၉၇၂
တင်မောင်ဆွေနှင့် ထို (၁၁) ယောက် ၁၉၇၃

ဘာသာပြန် ဝတ္ထု[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် မူရင်း ခေါင်းစဉ် မူရင်းရေးသူ ထုတ်ဝေသူ မှတ်ချက်
အပယ်ခံသား ၁၉၆၆
တစ်ဖက်စွန်းကမ္ဘာ ၁၉၅၉
သူလျှိုမယ် ၁၉၆၆
အိုလီဗာတွစ် ၁၉၅၂ Oliver Twist ချားလ် ဒစ်ကင်
ကိုယ့်မြေကိုယ့်ယာ ၁၉၆၀
တိုးတိုးပုံပြင် ၁၉၆၈
ပါတီဝင် ၁၉၆၀
သားရေမျက်နှာ ၁၉၇၂
ဂါလီဗာ၏ ခရီးစဉ်များ ၁၉၆၂ Gulliver's Travels Jonathan Swift
စိမ်းလဲ့မြေလွှာ
ပင်လယ်ဝံပုလွေ Sea Wolf
အစွယ်ဖြူ White Fang
ဒီကင်မရွန်း The Decameron Giovanni Boccaccio ခင်မောင်ကြီး ကလောင်ဖြင့်

ကိုးကား[ပြင်ဆင်ရန်]