မိုးဇက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Moses pleading to Children of Israel, lithography from a Bible card published in 1907.

မိုးဇက်[ပြင်​ဆင်​ရန်​]

မိုးဇက်သည် ဟီဗြူ (ဟေဗြဲ) လူမျိုးဖြစ်၍ လောကီ လောကုတ္တရာနှင့် စပ်လျဉ်းသော တရားဓမ္မတို့ကို ပြတောင်သူ၊ ထိုပြင် ဟီဗြူလူမျိုးတို့၏ လွတ်မြောက်ရေးကို ခေါင်းဆောင် လျက် တိုင်းနိုင်ငံတစ်ခု တည်ထောင်နိုင်စေရန် စည်းလုံးပေးသူ ဖြစ်၏။ သမာကျမ်းတွင် မိုးဇက်ကို မောရှေ ဟုခေါ်သည်။ မည်သည့်အချိန်က မိုးဇက်မွေးဖွားပေါ်ပေါက်ခဲ့သည်ကို အတိ အကျမသိရသော်လည်း ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁,၂ဝဝ နှင့် ၁,၄ဝဝ ကြားခန့်ကဟု ယူဆရလေသည်။ မိုးဇက်သည် အီဂျစ် (အဲဂုတ္တု) ပြည်တွင်မွေးဖွားသည်။ ထိုစဉ်အခါက အီဂျစ်ပြည်ကိုအစိုးရသော ဖဲရိုး(ဖာရော) ဘုရင် သည် လွန်စွာရက်စက်ကြမ်းကြုတ်၏။ မိမိပြည်တွင် လာရောက် နေထိုင်ကြသော ဟီဗြူလူမျိုးတို့ကို ကျွန်များကဲ့သို့ထားရှိရုံမက ဟီဗြူလူမျိုးဦးရေ တိုးပွားလာမည်ကို စိုးရိမ်သဖြင့် ပြည်တွင်းရှိ ဟီဗြူလူမျိုးတို့တွင် မွေးဖွားသည့် သားယောကျာ်းဟူသမျှကို သတ်ပစ်ရမည်ဟု အမိန့်ထုတ်ပြန်ထား၏။ ထိုကြောင့် မိုးဇက် ကို မွေးဖွားသောအခါ သူ၏မိခင်သည် သားငယ်ကို သတ်မပစ် ရက်သဖြင့် လ အနည်းငယ်မျှ ဝှက်ထားပြီးနောက် လုံခြုံသော ခြင်းကလေးတစ်ခုတွင်ထည့်ကာ ကမ်းစပ်အနီး ကျူပင်များ အကြားတွင် ပစ်ထား၏။ သေကံမရောက် သက်မပျောက်ဟူသော စကားနှင့်အညီ ဖဲရိုးဘုရင်၏ သမီးတော်သည် ကမ်းစပ်သို့ရေချိုးဆင်းလာစဉ် မိုးဇက်သတို့သားငယ်ကို တွေ့ရှိ၍ ယူဆောင်သွားပြီးလျှင် မိမိ၏ သားအရင်းသဖွယ် မွေးမြူခဲ့၏။ မိုးဇက်သည် ဖဲရိုးဘုရင်၏ နန်းတော်ထဲတွင်ကြီးပြင်းလာ၏။ မိုးဇက်သည် နောင်သောအခါ တွင် မိမိတို့လူမျိုး လွတ်မြောက်ရေးကို ကြံဆောင်ရမည့်သူ ဖြစ်သောကြောင့် ယင်းအမှုကို ရွက်ဆောင်နိုင်အောင် ဘုရား သခင်က စောင့်ရှောက်လျက် ရှိကြောင်း အဆိုရှိသည်။ မိုးဇက်သည် ပင်ကိုယ်အားဖြင့် နူးညံ့သိမ်မွေ့သူဖြစ်၏။ ထိုစဉ်အခါက အီဂျစ်လူမျိုးတို့သည် ဟီဗြူလူမျိုးတို့ကို ကျွန် သားပေါက်သဖွယ် သဘောထားလျက် ည|ဉ်းပန်းနှိပ်စက်၏။ မိုးဇက်သည် အရွယ်ရောက်ပြီးသည်နောက် တစ်နေ့သ၌ ဟီဗြူ လူမျိုးတစ်ဦးကို အီဂျစ်လူမျိုးတစ်ဦးက ရိုက်ပုတ်ည|ဉ်းဆဲနေ သည်ကို မြင်လတ်သော် ထိုအီဂျစ်လူမျိုးကို သတ်ဖြတ်ပြီးလျှင် အာရေဗျပြည်သို့ ထွက်ပြေးတိမ်းရှောင် သွားရ၏။ အာရေဗျ သို့ ရောက်သောအခါ မိဒျန်တွင် သိုးများ ဆိတ်များကို စောင့် ထိန်းရင်း နေထိုင်လေသည်။ တစ်နေ့သောအခါတွင် မိုးဇက်သည် ချုံဖုတ်တစ်ခု မီးလောင်နေသည်ကို မြင်၏။ မီးလောင်သည်ဆိုသော်လည်း ချုံဖုတ်သည် မီးကျွမ်း၍ မသွားပေ။ ထိုကြောင့် မိုးဇက်သည် အနီးသို့သွားရောက်သောအခါ အလွန်ထူးဆန်းသော အသံတစ်ခု ပေါ်လာ၏။ ယင်းမှာ မိုးဇက်အား အီဂျစ်ပြည်သို့ ပြန်လည်သွား ရောက်ကာ မိမိ၏လူမျိုးကို ကျွန်တွင်းမှ လွတ်ကင်းအောင် ခေါင်းဆောင်ရန် အမိန့်ဖြစ်၏။ ထို့ကြောင့် မိုးဇက်သည် အီဂျစ်ပြည်သို့ ပြန်လည်သွားရောက်ကာ ဖဲရိုးဘုရင်ကို ဟီဗြူ လူမျိုးတို့အား အီဂျစ်ပြည်မှ ထွက်ခွာခွင့်ပြုရန် အကြိမ်ကြိမ် အဖန်ဖန် တောင်းပန်သော်လည်း မရဘဲရှိ၏။ ထိုကြောင့် အီဂျစ်လူမျိုးတို့ ဒဏ် ၁ဝ ပါးသင့်သည် ဆို၏။ နောက်ဆုံး၌ အီဂျစ်လူမျိုးတို့၏ သားဦးများ အသတ်ခံကြရသဖြင့် ဖဲရိုးဘုရင် သည် ဟီဗြူတို့အား အီဂျစ်ပြည်မှ ထွက်ခွာခွင့်ပြုလေသည်။ သို့ရာတွင် ဟီဗြူတို့ ထွက်ခွာလာကြသောအခါ ဖဲရိုးသည် မိမိ စစ်တပ်ဖြင့် ဟီဗြူတို့နောက်သို့ လိုက်ပြန်၏။ ပင်လယ်နီ ကမ်းခြေသို့ရောက်လျှင် ပင်လယ်နီ၏ရေပြင်သည် ဖြာထွက် သွားကာ ဟီဗြူများအတွက် လမ်းခင်းပေးလျက် အီဂျစ်တို့က ဟီဗြူတို့နောက် လိုက်သည်တွင် ရေသည် အီဂျစ်တို့အပေါ် လွှမ်းသဖြင့် အီဂျစ်လူမျိုးတို့ သေကြေကြရ၏။ မိုးဇက်သည် ဟီဗြူလူမျိုးတို့ကို ကေနန်(ခါနန်) သို့ ခေါ်ဆောင်သွားရန် ယေဟောဝါဘုရား၏ ညွှန်ကြားခံရသည့် အလျောက်ဟီဗြူတို့ကို စည်းရုံး၍ခေါ်ဆောင်သွား၏။ ပင်လယ်နီ ၏ ဟိုမှာဘက် သဲကန္တာရလွင်ပြင်ကြီးတွင် စုရုံးနေထိုင်ကြ၏။ တစ်နေ့သော် မိုးဇက်သည် ဆိုင်းနိုင်းတောင် (သိနတောင်)သို့ ရောက်သောအခါ လျှပ်စစ် လျှပ်နွယ်တို့သည် တောင်တစ်ခုလုံး ကို ပတ်သန်း၍ ပြိုးပြိုးပြက်ပြက် လက်နေလျက် ကမ္ဘာကို တုန်လှုပ်စေလောက်အောင် မိုသံလည်း ထစ်ချုန်းလေ၏။ မြေ ငလျင်လည်း အသံကြီးမြည်ဟည်း၍လှုပ်၏။ ဤသည်တို့ကြား မှ ဘုရားသခင်သည် ကိုယ်တော်ရောင်ထင်၍ ပြပြီးသကာလ မိုးဇက်အား တောင်ထိပ်သို့လာရန် မိန့်တော်မူလေ၏။ မိုးဇက် လည်း မိန့်တော်မူသည့်အတိုင်း သွားရောက်သည်တွင် ဘုရား သခင်က မိုးဇက်အား ကျောက်ပြားကြီးများကို ပေးတော်မူ၏။ ယင်းကျောက်ပြားများပေါ်၌အက္ခရာတင်ထားသော ပညတ်တော် ၁ဝ ပါး ပါရှိ၏။ ယင်းပညတ်တော် ၁ဝ ပါးတို့သည် ဟီဗြူလူမျိုးတို့၏ လောကီလောကုတ္တရာကျင့်ထုံးများ၏ အခြေခံ တရားများဖြစ်၏။ ထိုပြင်တဝလည်း ကိုယ်ကျင့်တရား ကောင်း မွန်ရေး အခြေခံသဘောတရားများဖြစ်ကာ ဟီဗြူလူမျိုးတို့အပေါ် သာ မဟုတ်ဘဲ၊ ကမ္ဘာပေါ်ရှိ တစ်ပါးသော မျိုးခြားတို့ကို လည်း မကောင်းမြစ်ထာ ကောင်းရာညွှန်လတ်သည့် လောက နီတိလမ်းညွှန်သဖွယ်လည်းဖြစ်၍ များစွာသော ကမ္ဘာသူ ကမ္ဘာ သားတို့ကို ပြုပြင်ပြောင်းလဲစေရာ၌ အရေးပါခဲ့ပေသည်။ မိုးဇက်သည် ဟီဗြူလူမျိုးတို့ကို နှစ်ပေါင်း ၄ဝပတ်လုံး လွင်ပြင်တစ်လျှောက်တွင် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ ပြောင်း၍ နေထိုင်စေသည်။ သို့သော် ဘုရားသခင်က ပေးမည် ဟု ကတိပြုထားသောဒေသတွင် သူ၏ငယ်သားတပည့်များ ကောင်းစွာအခြေတည် နေထိုင်သည်ကို မိုးဇက်တွေ့မသွားရှာပေ။ အသက် ၁၂ဝ အရွယ်တွင် နီဗိုခေါ် တောင်ထိပ်ပေါ်မှ ကတိရ ထားသည့် နယ်မြေဖြစ်သော ကေနန်တည်ရာကို ကြည့်ရင်းပင် သေဆုံးသွားလေသည်။ သူ၏ ခေါင်းဆောင်မှုကို လက်ခံ၍ သူ၏ ဩဝါဒများကို လိုက်နာခဲ့သောငယ်သားတို့သည် မိုးဇက် ကွယ်လွန်ပြီးသည့် နောက်ပိုင်းတွင်မှ တိုင်းနိုင်ငံတစ်ခုအဖြစ် ရောက်အောင် တည်ထောင်နိုင်ခဲ့၍ တရားဓမ္မအလင်းရောင်ကို ကမ္ဘာသို့ ထုတ်ဆောင် ပေးနိုင်ခဲ့ပေသည်။ မိုးဇက်သည် လက်ရုံးရည် နှလုံးရည်နှင့် နှစ်လီနှစ်ဝ ပြည့်စုံသဖြင့် သူ့အား စံပြုအပ်သောတမန်တော်အဖြစ် နောင် လာ နောက်သားတို့ ကိုးကွယ်ကြည်ညိုကြပေသည်။ မိုးဇက်နှင့် စပ်လျဉ်း၍ အံ့ဖွယ်သူရဲ အခြင်းအရာတို့သည် သမ္မာကျမ်းတွင် ဖော်ပြပါရှိလေသည်။[၁]lol

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)