မိုးချုန်းသံ

ဝီကီပီးဒီးယား မှ

သုက္ခာသနီ (ပါ)

မိုးရွာနေခိုက်ပင်ဖြစ်စေ မီးတောက်မီးလျှံထွက်၍ပစ်သော လောင်မီးမိုးကြိုး ( မိုးကြိုးကိုးမျိုးရှိသည် ။

  1. အသံမြပုဘဲ ကျသော မိုးကြိုး
  2. စက်ဝန်းကဲ့သို့ကျသော မိုးကြိုး
  3. ပိုင်းဖြတ်သကဲ့သို့ကျသော မိုးကြိုး
  4. ဂျက်ဂျက် မြည်လျက်ကျသော မိုးကြိုး
  5. မျောက်မျက်နှာမော်သကဲ့သို့ကျသောမိုးကြိုး
  6. ငါးမြူးသကဲ့သို့ကျသောမိုးကြိုး
  7. ကြက်တောင်ဖြန့်သကဲ့သို့ ကျသောမိုးကြိုး
  8. ထွန်တုံးကဲ့သို့ကျသောမိုးကြိုး
  9. လောင်မီးမိုးကြိုး [၁]

မိုးကြိုးပစ်လျှင် လိုက်နာရန်အချက်များ[ပြင်ဆင်ရန်]

မိုးကြိုးအန္တရာယ်သည် ဆိုးဝါးသော ဘေးအန္တရာယ် တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ၎င်းအန္တရာယ်နှင့် ကြုံတွေ့ ခဲ့သော် လုပ်ဆောင်ရန် အချက်များကို သိရှိထားသင့်ပါသည်။ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်းများ ဖြစ်လာပါက အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာသင့်ပါသည်။

အိမ်အပြင်တွင် ရောက်ရှိနေပါက

  1. အိမ်ထဲသို့ ချက်ချင်းပြေးဝင်ပါ။ သံ၊ သတ္ထုပစ္စည်းများကို လက်တွင်မကိုင်ထားပါနှင့်။
  2. သစ်ပင်၊ ဓာတ်တိုင်နှင့် သံ/သတ္ထုပစ္စည်းများအနီးတွင် မနေပါနှင့်။ နိမ့်သောနေရာတွင် နေပါ။
  3. ရေကူးကန်၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင် စသည့်နေရာများတွင် ရှိနေခဲ့လျှင် ရေထဲမှ ချက်ချင်းတက်ပြီး လုံခြုံ သည့်အခိုအကာ နေရာရှာ၍ နေပါ။
  4. အိမ်အပြင်ဘက်တွင် လူစုလူဝေးနှင့် ဖြစ်နေပါက သီးခြားစီ ဖြန့်ခွဲနေပါ။
  5. ကွင်းပြင်တွင် ထီးတည်းကြီး မနေပါနှင့်။
  6. လျှပ်စီးလက်သည်ကို မြင်သည်နှင့် ၁ မှ ၃၀ အထိ ရေတွက်ကြည့်ပါ။ ၃၀ မပြည့်မီ မိုးကြိုးပစ်သံကြားရပါက အိမ်ထဲသို့ အမြန်ဆုံးပြေးဝင်ပါ။ (ဤသည်မှာ မိမိ၏အပေါ်တည့်တည့်တွင် မိုးကြိုးရောက်ရှိနေခြင်းကြောင့် ဖြစ်သည်။
  7. သင့်ဆံပင်များ ထောင်နေသည်ဟု စတင်ခံစားရပါက မိုးကြိုးပစ်တော့မည့် လက္ခဏာဖြစ်သည်။ ထိုသို့ ဖြစ်ပွားပါက ဒူးထောက်ချလိုက်ပြီး သင့်လက်နှစ်ဖက်ကို ဒူးပေါ်သို့ယှက်တင်၍ ခန္ဓာကိုယ်ကို ကွေးညွှတ်ထားပါ။ မြေပေါ်တွင် ပြားပြားဝပ်မှောက်မနေပါနှင့်။ ထိုသို့ မှောက်နေပါက သင့်ခန္ဓာကိုယ်သည် ပို၍ကြီးမားသော မိုးကြိုးပစ်ကွက် ဖြစ်သွားနိုင်သည်။
  8. လှေသမား၊ ရေကူးသမားများအနေဖြင့် ဖြစ်နိုင်သမျှ ကမ်းသို့ကပ်ပါ။

အိမ်တွင်း၌ ရောက်ရှိနေပါက

  1. အဆောက်အအုံ၏ အလယ်တွင်သာ နေပါ။ ရေပိုက်များနှင့် ရေဆေးခွက်များအနီးတွင် မနေပါနှင့်။ မိုးကြိုးလျှပ်စီးမှ တစ်ဆင့် ဓာတ်လိုက်တတ်သည်။
  2. ပြတင်းပေါက်များနှင့် ဝေးကွာသောနေရာတွင် နေပါ။
  3. တယ်လီဖုန်းဆက်သွယ်ပါက ဖုန်းလိုင်းမှတစ်ဆင့် မိုးကြိုးထိမှန်နိုင်သဖြင့် ဖုန်းများမသုံးပါနှင့်။
  4. တီဗီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူ၊ လျှပ်စစ်မီးဖိုနှင့် ကွန်ပျူတာစသည့် လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကို ခလုတ်ပိတ်၍ ပလပ်ဖြုပ်ထားပါ။
  5. လျှပ်စီးလက်သောအခါ အိမ်တွင်းရှိ သံ/သတ္ထုနှင့် ဆက်စပ်သော ပစ္စည်းများအတွင်းသို့ လျှပ်စီးဝင်နေနိုင်၍ ရေမချိုးပါနှင့်။ မည်သည့် သံ/သတ္ထုပစ္စည်းကိုမျှ မကိုင်ပါနှင့်။
  6. အဆောက်အအုံများတွင် မိုးကြိုးလွှဲများ ကြိုတင်တပ်ဆင်ထားပါ။
  7. မိုးကြိုးအပစ်ရပ်ပြီး နာရီဝက်ကျော်ကြာမှ အိမ်ပြင်သို့ ထွက်ပါ။
  8. မီးပျက်သွားပါက ဓာတ်မီး သို့မဟုတ် အရေးပေါ်မီးများကိုသာ အသုံးပြုပါ။

ကားမောင်းနေပါက

  1. အရှိန်ကိုလျှော့ပါ။ လမ်းဘေးသို့ချရပ်ပါ။ ကားထဲတွင်သာ ဆက်နေပါ။
  2. ကားရပ်ထားစဉ် အရေးပေါ်အချက်ပြမီးကို ဖွင့်ထားပါ။
  3. သစ်ပင်စသော ရှည်လျားမြင့်မားသည့် အရာများနှင့် ဝေးရာတွင်နေပါ။ ၎င်းတို့သည် လေပြင်းဒဏ်ကြောင့် လည်းကောင်း၊ မိုးကြိုးပစ်သည့်ဒဏ်ကြောင့်လည်းကောင်း လဲကျနိုင်၍ ဖြစ်သည်။
  4. ကားထဲတွင် မည်သည့် သံ/သတ္ထုပစ္စည်းကိုမျှ မကိုင်ပါနှင့်။
  5. ရေလွှမ်းနေသောလမ်းပေါ်တွင် ကားမမောင်းပါနှင့်။

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ( သမန္တစက္ခု ၊ ပ ၊ စာ ၁၉ )
  2. ( ကြေးမုံသတင်းစာ )