မို့မို့မြင့်အောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မို့မို့မြင့်အောင်[ပြင်​ဆင်​ရန်​]

ဖခင်၏ ခြေရာနင်းသူ၊ ဖခင်ကဲ့သို့ ရုပ်ရှင်တွင် ခေတ်တစ်ခေတ်ကို အောင်အောင်မြင်မြင် ထူထောင်နိုင်ခဲ့သည့် ဖအေတူ သမီးဖြစ်သူဟု ဆိုရပေမည်။ သူ၏ဖခင် ဦးမြင့်အောင်သည် ရုပ်ရှင်လောကတွင် တစ်ချိန်က လျမ်းလျမ်းတောက် နာမည်ကြီးသူ ဖြစ်ခဲ့ပြီး မြင့်အောင်ခေတ်များကို နှစ်ကြိမ်တိုင်တိုင် ထူထောင်နိုင်ခဲ့သူဖြစ်သည်။ သူမမှာလည်း ငယ်စဉ်ကပင် အနုပညာ ဝါသနာပါမြတ်နိုးသူဖြစ်သဖြင့် တစ်ချိန် သူ့ဖခင်ကဲ့သို့ လျမ်းလျမ်းတောက် နာမည်ကြီးသူ ဖြစ်ရမည်ဟု ခံယူချက်ပြင်းခဲ့သူဖြစ်သည်။

မို့မို့မြင့်အောင်ကို အဖ ဦးမြင့်အောင်၊ အမိ ဒေါ်သန်းရင်တို့မှ မွေးဖွားပြီး မွေးချင်း ငါးယောက်အနက် အငယ်ဆုံးဖြစ်သည်။ ငယ်နာမည် မွှေးမွှေးဖြစ်သည်။ အနုပညာကို စိတ်ထက်သန်လွန်းသဖြင့် ကျောင်းစာကို အထက်တန်းပညာလောက်ဖြင့် ရပ်ပစ်ခဲ့သည်။ ၎င်းသည် ကျော်ဟိန်းမွန်းတည့်ချိန်တွင် နေဝင်သည် ဇာတ်ကားမှ စ၍ နာမည်ရခဲ့ပြီး ကားများဆက်တိုက်ရိုက်ခဲ့ရာ နှလုံးသားမြို့တော်ကားဖြင့် အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့သည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မောင်ယဉ်ကျော် ၏ မင်းသားမင်းသမီးအကြောင်းစုံများ