မိုက်ကယ် ရှူးမက်ကာ

ဝီကီပီးဒီးယား မှ
မိုက်ကယ် ရှူးမက်ကာ
၂၀၀၅ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် မိုက်ကယ် ရှူးမက်ကာ၏ ဓာတ်ပုံ
ဇာတိ အမည်Michael Schumacher
မွေးဖွား (1969-01-03) ၃ ဇန်နဝါရီ၊ ၁၉၆၉ (အသက် ၅၅)
Hürth, North Rhine-Westphalia, အနောက်ဂျာမနီနိုင်ငံ
နိုင်ငံလူမျိုးဂျာမနီနိုင်ငံသား
အိမ်ထောင်ဖက်(များ)Corinna Betsch (လက်ထပ် 1995)
သားသမီး
ဆွေမျိုးသားချင်း
ဖော်မြူလာ ဝမ်း ကမ္ဘာ့ချန်ပီယံ ကားမောင်းပြိုင်ပွဲ
ပြိုင်ကားသမား ဘဝ
ပြိုင်ပွဲဝင်  ခုနှစ်များFormula One World Championship 1991Formula One World Championship 2006, Formula One World Championship 2010Formula One World Championship 2012
TeamsJordan, Benetton, Ferrari, Mercedes
ပြိုင်ပွဲအရေအတွက်308 (306 starts)
ချန်ပီယံပြိုင်ပွဲများ7 (Formula One World Championship 1994, Formula One World Championship 1995, Formula One World Championship 2000, Formula One World Championship 2001, Formula One World Championship 2002, Formula One World Championship 2003, Formula One World Championship 2004)
နိုင်ပွဲများ91
ဆုဖလားရရှိမှု155
ပြိုင်ကားသမား ဘဝတလျောက် ရမှတ်များ1,566
အတွင်းပတ်လမ်း ရရှိမှု68
ပတ်လမ်းအမြန်ဆုံးစံချိန် ရရှိမှု77
ပထမဆုံး ပြိုင်ပွဲ 1991 Belgian Grand Prix
ပထမဆုံး နိုင်ပွဲ 1992 Belgian Grand Prix
နောက်ဆုံး နိုင်ပွဲ 2006 Chinese Grand Prix
နောက်ဆုံး ပြိုင်ပွဲ 2012 Brazilian Grand Prix
လမန်း ၂၄-နာရီ ကားမောင်းပြိုင်ပွဲ
ပြိုင်ကားသမား ဘဝ
Years24 Hours of Le Mans 1991
အသင်းများTeam Sauber Mercedes
အကောင်းဆုံး ပန်းဝင်မှု5th in C2 (1991)
အနိုင်ရ ပြိုင်ပွဲအတန်းအစားများ0
လက်မှတ်
မိုက်ကယ် ရှူးမက်ကာ၏ ထိုးမြဲလက်မှတ်

မိုက်ကယ် ရှူးမက်ကာ (အင်္ဂလိပ်: Michael Schumacher; ဂျာမန် အသံထွက်: [ˈmɪçaʔɛl ˈʃuːmaxɐ] ( )၊ ၁၉၆၉ ဇန်နဝါရီ ၃ မွေးဖွား) သည် ဂျာမန် ဖော်မြူလာ ဝမ်း မာစီဒီး ဂရန်း ပရီ အဖွဲ့မှ ပြိုင်ကား မောင်းသူ တစ်ဦးဖြစ်သည်။ ဖယ်ရာရီ အဖွဲ့နှင့် ၁၁ နှစ်ကြာ ကာလာအတွင်း ကမ္ဘာ့ချန်ပီယံ ၇ ကြိမ်မျှ ရခဲ့ဖူးသောကြောင့် ကျော်ကြားပြီး ဖော်မြူလာ ဝမ်း ကားမောင်းသူများတွင် အထူးချွန်ဆုံးသူဟု အားလုံးက သတ်မှတ်ကြသည်။[၁] သူသည် ဖော်မြူလာဝမ်းနှင့် ပတ်သက်၍ စံချိန်ပေါင်းများစွာ တင်ခဲ့ဖူးပြီး ၎င်းတို့တွင် ချန်ပီယံအများဆုံး ယူနိုင်မှု၊ အောင်ပွဲ အများဆုံး ရယူမှု၊ လမ်းကြောင်းတွင် အမြန်ဆုံး မောင်းနိုင်မှု၊ အတွင်းဆုံး လမ်းကြောင်း အများဆုံး ရရှိခြင်း၊ အမှတ်အများဆုံး ရရှိခြင်း၊ ပြိုင်ပွဲ ရာသီ တစ်ခုအတွင်း ပွဲအများဆုံး အောင်နိုင်ခြင်း စသည်တို့ ပါဝင်သည်။ ၂၀၀၄ ခုနှစ် ရာသီတွင် သူသည် ၁၃ ပွဲ အနိုင်ရခဲ့သည်။ ၂၀၀၂ ခုနှစ်တွင်ပြိုင်ပွဲ ရာသီတစ်ခုတွင် အမြဲတမ်း ထိပ်ဆုံး ၃ နေရာမှ အနိုင်ရခဲ့ပြီး ထိုသို့သော စံချိန်ကို တင်နိုင်ခဲ့သည်မှာ ဖော်မြူလာဝမ်း သမိုင်းတွင် သူတစ်ဦးတည်းသာ ရှိသည်။ ထို့အပြင် ဆုယူစင်မြင့်တွင် ဆက်တိုက် အကြိမ်အများဆုံး တက်ရောက်သူ စံချိန်ကိုလည်း ချိုးခဲ့သည်။ ဖော်မြူလာ ဝမ်းအဖွဲ့မှ တရားဝင်လွှတ်တင်ထားသော ဝက်ဘ်ဆိုဒ်တွင် "စာရင်းဇယားအရ အကောင်းဆုံးသော ကားမောင်းသမား" ဟု သူ့အား တင်စားခေါ်ဆိုထားသည်။[၂]

ဓာတ်ပုံပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]