မိုက်ကယ်အယ်ဗာဆန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မိုက်ကယ်အယ်ဗာဆန် ကို တည်းဖြတ်နေသည်

မိုက်ကယ်အယ်ဗာဆန်[ပြင်​ဆင်​ရန်​]

မိုက်ကယ်အယ်ဗာဆန်ကို ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလတွင်မွေးဖွားသည်။ သူ့ကို ဘာသာဗေဒပညာရှင်၊ ဖေါင့်ရေးသူ၊ ကွန်ပျူတာသုံး ဘာသာစကားတီထွင်သူ၊ ဘာသာစကား ဒီဇိုင်းရေးဆွဲထုတ်လုပ်သူ အဖြစ်သိကြသည်။ သူအထူးကျွမ်းကျင်သည့်ပညာရပ်မှာ ကွန်ပျူတာနှင့် ဒစ်ဂျစ်တယ် မီဒီယာတွင် အသုံးပြုနိုင်ရန်အတွက် စနစ်များကို ရေးသားခြင်း၊ ကမ္ဘာသုံး အားလုံးလက်ခံနိုင်စေရန် ဘာသာစကားများကို တီထွင်ခြင်းဖြစ်သည်။

မိုက်ကယ်အယ်ဗာဆန်သည် ကွန်ပျူတာသုံး ဘာသာစကားများနှင့် ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားနေသည့် ပညာရှင်တစ်ဦးဖြစ်သည်။ နိုင်ငံတကာသုံး စာ နှင့် အက္ခရာ များ ကို အများလက်ခံနိုင် သည့် ဘုံသုံးစနစ်ဖြစ်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေသူ ဖြစ်ပါသည်။ ၁၉⁠၉၃ ခုနှစ်မှစတင်ပြီး ဘာသာစကား စံနှင့်ပတ်သက်၍ သူ့အဆိုပြုချက်ပေါင်း ၂၀⁠၀ ကျော်ကို ရေးသားပြုစုခဲ့ပြီးဖြစ်သည်။ သူအဆိုပြုခဲ့သည့် စာလုံးအက္ခရာပေါင်း ထောင်နှင့်ချီကာ ISO/IEC 10646 နှင့် Unicode Standard တို့တွင် ထည့်သွင်းခဲ့ပြီးဖြစ်သည်။

အယ်ဗာဆန်ကို ပင်ဆယ်ဗေးနီးယား ပြည်နယ်၊ နောရစ်တောင်းတွင် မွေးဖွားခဲ့သည်။ အသက် ၁၂ နှစ်အရွယ်တွင် အရီဇိုးနားပြည်နယ် တပ်ဆန်မြို့သို့ ပြောင်းရွှေ့ခဲ့ရသည်။ သူသည် အင်္ဂလိပ် ရှေး ရေး ထုံးများကို အထူးစိတ်ဝင်စားခဲ့ပြီး နောက်ပိုင်းတွင် ဂျာမန် ဘာသာစကား ဖြစ်ပေါ်လာမှုအပေါ် အာရုံစိုက်လေ့လာ ခဲ့သည်။ သူသည် ဂျာမန်၊ စပိန်နှင့် ပြင် သစ်စာများကိုဖတ်နိုင်ပြီး သူ့ဘီအေဘွဲ့ ကို အရီဇိုးနားတက္ကသိုလ်မှ ၁၉၈၅ ခုနှစ် တွင် ရရှိခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် M.A ဘွဲ့ကို ကာလီဖိုးနီးယား တက္ကသိုလ်မှ ``ဘာသာရေးသမိုင်းနှင့် အင်ဒို-ဥရောပ ဘာသာစကား`` တို့အတွက် ကျမ်းပြုစုကာ ရရှိခဲ့သည်။

၁၉၈၉ ခုနှစ်တွင် သူ့ဆရာဟောင်း ပါမောက္ခ မာရီဂျာဂင် ဘူတပ်စ်က စာတမ်းတစ်စောင် ဖတ်ခိုင်းသည်။ အိုင်ယာလန်နိုင်ငံတွင် ကျင်းပသည့် အင်ဒို-ဥရောပသားများ ညီလာခံတွင် Basque Mythology စာတမ်းကို ဖတ်ခိုင်းခြင်း ဖြစ်သည်။ နောက်ပိုင်း သူသည် အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့သို့ပြောင်းရွှေ့ပြီး ဒပ်ဗလင်တက္ကသိုလ်တွင် ပညာဆက်သင် ပြန်သည်။ ၂၀⁠၀၀-ပြည့်နှစ်တွင် အိုင်ယာလန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ လက်ရှိ Lacanvey တွင် နေထိုင်လျက်ရှိသည်။ သူသည် ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း ဖြစ်သည်။

အယ်ဗာဆန်သည် လူသုံးနည်းသည့် ဘာသာစကားများကို character encoding standardization ဖြစ်ရန်နှင့် နိုင်ငံတကာသုံး အသိအမှတ်ပြုဘာသာစကား (Internalization) ဖြစ်ရန် အထောက်အကူပြုနေသူ တစ်ဦးလည်းဖြစ်သည်။ အထူးသဖြင့် သူသည် Unicode standard အတွက် စိစစ်တည်းဖြတ်ရေးအဖွဲ့ ဝင်တစ်ဦးအနေဖြင့်လည်း တာဝန်ထမ်း ဆောင်လျက်ရှိသည်။ ထို့ပြင် ISO/IEC 10646 နှင့် ISO 15924 တို့တွင်လည်း တာဝန်ယူ တည်းဖြတ်စိစစ်ပေးနေသူ တစ်ဦးဖြစ်သည်။

John Cowan နှင့်ပူးပေါင်းပြီး Con-Script Unicode Registry ကိုလည်း တာဝန်ယူ လုပ်ဆောင်လျက်ရှိသည်။ ထိုပရောဂျက်သည် ပုဂ္ဂလိကလုပ်ငန်းကြီးများအတွက် သီးခြား ယူနီကုတ်များရေးသားပေးခြင်းဖြစ်ပြီး Shavian Deseret, Tengwar နှင့် Ctrth ဖောင့်များကို ပုဂ္ဂလိကသုံး ယူနီကုဒ်ဖောင့်များအဖြစ် သတ်မှတ်ပေးနိုင်ခဲ့သည်။ အယ်ဗာဆန်သည် ၂၀⁠၀၃ ခုနှစ်တွင် အာဖဂန်နစ္စတန် နိုင်ငံသုံးဘာသာစကားများဖြစ်သည့် (Pashto, Dari, Uzbek) ဘာသာစကားများကို ဒေသသုံး ကွန်ပျူတာဘာသာစကားဖြစ်ရန် UNDP ၏ အကူအညီဖြင့် လုပ်ဆောင်ပေးခဲ့သည်။ သူနှင့်အတူ ပူးတွဲရေးသားသူမှာ Roozbeh Pournader ဖြစ်ပြီး အာဖဂန် ဆက်သွယ်ရေး ဝန်ကြီးဌာနကလည်း အသိ အမှတ်ပြုပေးခဲ့သည်။ UNESCO ၏ အထောက်အပံ့ဖြင့်လည်း N’Ko နှင့် Balinese ယူနီကုဒ်များကို လုပ်ဆောင်လျက် ရှိသည်။

၁၉⁠၉၅ ခုနှစ်တွင် အီဗာဆန်သည် ကိုယ်ပိုင် ယူနီကုဒ်ဖြစ်သည့် Everson Mono ကို ရေးသားခဲ့သည်။ Monospaced typeface အမျိုးအစားဖြစ်ပြီး အက္ခရာ စာလုံးပေါင်း ၄၈၀⁠၀ ကျော် ပါဝင်သည်။ ၁၉⁠၉၃ ခုနှစ်တွင် ထွက်ရှိခဲ့သည့် Lucida Sans Unicode နှင့် Unihan font တို့ပြီးလျှင် တတိယစာလုံးအများဆုံးဖြစ်သည်။ ၂၀⁠၀၇ ခုနှစ်တွင်Cornish ပုံစံဖြင့် Kernowek Standard ကို ပူးတွဲကြံဆောင်နေကြောင်းသိရသည်။

၁၉⁠၉၄ ခုနှစ်လောက်မှစပြီး South and Southeast Asian Scripts တို့မှ ဘာသာစကား အသီးသီးတို့အတွက်Unipoint များ တင်သွင်းကြရာ The Unicode Standard ၏ Co-author ၊ အိုင်ယာလန်နိုင်ငံ၏ ISO/IEC JTC1/S C2/WG2 အတွက် အမျိုးသားအဆင့် ကိုယ်စားလှယ်ဖြစ်သူ၊ Everson Typography မှ အီဗာဆန် သည် မြန်မာဘာသာ အက္ခရာစာလုံးများ အတွက် ယူနီကုဒ် point များရရှိရန် စတင်၍ တင်သွင်းခဲ့ပါသည်။

၁၉⁠၉၆ ခုနှစ် နှစ်ဦးပိုင်းတွင် ပြည်ပခရီးသွားရောက်ခဲ့သော မြန်မာကွန်ပျူတာ ပညာရှင်အချို့ အင်တာနက်ပေါ်တွင် တွေ့ရှိချက်အရ အပြည်ပြည်ဆိုင်ရာ စံနှုန်း သတ်မှတ်ရေးအဖွဲ့ ISO (International Standard Organization) ၏ ISO 10646 တွင် (၁၉⁠၉၄ နှစ်လောက်ကပင် အိုင်ယာလန်နိုင်ငံမှ အီဗာဆန်ကတင်သွင်းခဲ့ပြီး ISO ၏ (၆)လ တစ်ကြိမ် အစည်းအဝေးဖြင့် စိစစ်ခဲ့သော) ကွန်ပျူတာသုံးမြန်မာစာ စနစ်တစ်ခုမှာ PDAM (Proposed Draft Amendment) နောက်ဆုံးမဲပေးဆုံးဖြတ်ရန် ဖိတ်ခေါ်သည့် အဆင့်ထိရောက်ရှိ နေပြီဖြစ်ကြောင်း နိုင်ငံတော်သို့ အချိန်မီ အကြောင်းကြား တင်ပြခဲ့ကြပါသည်။

ယင်း မြန်မာအက္ခရာ စာလုံးများအတွက် ယူနီကုဒ် point များမှာ (1408)16 မွ(14FF)16 ထိ (၁၂၈)ကွက်သာ လျာထားသတ်မှတ်ပေးထားပြီး အယ်ဗာဆန်၏အဆိုပြုချက်၌ (အ၊ အာ၊ ဣ၊ ဤ... စသည့်) သရ Vowel များကို ဦးစွာနေရာပေး စီစဉ်ထားသောကြောင့် "အ" အက္ခရာမှာ ဗျည်းအက္ခရာ "က" ၏ ရှေ့ ၌ ရောက်ရှိနေရာယူထားသည်ကို တွေ့နိုင်ပါသည်။ မြန်မာနိုင်ငံ မြန်မာစာအဖွဲ့ဦးစီးဌာနမှ ပြဌာန်းထားသော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းပါ ဝလိစဉ်နည်း (Sorting) နှင့် ကိုက်ညီမှု လုံးဝမရှိကြောင်း တွေ့ရသဖြင့် ယင်းစနစ် နှင့်အပြိုင် အဆိုပြုချက်(proposal) တစ်ခုကို ISO/IEC JTC1/S C2/WG2 အစည်းအဝေးအမီ မိခင်မြန်မာနိုင်ငံမှ တင်ပြနိုင်စေရန် မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုး ရေးကောင်စီက ``မြန်မာစာသုံး ကွန်ပျူတာစနစ် ဖြစ်မြောက်ရေး ကော်မတီ Myanmar IT Standardization Committee (MITSC) ကို ပညာရှင် (၉) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ MITSC အဖွဲ့ ဝင်များမှာ ဒေါက်တာကျော်သိန်း၊ ဦးစံလွင်၊ ဦးထွန်းတင့်၊ ဦးသော်ကောင်း၊ ဦးခင်မောင်လွင်၊ ဦးသောင်းတင်၊ ဦးသိန်းထွဋ်၊ ဒေါက်တာအောင်မော်နှင့် ဦးပြုံးမောင်မောင်တို့ ဖြစ်ကြပါသည်။ ဖြစ်မြောက်ရေး ကော်မတီသည် အပြိုင်အဆိုပြုချက်တစ်ခု တင်ပြရန်အတွက် မြန်မာနိုင်ငံ မြန်မာစာအဖွဲ့ ဦးစီးဌာန၏ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ကိုးကားလျက် မြန်မာစာ အဖွဲ့ဦးစီးဌာန၏ ထောက်ခံချက်နှင့်တကွ အပြိုင်အဆိုပြုချက်တစ်ခုကို ဂျပန်နိုင်ငံ မှ ISO/IEC JTC1/S C2/WG2 အဖွဲ့ဝင် Mr. Takayuki အကူအညီဖြင့် ISO သို့ ပေးပို့တင်ပြခဲ့ရာ ၁၉⁠၉၈ ခုနှစ် စက်တင်ဘာလ (၂၁) မှ (၂၉) ရက်အထိ လန်ဒန်မြို့၌ ကျင်းပပြုလုပ်သောISO/IEC JTC1/S C2/WG2 တွင် လေ့လာသူအဖြစ်တက် ရောက်ခွင့်ရရှိခဲ့ပါသည်။ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်သိန်း ဦးဆောင်လျက် ဦးသောင်းတင်၊ ဦးသိန်းထွဋ်၊ ဦးခင်မောင်လွင်၊ ဒေါက်တာ အောင်မော် ပညာရှင်(၅)ဦးသည် ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။ ISO အဖွဲ့ဝင်မဟုတ်၍ ပြောပိုင်ခွင့်၊ ဆွေးနွေးခွင့်ကို မရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပထမအဆိုရှင် အယ်ဗာဆန်အပါအဝင် ယူနီကုဒ် မှ ပုဂ္ဂိုလ်များ၊ WG2 မှ ပညာရှင်များ၏ ထောက်ခံတင်ပြချက်အရ MITSC တင်သွင်းသော အဆိုပြိုင် (ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး၊ မောက်ချနှင့် အသတ်ရှေ့ထိုးတို့ အား ပြင်ဆင်ချက်ဖြင့်) ကို လက်ခံခဲ့ကာ နောက် (၆) လ တစ်ကြိမ် အစည်းအဝေးများ၌ Amendment 26 ဖြင့် ပြင်ဆင်ခွင့် ရရှိခဲ့ပြီး နောက် (၆) လ တစ်ကြိမ် အစည်းအဝေးများဖြင့် အတည်ပြုချက်ရယူရန်ကိုပါ ဆုံးဖြတ်ခဲ့ပါသည်။

မြန်မာအက္ခရာ စာလုံးများအတွက် သတ်မှတ်နေရာကို လည်း U+1000 မှ U+109F အထိ (၁၆၀) ကွက်ထိ တိုးချဲ့ကာ Table 240-Row 10: Myanmar ဟူ၍ သတ်မှတ်နိုင်ခဲ့ပြီး၊ မြန်မာစာကို Burmese အစား Myanmar ဟု ISO ဖော်ပြချက်များ ၌ သုံးစွဲရန်ကိုပါ သဘောတူခဲ့ပါသည်။

၁၉⁠၉၉ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ ကျင်းပခဲ့သော ISO/WG2 အစည်းအဝေးကို မြန်မာနိုင်ငံ MITSC မှ ကိုယ်စားလှယ်များတက်ရောက် ခဲ့ရာ ယင်းအဆိုကို ပထမအဆင့်အပြီးသတ် Final Draft Admendment (FDAM) အဖြစ် အတည်ပြုနိုင်ခဲ့ပါသည်။

ရည်ညွှန်း[ပြင်​ဆင်​ရန်​]

ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်း၊ (Myanmar Natural Language Implementation)မှ ဒေါက်တာ ဒေါ်မြင့်⁠မြင့်သန်း (အတွင်းရေးမှူး) ကွန်ပျူတာသုံး မြန်မာစာစနစ်စံနှင့် အသုံးချရေးလုပ်ငန်းအဖွဲ့စာတန်း