မိတ္တူကူးစက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မိတ္တူကူးစက်ကို ကျောင်းများရုံးများတွင် တွင်ကျယ်စွာ အသုံးပြုကြသည်။

မိတ္တူကူးစက်[ပြင်​ဆင်​ရန်​]

မိတ္တှူကူးခြင်းကို ရုံးလုပ်ငန်းများနှင့် စာကြည့်တိုက်တွင် လည်းကောင်း၊ စက်မှုထုတ်လုပ်သည့် လုပ်ငန်းများတွင် လည်း ကောင်း၊ ခက်ခဲနက်နဲသည့် အချက်အလက် စုဆောင်းသည့် စနစ်သုံး လုပ်ငန်းများတွင်လည်း ကောင်းသုံးစွဲကြသည်။ ဓာတ်ပုံ ရုပ်ပုံများကို မိတ္တူကူးယူရခြင်းသည် ရောင်စုံပုံမှန်မရသည်ကလွဲ၍ တိကျမှုကို ရရှိသဖြင့် အခွင့်အရေးသာသည်။ ချုံ၍ရခြင်း၊ ချဲ့၍ရ ခြင်း၊ အချိန်မြန်မြန်နှင့် လျှပ်တစ်ပြက် ကူး၍ရခြင်း မိုက္ကရိုဖလင် ကူးခြင်းထက်စာလျှင် နေရာပို၍ ကျုံ့စေခြင်း၊ စောင်ရေနည်းနည်း လိုချင်လျှင် အလုပ်သမားခ ပစ္စည်းခသက်သာစေခြင်း၊ ပုံနှိပ်စက် ကြီးများဖြင့် ကူးယူခြင်းထက် သက်သောင့်သက်သာရှိခြင်း၊ စက်၏ပုံစံမှာလည်း ရိုးရိုးကလေး တည်ဆောင်ထားခြင်း စသည့် အကျိုးကျေးဇူးတို့ကြောင့် အချို့လုပ်ငန်းများတွင် သာမန် လူတစ် ယောက်တည်းအား တာဝန်ပေး၍ ကူးယူလုပ်ကိုင်နိုင်သည့် အခြေ အနေရှိသည်။ မိတ္တူကူးသည့် စက်က လေးများသည် ပုံနှိပ်စက် ပုံစံများမှ ပုံစံတူကူးယူ လုပ်ကိုင်ခြင်းကြောင့်လည်း အောင်မြင် တိုးတက်၍ အလွယ်တကူ အသုံးပြုနိုင်ကြောင်း တွေ့ရသည်။

မိတ္တူကူးလုပ်ငန်းစဉ်များကို ခွဲခြမ်းစိတ်ဖြာလိုက်လျှင် ခုနစ်မျိုးမျှ တွေ့ရပေမည်။ ဓာတ်ပုံဆေးပစ္စည်း သုံးကူးနည်း၊ လွှဲပြောင်းကူးယူနည်း၊ အပူပေးနည်း၊ ပုံစံထုတ်ကူးနည်း၊ လျှပ်စစ် ငြိမ်ကူးနည်း၊ လျှပ်စစ်ဓာတ် ပြုကူးနည်းနှင့် မိုက္ကရိုဖလင်ကူးနည်း တို့ဖြစ်သည်။

မိတ္တူကူးနည်း ခုနစ်မျိုးစလုံးသည် တစ်နည်းနှင့်တစ် နည်းနွှယ်ပြီး အသုံးချ၍ရသည်။ မိုက္ကရိုဖလင် ကူးနည်းမှရသော ဖလင်ကို ပုံကြီးချဲ့ခြင်း ချုံခြင်းပြုလုပ်၍ ရနိုင်သည်။ တစ်အုပ်လုံး ကူးယူထားသော စာမျက်နှာများကို စာအုပ်တစ်အုပ်အဖြစ် ဇီရို ဂရပ်ဖီ၊ အော့ဖဆက် ပလိပ်ပြားနှင့် မာတီလစ်စသော စက်များ ဖြင့်ပြန်လည်ပုံနှိပ် နိုင်လေသည်။ လွှဲပြောင်းကူးယူနည်းနှင့် အပူ ပေးနည်းတို့မှာ အမြန်ကူးသည့် ရုံးသုံးနည်းများဖြစ်သည်။ ထွက် လာသော မိတ္တူများမှာ ခြောက်သွေ့ပြီးချက်ချင်းအသုံးပြုနိုင်ခြင်း ကြောင့်ဖြစ်သည်။ အမှောင်ခန်း လည်းမလိုပေ။ စက်ပိုင်းဆိုင်ရာ လွယ်ကူ၍ ရုံးအကူနှင့်ပင် ကိုင်တွယ်ဆောင်ရွက်၍ ရနိုင်သည်။

စက်ပိုင်း လျှပ်စစ်ပိုင်းဆိုင်ရာများနှင့် လျှပ်စစ်စွမ်းအားများအပေါ် အမှီသဟဲရှိနေရသဖြင့် ပုံဖော်သည့်စက်သည် နဂိုပုံအတိုင်း ရရှိ အောင် အပြည့်အဝ မစွမ်းဆောင်နိုင်ကြောင်း တွေ့ရလေသည်။

လက်တွေ့စမ်းသပ် လုပ်ဆောင်ရာတွင် ဓာတ်ပုံကူးသည့် စနစ်ကို ပင် တွဲဖက်လုပ်ဆောင် နေရသောကြောင့် ဖြစ်သည်။

ဓာတ်ပုံဆေးပစ္စည်းသုံးကူးနည်း[ပြင်​ဆင်​ရန်​]

ဤနည်းပညာတွင် စနစ်အမျိုးမျိုးရှိ၏။ မိုက္ကရိုဖလင် ကူးနည်းလည်း တစ်ခုအပါအဝင် ဖြစ်သည်။ အရိုးဆုံးစနစ်မှာ မူရင်းပုံကို နဂ္ဂတစ်ပွားပြီးသော် လည်းကောင်း၊ တိုက်ရိုက်ပေါ့စ တစ် ထုတ်ယူနည်း ဖြင့်လည်း ကောင်း ဓာတ်ပုံစက္ကူပေါ် ကူးယူ ခြင်းဖြစ်သည်။ ပုံစံပြာနှင့် ပုံစံကူးယူခြင်းသည် ပုံနှိပ်စက်ဖြင့် ကူး ယူသည့် နည်းနှင့် သဏ္ဍာန်တူသည်။ ထိုဓာတ်ပုံ ကူးစက်များ တွင်မှန်ဘီလူးကို လိုချင်သောပုံအရွယ် ချိန်သားကိုက် အောင်ချိန် ဆ၍ရအောင် ပြုလုပ်ထားသော ကင်မရာအမျိုးအစား ပင်ဖြစ် သည်။ ဥပမာအားဖြင့် လိုက္ကာ(Leica) ကင်မရာမျိုးကဲ့သို့ပင် ဖြစ်သည်။ ယင်းကင်မရာဖြင့် ၁၉၂၄ ခုနှစ်ကတည်းက စာရွက် စာတမ်း မိတ္တူ ကူးသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ မှန်ဘီ လူးအပြင် ဘဲလိုး (Bellow) ဟုခေါ်သော ရှေ့တိုးနောက်ငင် ပြု လုပ်၍ ရသော လက်ဆွဲဘာဂျာကဲ့သို့သော ပုံစံဖြည့်စွက်လျှင် ပုံနှိပ်ဌာနသုံးကင်မရာအကြီး ပုံစံဖြစ်သွားသည်။ ယင်းကဲ့သို့ သော ကင်မရာဖြင့်ရိုက်ကူးလျှင် ဓာတ်ပုံဆေးသား ကောင်းခြင်း၊ ပုံနှိပ်ဆေးသား ကောင်းခြင်းတို့အပြင် ပုံချဲ့နိုင် ချုံ့နိုင်ကာ အရည် အသွေးကောင်းမွန်သော ပုံကောင်းများ အဆင့်အထိ ရနိုင်ပေ သည်။

ထိုထက်တစ်ဆင့်မြင့် တိုးတက်သည့် ဓာတ်ပုံရိုက်နည်း ကူးနည်းအသုံးပြုလာရာ ပရစ်ဇင်ခေါ် သုံးမြေ|ာင့်မှန်တုံးကို မူရင်း ပုံနှင့် မှန်ဘီလူးအကြားထားသော ကင်မရာများမှာ ဆေးသား ဘက်ကို တိုက်ရိုက်အမှန် အတိုင်းဖတ်နိုင်သည့်နည်းဖြင့် ကူးယူ နိုင်သည်ကို တွေ့ရသည်။ ၁၉ဝ၆ ခုနှစ်မှ ၁၉၅ဝ ပြည့်နှစ်အ တွင်းဤနည်းကို အသုံးပြု၍ ဓာတ်ပုံကူးယူခြင်းများကို လုပ် ဆောင်ခဲ့ပေသည်။ လူသိများသော ကင်မရာများမှာ ဒက် ဇီဂရပ်၊ ဖိုတိုကလပ်၊ ဖိုတိုစတက်၊ ရက်တီဂရပ်၊ ရူသားစတက်နှင့်စတက် မာစတာတို့ဖြစ်သည်။ ထိုအထဲတွင် တချို့အမျိုးအစားများမှာ ပုံ နှိပ်ဖမ်းခြင်းကိုမူသေထားရှိ၍ အနည်းငယ်သာ ပုံချုံ့၍ရလေသည်။

တချို့အမျိုးအစားမှာ အလိုအလျောက် ပုံကူးစက်အဖြစ် ဖြတ်ခြင်း၊ အခြောက်ခံခြင်းတို့ပါ ပါဝင်လေသည်။ တချို့ စက်အမျိုးအစား များတွင်မူ နဂ္ဂတစ်ကော်ပီမှ ပုံဖော်၍ရိုက်နိုင်ခြင်း၊ ဆလိုက်များမှ ဟပ်တုံးပုံဖော်၍ ရိုက်နိုင်ခြင်း၊ ရောင်စုံထရန်ပဲရင်စီများမှ စကရင် သွင်းပြီးပုံများ၊ အော့ဖဆက်ပုံနှိပ်နိုင်ရန် အဆင့်ထိပုံများ ရိုက်ကူး နိုင်ခြင်းတို့ဖြစ်လေသည်။ တချို့ပုံစံများမှာတိုက်ရိုက်ဖတ်နိုင်အောင် နဂိုမူရင်းပုံစံအတိုင်း ကူးယူရရှိနိုင်သည်။

ဓာတ်ပုံရိုက်ကူးပြီး စာစီခြင်းနည်းသည် ရိုးရိုးစာစီခြင်း နည်းကို အစားထိုး လုပ်ကိုင်သော နည်းပင်ဖြစ်သည်။ ဓာတ်ပုံ ရိုက်၍ စာစီခြင်းနည်းတွင်လည်း စာလုံးအရွယ်အစား အမျိုးအ မျိုး ပုံစံအမျိုးမျိုး လိုသလို ချိန်ဆ ပြုလုပ်နိုင်လေသည်။ ဓာတ်ပုံ မှန်ဘီလူးဖြင့် ချိန်ဆကာ ပေါ်လာသောပုံရိပ်ကို ဖလင်ပြား သို့မ ဟုတ် စက္ကူပေါ်သို့ပုံဖော်ယူနိုင်သည်။ ယင်းမှတစ်ဆင့် ပုံနှိပ်မည့် ပလိပ်ပြားပေါ် ထပ်မံကူးယူရသည်။ အထူးသဖြင့် ဂရေဗျူယာ နှင့် ဖိုတိုလစ်သိုဂရပ်ဖီ ပုံနှိပ်နည်းများတွင် အသုံးများသည်။

ယင်းနည်းကို ၁၈၇၇ ခုနှစ်က မူပိုင် မှတ်ပုံတင်ခဲ့ပြီး ယခုအခါ သတင်းစာ၊ မဂ္ဂဇင်း ပုံနှိပ်ခြင်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံး ပြုသည်။ အထူးသဖြင့် ကြော်ငြာများရိုက်ကူးရာတွင် တွင်တွင် ကျယ့်ကျယ်အသုံးပြုသည်။

ဓာတ်ပုံပစ္စည်းသုံး ကူးနည်းမှ အထူးအသုံးပြုသော တစ်နည်းမှာ လစ္စတိုမက်တစ်ကင်မရာ ခေါ် အလိုအလျောက် နှင့် မြန်မြန်ပုံနှိပ်သော စက်ကို ၁၉၅၃ ခုနှစ်က စတင်သုံးစွဲ ခဲ့သည်။ ယင်းနည်းမှာ ဇယားများ များပါသော တယ်လီဖုန်း လမ်းညွှန်ကဲ့သို့သော စာအုပ်များ ပုံနှိပ်ရာတွင် အသုံးများ၏။

ယခုဖော်ပြခဲ့သောနည်းမှ ရရှိသော ပုံတို့မှာ ဆေးသား ကြည်လင်ပြတ်သားခြင်းနှင့် စက္ကူကြမ်းတွင် ပင် ကူးယူ၍ ရနိုင်ခြင်းတို့ဖြစ်သည်။ ဈေးနှုန်းအားဖြင့်လည်း ချိုသာသည်။ သို့သော် ဆက်လက်ဖော်ပြမည့် နည်းများမှ ရရှိသည့် ပုံများနှင့် နှိုင်းယှဉ်လောက်သည့် အရည်အသွေးမျိုးမရနိုင်သေးပေ။

လွှဲပြောင်းကူးယူနည်း[ပြင်​ဆင်​ရန်​]

ဤနည်းတွင် ဂျဲလတင်ခေါ် ဆေးသားတင်ပုံစံ (ဗယ်ရီ ဖက်စ်) နှင့် ဒီဖျူးရှင်း ခေါ် ဆေးသားပျံ့နှံ့ ခြင်းပုံစံဟူ၍ နှစ်မျိုး ရှိသည်။ ဓာတ်ပုံဆေးသား ကူးယူနည်းထက် ပိုပြီးစရိတ်စက ကြီးမားသည်။ အရည်အ သွေးမှာမူ အပူပေးနည်း (ဒိုင်အာဇို) ထက်ဖြစ်စေ၊ လျှပ်စစ်ငြိမ်ကူးနည်းထက်ဖြစ်စေ ပုံပိုကောင်းသည်။ အဖြူ အမည်းပုံပေါ်မှုမှာ ထင်းနေအောင်ပေါ်၏။ သို့ရာတွင် အနုစိတ်များ ပျောက်ကုန်သည်။ မပြတ်မသား နေရာများမှာ နှစ် ကြာလျှင် လျော့နည်းပျောက်ကုန်၏။ နည်းနှစ်ခုစလုံးသည် ဓာတ်ပုံစက္ကူကူးသည့်အခါ သုံးသည့် ပုံဖော်၊ ပုံချုပ်နည်းဖြင့်ပင် စက္ကူပေါ်ပုံဖော်ယူရသည်။

ဂျဲလတင်ပုံစံတွင် မိတ္တူစက္ကူ နှစ်ရွက်မှ ကိုးရွက်ထိ ကူးယူနိုင်သော်လည်း ဆက်တိုက် ကူးယူရရှိသောပုံမှာ တဖြည်း ဖြည်းမှိန်လာသည်။ ယင်းနည်းသည် အော့ဖဆက် ပုံကူးစက်ဖြင့် လည်းကောင်း၊ ဒိုင်အာဇို ပုံနှိပ်နည်းဖြင့်လည်းကောင်း ကူးယူနိုင် သည်။

ဒီဖျူးရှင်းပုံစံတွင် မူရင်းပုံနှင့် ကူးမည့်နဂ္ဂတစ်ဖလင်ကို အလင်းရောင်ပေးရသည်။ နဂ္ဂတစ်ကို ပေါ့ စတစ်စက္ကူနှင့် ထုပ် ကာ ဆေးသားထဲနှစ်၍ည|စ်ပြီး ထွက်လာသောနည်းဖြစ်သည်။

နဂ္ဂတစ်ကော်ပီ တစ်ချပ်မှ ပေါ့စတစ်ကော်ပီ တစ်ချပ်သာရ နိုင်သော နည်းဖြစ်သည်။ ချုပ်ထားသော စာအုပ်များမှ ကူး ယူရန်မှာ အခက် အခဲရှိပေသည်။

အပူပေးနည်း[ပြင်​ဆင်​ရန်​]

ဤနည်းကို သရီးအမ် ဟုခေါ်သော မင်နီဆိုတာ သတ္တုတွင်းနှင့် ထုတ်လုပ်ရေးလုပ်ငန်း ကုမ္ပဏီမှ ၁၉၅ဝ ပြည့်နှစ်က ထုတ်လုပ်ခဲ့သည်။ လွှဲပြောင်းကူးယူသည့်နည်းကို အခြေခံပြီး တိုက်ရိုက်ကူးယူမိတ္တူပွား ယူခြင်း ဖြစ်သည်။

အင်ဖရာရက်ရောင်ခြည် (အနီအောက်ရောင်ခြည်) ကို အပူ ပေးပစ္စည်းအဖြစ် အသုံးချခြင်း ဖြစ်သည်။ တိုက်ရိုက် ပေါ့စတစ် ထုတ်ယူခြင်းဖြစ်၍ နဂ္ဂတစ်ထုတ်ရန် မလိုတော့ပေ။ မူရင်းပုံနှင့် စာများမှာ ကာဗွန် သို့မဟုတ် သတ္တုစပ်မင်ဖြင့် ရိုက်ထားသော စာအုပ်စာတမ်းများ မှန်သရွေ့ကူးယူနိုင်သည်။ မူရင်းစာရွက်ကို ဓာတုဗေဒဆေးရည် သုတ်ထားသော စက္ကူ အကြည်သားနှင့် ထပ်၍ ကူးယူရသည်။ ထိုစက္ကူအကြည် သား၏ နောက်ကြော တွင် ဖရောင်းဖြူသုတ်လိမ်းထားသည်။ အပူပေးလိုက်လျှင် ဓာတုဗေဒနည်းအရ ဓာတ် ပြောင်းပြီး မူရင်းစာရွက်ပေါ်ရှိ စာ များနှင့် ပုံများ တဖြည်းဖြည်း ထင်လာစေသည်။ ပြတ်ပြတ် သားသားရှိသည်အထိ ပုံပေါ်လာလေသည်။ ယင်းမိတ္တူရရန် လေးစက္ကန့်မျှပင် ကြာလေသည်။ အနုစိတ်များပေါ်အောင် ပုံ ဖော်ပေးနိုင်စွမ်းမရှိပေ။ အပူလှိုင်းကို ချိန်ဆပေးသည့် နည်းစနစ် မပါ၍ ဈေးသက်သက်သာသာဖြင့် ယာယီသုံး ရန်အတွက် သန့် သန့်နှင့် မြန်မြန်ရသည့် နည်းပင်ဖြစ်သည်။ ဤနည်းဖြင့် ကူးယူ သော စက်များမှာ ခေတ်စားသည်။

ပုံစံထုတ်ကူးနည်း[ပြင်​ဆင်​ရန်​]

ဤနည်းသည် အလင်းမှုန် မူရင်းမှ ဓာတုဆင့်တက် ပြုပြင်နည်းဖြင့်ဖြစ်စေ၊ အလင်းမဖောက်နိုင်သော မူရင်းမှ တိုက် ရိုက်ပေါ့စတစ် စက္ကူဖြင့်ဖြစ်စေ မိတ္တူကူးနိုင်စွမ်းရှိသည်။ အသုံး ပြုသည့် စက္ကူများမှာ အလင်း ခံနိုင်စွမ်းရှိသဖြင့် အမှောင်ခန်း ကဲ့သို့သော ပုံစံမျိုးမလိုအပ်ဘဲ စွမ်းအင်များသော အလင်းကိုပင် အသုံးပြုနိုင် သည်။ သို့ပါ၍ ပျက်စီးလေလွင့်မှု နည်းပါးသည်။

ပုံကူးယူသည့် ကိရိယာများသည်ဖန်ပြွန်ပုံစံ၊ လေးထောင့်သေတ္တာ ပုံစံနှင့် ပတ်လည်လည်နေသော စည်ပုံစံများ တွေ့ရမည်။ အလွန် တရာ ကြီးမားသည့် ဗိသုကာပုံစံ၊ အင်ဂျင်နီယာ ပုံဆွဲပုံစံ၊ ဇယား ကြီး၊ မြေပုံကြီးစသည်များကို ကူးယူနိုင်သည်။ အမျိုးအစားများ စွာရှိသည့်အ နက် အောက်ဖော်ပြပါ သုံးမျိုးမှာ အသုံးများ၏။

ပုံစံညို (Brownprint) ဟုခေါ်ဆိုနိုင်သော စီပီယာ အညိုရောင်ဖြင့် ပုံဖော်မိတ္တူကူးခြင်းမျိုးကို ၁၈၉၅ ခုနှစ်က စတင် အသုံးပြုခဲ့သည်။ ပုံကူးစဉ် အညိုရောင်သန်းပြီး ပုံပေးရာလာကာ ယင်းနေရာကို မင်သွင်းသော နည်းဖြင့် ပေါင်းစပ်လိုက်ရာ ဆေး စွဲမြဲသော ပုံပေါ်လာလေသည်။

ပုံစံပြာ (Blueprint) ကို ၁၈၄၂ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့သည်။ ကူးယူစဉ် အဖြူရောင် လိုင်းများပေါ် လာပြီး နောက်ခံမှာ ပြာလဲ့လဲ့အရောင်ရှိသည်။ ယင်းကိုထပ်မံပြီး တစ်ဆင့်ကူးသော် အပြာရောင်လိုင်းများ ပြန်ပေါ်လာပြီး နောက်ခံ မှာ ဖြူသွားလေသည်။

ပုံစံဖြူ (Whiteprint) ကို ၁၉၂ဝ ပြည့်နှစ်ကစ၍ သုံးစွဲ ခဲ့သည်။ မူရင်းပုံမှ ဖလင်အကြည်သားပေါ် ကူးယူကာစက္ကူဖြင့် စောင်ရေမြောက်မြားစွာ ကူးယူမိတ္တူပွားနိုင်ပေသည်။ အဖိုးနှုန်းချို သာသည်။ ပုံစံပြာကူးသည့်နည်းထက် ပိုမိုသာလွန်သည်။

သင်္ကေတ အသေးအမွှားမှစ၍ ထင်ရှားပြတ်သားစွာပေါ်အောင် ကူးနိုင်သည်။

လျှပ်စစ်ငြိမ်နည်း[ပြင်​ဆင်​ရန်​]

အလင်းလျှပ်စစ်နည်းကို အခြေခံပြီး ကြားခံနဂ္ဂတစ် ထုတ်ရန်မလိုဘဲ တိုက်ရိုက် ပေါ့စတစ်မိတ္တူ ရနိုင်သည်။ ကွဲပြား ခြားနားသော နည်းသုံးနည်းမျှသာ ရှိသည်။ ဇီရော့ မိတ္တူကူးစက် မျိုးကို ၁၉၃၇ ခုနှစ်က တီထွင်ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်ရောက် သည်အထိ စီးပွားဖြစ်မထုတ်လုပ်နိုင်ခဲ့ပေ။ အီလက်ထရိုဖက်စ် မိတ္တူ ကူးစက်မျိုးသည် ၁၉၅၄ ခုနှစ်တွင် ပေါ်လာသည်။ စမုတ် ပရင်းတင်း ခေါ် မီးခိုးရိုက်နည်း၊ ကြပ်ခိုးရိုက်နည်း ပုံစံမျိုးကို ၁၉၅၈ ခုနှစ်ကစ၍ မှတ်ပုံတင်ပြီး ထုတ်လုပ်ခဲ့သည်။

ဇီရော့ခရာဖီ ပုံနှိပ်နည်းပညာမှာ ဇီရော့ကုမ္ပဏီမှ ထုတ် လုပ်ခြင်းဖြစ်သည်။ နဂ္ဂတစ်ကော်ပီ၊ စက္ကူ၊ သတ္တုပလိပ်ပြားကို အခြေခံပြီး အော့ဖဆက်ပုံနှိပ်နည်းကို အသုံးပြုခြင်းဖြစ်သည်။

အီလက်ထရိုဖက်စ်မှာ ဇီရော့ပုံစံမျိုးပင်ဖြစ်သော်လည်း ရရှိသော မိတ္တူပုံမှာ ကောင်းမွန်သည်။ ပုံနှိပ် သဘောအရ ပုံများ တွင်အလင်းအမှောင် အနုအရင့်ကို ကွဲကွဲပြားပြားရရှိအောင် ကူးယူနိုင်သည်။ ရေမပါသော အော့ဖဆက်ပုံနှိပ်နည်း ဖြစ်သည်။

လျှပ်စစ်စာလုံးစီသည့် စက်ခလုတ်ခုံပါရှိကာ တစ်စက္ကန့်လျှင် လုံးရေ ၂ဝဝဝ စီနိုင်အောင် လျှပ်စစ်တိတ်ခွေ သို့မဟုတ် ကတ် ပြားတိတ်စနစ် ထိန်းနည်းဖြင့် မိတ္တူပွားယူသည်။

လျှပ်စစ်ဓာတ်ပြုကူးနည်း[ပြင်​ဆင်​ရန်​]

ယင်းနည်းကို မင်နီဆိုတာသတ္တုတွင်းနှင့် ထုတ်လုပ်ရေး လုပ်ငန်းကုမ္ပဏီမှ ၁၉၅၇ ခုနှစ်မှစ၍ အသုံးပြုသည်။ ပေါ့စတစ် ပုံများကို နဂ္ဂတစ်မိုက္ကရိုဖလင်များမှ တစ်ဆင့် မိတ္တူပွားယူနည်း ပင် ဖြစ်သည်။ ကူးယူနေစဉ် အမှောင်ခန်းမလိုဘဲ သာမန်အလင်း ရှိသော အခန်းတွင် ကူးယူနိုင်သည်။

မိုက္ကရိုဖလင်ကူးနည်း[ပြင်​ဆင်​ရန်​]

စာရွက်စာတမ်း အထောက်အထားများကို မိတ္တူကူးယူ ခြင်းဖြစ်သည်။ စီးပွားဖြစ်သုံးစွဲနည်းကို ၁၈၅၉ ခုနှစ်က စတင် ခဲ့သည်။ ကျယ်ကျယ်ပြန့်ပြန့်ကိုမူ ၁၉၂၈ ခုနှစ်ပင် သုံးစွဲလာကြ သည်။ မူရင်းပုံကို ကူးစဉ်က ချုံ့၍ ကူးယူထားပြီး၊ မိတ္တူူပွား သည့်အခါ ပြန်ချဲ့၍ ကူးယူရသည်။ ချုံ့၍ကူးယူထားပြီး ချဲ့၍ မိတ္တူပွားရသော် လည်း မူလနဂို စာလုံးအရွယ်အတိုင်း ပြတ်ပြတ် သားသား ကူးယူနိုင်စွမ်းရှိသည်။ ၃၅ မီလီမီတာ ဖလင်နှင့်ဓာတ် ပုံဆေးသား သုံးမျိုးမျှ ခွဲခြားပြီး ထုတ်လုပ်သည်။ ၁၆ မီလီမီတာ ဖလင်နှင့်မူ ဘဏ်သုံးချက်လက်မှတ်များ ပွားကူးယူရာတွင်အသုံး များသည်။ ၇ဝ မှ ၁ဝ၅ မီလီမီတာ ဖလင်များနှင့်မူ အင်ဂျင် နီယာ သုံးပုံများ၊ ပုံစံဇယားများ ကူးယူရာတွင်သုံးသည်။ ၇ ၁/၂ ထ ၁၂ ၁/၂ စင်တီမီတာ အရွယ်နှင့် ၎င်းထက်ကြီးသောဖလင် ပြားများဖြင့်လည်း ထုတ်လုပ်သည်။ မှတ်တမ်းဖိုင်တွဲရာတွင် လည်းကောင်း၊ ရှာဖွေရာတွင်လည်းကောင်း ပိုမို လွယ်ကူစေလို မည့် သဘောဖြင့် ဖလင်ချပ်များ ထုတ်ခြင်းဖြစ်သည်။

မိုက္ကရိုဖလင်ကူးရာတွင် ပထမ နဂ္ဂတစ်ကော်ပီယူ၍ ပေါ့စတစ်ကော်ပီပွားကာ မိုက္ကရိုဖလင်ပတ်သည့် စက်ကိုပါ တွဲဖက်အသုံးချရသည်။ မိုက္ကရိုဖလင်ကူးယူခြင်းတွင် အခွင့်သာ သည့်အချက်များမှာ တက်ခနိုလိုဂျီ အဆင့်မြင့်နည်း ပညာများ တွင် ပုံကြီးချဲ့ခြင်း၊ ထုတ်ဝေခြင်း၊ အချက်အလက်စုဆောင်းခြင်း တို့တွင် အသုံးပြု ၍ ရခြင်းပင်ဖြစ်၏။