မိကျောင်းကွမ်းဖတ်

ဝီကီပီးဒီးယား မှ

Hygrophila phlomoides Nees (မိကျောင်းကွမ်းဖတ်)[ပြင်ဆင်ရန်]

  • Botany Term : Hygrophila phlomoides Nees
  • Species/Family : Acanthaceae
မိကျောင်းကွမ်းဖတ်ပင်

ပုံသဏ္ဌာန် : အပင် - ချုံဆန်သော တစ်နှစ်ခံ ပင်ပျော့ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၁၁/၂ -၃ ပေ ခန့် ရှိသည်။ ပင်စည်နှင့် ရိုးတံ လေးထောင့် ပုံဖြစ်ပြီး အနည်းငယ် မာကျော ၏ ။ ပင်စည်ဆစ် များမှ အကိုင်းများ မျက်နှာချင်း ဆိုင် အလှည့်ကျ ထွက်၏ ။ အပင်ရိုးတံ တစ်လျှောက်လုံး အမွေးနု ကလေးများ ပေါက်၏ ။ အရွက် - ရွက်ဆိုင် ထွက်၏။ အလျား ၂ လက်မခန့် ရှည်၏။ ငှက်တောင် ပုံဖြစ်ပြီး ရွက်ညှာ မရှိသလောက် ဖြစ်၏။ အရင်း အနည်းငယ် ချွန်ပြီး အဖျားဝိုင်း ၍ ရွက်နား လှိုင်းတွန့် ပါ၏။ အရွက် ထက် အောက် အမွေးနု ကလေးများ ရှိ၏။ အပွင့် - အဖြူရောင် တွင် မရန်းစေ့ ရောင် အနားတွင် ကွပ်ထား ၏။ ပွင့်ချပ်အုံ သည် ပင်မနှင့် အကိုင်း တို့၏ အဆစ်အဖု ကို ကပ်တွယ်ပြီး ပတ်လည်ပွင့် ၏။ သီတင်းကျွတ် လကုန်၌ စတင် ပွင့်၏။ အသီး - ခွံပျော့ အက်ကွဲ သီးဖြစ်သည်။ အစေ့ဆံ အနီရောင် ဖြစ်၍ မုန်ညင်းစေ့ ခန့်ရှိ၏ ။ တပေါင်းလတွင် အသီး ရင့်မှည့်၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အပူပိုင်း ဒေသတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်း များ အလိုအရ မိကျောင်း ကွမ်းဖတ်သည် ဆိမ့်၍ အနည်းငယ် ခါးသော အရသာ ရှိ၏ ။ ပူ၏ ၊ အားကို ဖြစ်စေ၏ ၊ ဝမ်းမီးကို တောက်စေ၏၊၊ အရေပြားပေါ် ၌ ဖြစ်သော အနာများ ကို နိုင်၏။

အသုံးပြုပုံ- အစေ့ ၁။ ပြည်တ ရွှဲရွှဲနှင့် မကျက်နိုင် သော အနာအို ၊ အနာဟောင်းများ ၎င်းအစေ့ကို ကြိတ်၍ အုံပေးက အနာကျက် ပြီး အသားနု တက်ကာ ပျောက်ကင်း၏။ ၂။ ယင်း၏ အစေ့ဖြင့် မျက်စိနာ ၊ လေနာ ၊ ပွေးညှင်း ၊ တင်းတိပ် နာ တို့ကို ပျောက်ကင်းစေ သော ဆေး ဖော်စပ် သုံးနိုင်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. http://arogyamonline.com/commodity/materials/?raw=68[လင့်ခ်သေ]