မအင်္ဂါ အစေ့
| မိန်းမအင်္ဂါ အစေ့ | |
|---|---|
![]() |
|
| လူ၏ အမ မျိုးပွားစနစ် အင်္ဂါများ - အတွင်းပိုင်းပုံ | |
| Gray's | subject #270 1266 |
| Artery | Dorsal artery of clitoris, deep artery of clitoris |
| Vein | Superficial dorsal veins of clitoris, deep dorsal vein of clitoris |
| Nerve | Dorsal nerve of clitoris |
| MeSH | Clitoris |
| Dorlands/Elsevier | Clitoris |
မအင်္ဂါ အစေ့သည် နို့တိုက် သတ္တဝါ အမများတွင်သာရှိသော လိင်အင်္ဂါ တစ်ခုဖြစ်သည်။ လူတွင် မိန်းမ မျိုးပွားအင်္ဂါ၏ အတွင်း နှုတ်ခမ်း ဆုံရာရှိ အတွင်းပိုင်းတွင် မြင်သာသော ပဲစေ့ပုံ အဖြစ်ရှိသည်။ အစေ့သည် ယောက်ကျ်ာတို့တွင် အပြန်အလှန်အားဖြစ်ရှိသော လိင်တံ တို့ကဲ့ ကျင်ငယ်စွန့်ရန် တာဝန်မယူဘဲ လိင် သာယာမူ အတွက်သာ ဖြစ်သည်။ ၎င်းမှ ကွဲလွဲသည်မှာ နို့တိုက် သတ္တဝါ၌ Spotted Hyena မြေခွေးတို့တွင်သာ ရှိသည်။ ထိုသတ္တဝါတွင် မအင်္ဂါ အစေ့ သည် ကြီးထွားပြီး ကျင်ငယ်စွန့်ရန် နှင့် လိင်ဆက်ဆံရန်တွင် သာမက ၎င်းမှ ကလေးပါ မွေးဖွားသည်။
ပုံသဏ္ဍာန် [ပြင်ဆင်ရန်]
| လူ၏ မအင်္ဂါ | |
|---|---|
| မအင်္ဂါ အစေ့ နှင့် ၎င်းနှင့် ဆက်စပ်ရာများပြ လူ၏ မအင်္ဂါ။ ၁) မအင်္ဂါ အစေ့ အမိုး ၂) မအင်္ဂါ အစေ့ ၃) ကျင်ငယ်စွန့်သော အပေါက် ၄) Vulval vestibule; ၅) အတွင်း နှုတ်ခမ်း 6. မအင်္ဂါ အပေါက် ၇) အမွေးများ ဖယ်ထားသော အပြင်နှုတ်ခမ်း 8. Perineum | |
| MeSH | Vulva |
| Dorlands/Elsevier | vulva |
မအင်္ဂါ အစေ့၏ ခေါင်းပိုင်း ခေါ် ဂလင်းသည် ပဲစေ့ အရွယ် ရှိပြီး ပုံသဏ္ဍာန် လဲဆင်သည်။ သို့သော် အရွယ်ပမာဏမှာ ကွဲပြားနိူင်သည်။ ၎င်း မအင်္ဂါ အစေ့၏ ခေါင်းပိုင်းသည် နမ်အကြော (nerve) ၈၀၀၀ ရှိသောကြောင့် အလွန် ခံစားနိူင်မှု ပြင်းထန်သည်။ အဖိုတို့ လိင်တံကဲ့သို့ပင် နမ်အကြောများ စုဆုံရာ ဖြစ်သောကြောင့် လိင်စိတ်ဆွရန် အလွန်သင့်တော်သည်။
မအင်္ဂါ အစေ့သည် ရှုပ်ထွေးသော တည်ဆောက်ပုံဖြစ်ပြီး အတွင်းပိုင်းနှင့် အပြင်ပိုင်း ဟု၍ရှိသည်။ အပြင်နှုတ်ခမ်း နှင့် ဆီးခုံမို့မို့ ဆုံရာရှိ မအင်္ဂါဇာတ်ဆုံရာ ရှေ့ဖတ် အပေါ်တွင် ထိုးထွက်နေသော အခုံးကို မအင်္ဂါ အစေ့ အမိုး (clitoral hood) ဟုခေါ်ပြီး အစေ့၏ ဂလင်း ကို အပြည့် သို့မဟုတ် တစိတ်တပိုင်း ကာထားသည်။ ၎င်းအစေ့ခေါင်းမှ နောက်ဖက်သို့ ဆက်၍ လမ်းကြောင်းအတိုင်း လက်တစ်ဆစ်လောက် ဆက်တက်သွားပြီး ပြန်ကွေးလာကာ V ပုံသဏ္ဍာန် နှစ်ကိုင်းကွဲသွားပြီး သစ်ပင် အမြစ်များကဲ့သို့ ပြန့်သွားကာ corpora cavernosa ဖြစ်ပေါ်လာပြီး ၎င်းသည် အတွင်း နှုတ်ခမ်း နောက်ကွယ်တွင်တည်ရှိသည်။
