မာတိကာသို့ ခုန်သွားရန်

ရှင်သီရိဓမ္မ

ဝီကီပီးဒီးယား မှ
(မဟာနာဂဝံသဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်သီရိဓမ္မ (၁၁၉၂ - ၁၂၆၈) သည် “မဟာနာဂဝံသဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရတော်ကို ၁၁၉၂ ခုနှစ်၊ ဝါဆိုလဆုတ် ၅ ရက်နေ့တွင် အုဂ်ဖိုရ်မြို့၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်သာရွဲ ဖြစ်သည်။ အရွယ်ရောက်သည့်အခါတွင် “ဦးစလင်း” ဟု အမည်တွင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးမိုးညို-ဒေါ်နှောင်း ဖြစ်သည်။

ဇလွန်မြို့ဆရာတော် ရှင်နန္ဒမာလာထံတွင် ပညာသင်ကြား၍ “ရှင်သီရိ” ဟူသည့် ဘွဲ့ဖြင့် သာမဏေဝတ်ခဲ့သည်။ အမရပူရမြို့သို့ သွားရောက်၍ စံကျောင်းဆရာတော်ထံတွင် ပညာများ သင်ကြားခဲ့သည်။ မြင်ကွန်းမြို့တောရဆရာတော် ရှင်မေဓာထံထံတွင် “ရှင်သီရိဓမ္မ” ထံတွင် ရဟန်းပြုခဲ့သည်။

ထို့နောက်တွင် ဆင်တဲဆရာတော် ရှင်ဉာဏထံ၌လည်းကောင်း၊ မြင်းခြံမြို့ကိုးဆောင်တိုက်၌ လည်းကောင်း စာပေများ သင်ကြားပြီးနောက် ဇလွန်မြို့သို့ ပြန်ကြွခဲ့သည်။ အုဂ်ဖိုရ်ဆရာတော်ကြီးထံ၌လည်း ပိဋကတ်ကို သင်ယူခဲ့သည်။

ဆရာတော်သည် မော်လမြိုင်မြို့ မဟာနာဂဝံသကျောင်ဂ၊ မေဓာဝီကျောင်း၊ ပြည်တောရကြီး၊ ငွေလးတောင်ကျောင်း၊ ရွှေဟင်္သာတောရကျောင်း၊ ကြည့်မြင်တိုင် ကျွန်းတောကျောင်း စသည်တို့၌ လှည့်လည်၍ သီတင်းသုံးခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၆၈ ခုနှစ်၊ တပိုတွဲလဆုတ် ၁၁ ရက်နေ့တွင် ဇလွန်မြို့၊ ဒုတိယမဟာနာဂဝံသကျောင်း၌ ပျံလွန်တော်မူခဲ့သည်။[၁]

ကျမ်းများပြုစုခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ သီလသံယမဝိနိစ္ဆယ၊

၂။ မင်္ဂလာသာရဒီပနီ၊

၃။ ဝိနယဝိနိစ္ဆယ၊

၄။ ကလျာဏောဝါဒဓမ္မစရိယ၊

၅။ ပုညာနုဘာဝပကာသနီ၊

၆။ အနေကဇာတင်အဆုံးအဖြတ်၊

၇။ သိက္ခာပဒဝိနိစ္ဆယ၊

၈။ အဗြဟ္မစရိယဝိနိစ္ဆယ၊

၉။ ပဒဝိသောဓနီ၊

၁၀။ ကဝိပုစ္ဆာ၊

၁၁။ ဗောဓိမဂ္ဂစာတမ်း၊

၁၂။ ကမ္မဝိနိစ္ဆယဒုစရိုက်ခွဲ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၇၃၊ ၁၇၄။