မနီတိုးဗားပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မနီတိုးဗားပြည်နယ်[ပြင်​ဆင်​ရန်​]

မနီတိုးဗား ပြည်နယ် (Manitoba) သည် ကနေဒါ ဒိုမီနီယာန် နိုင်ငံတွင် ပါဝင်သော ပြည်နယ်တစ် နယ်ဖြစ်၍ အကျယ်အဝန်းမှာ ၂၄၆၅၁၂ စတုရန်းမိုင်ရှိ၏။ မနီတိုးဗား ပြည်နယ်သည် ပထဝီဝင် သဘောအရ ြောမက်အမေရိကတိုက် အလယ်ဗဟိုတွင် တည်ရှိ၏။ ကနေဒါနိုင်ငံရှိ ပရေရီနယ်များ အနက် အရှေ့ဘက်ဖျားတွင် တည်ရှိသည်။ နယ်နိမိတ်မှာ မြောက်ဘက်တွင် ကီဝါတင်ခရိုင်၊ အရှေ့မြောက်ဘက်တွင် ဟဒ်ဆန်ပင်လယ်အော်၊ အရှေ့ဘက်တွင် အွန်တေးရီယိုပြည်နယ်၊ တောင်ဘက်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံ၌ ပါဝင်သော မင်နီဆိုတာနှင့် မြောက်ဒကိုးတာပြည်နယ်များ၊ အနောက်ဘက်တွင် ဆက်စကက်ချီဝမ်းပြည်နယ်တို့တည်ရှိ၏။

မနီတိုးဗား ပြည်နယ်သည် မြေပြန့်မြေနိမ့်ပိုင်းတွင် တည်ရှိ၏။ မြစ်ချောင်းအင်းအိုင် ပေါများလျက် မြစ်များသည် ဟဒ်ဆန် ပင်လာ်အော်တွင်းသို့စီးဝင်သည်။ မနီတိုးဗားပြည်နယ်တွင် ထင်ရှားသော အိုင်ကြီး ၃ ခုရှိ၍ ယင်းတို့မှာ ဝင်နီပက်အိုင်၊ မနီတိုးဗားအိုင်နှင့် ဝင်နီပက်ဂိုးဆစ် အိုင်များဖြစ်၏။

အခြားအိုင်ငယ်များလည်း ရှိသေး၏။ မနီတိုးဗားပြည်နယ်၏ အလယ်ဗဟိုတွင် တည်ရှိသည့် ယင်းအိုင်ကြီး ၃ အိုင်တွင်းသို့ မြစ်နီ (ရက်ရီဗား)၊ ဝင်နီပက်နှင့် ဆက်စကက်ချီဝမ် မြစ်များစီးဝင်၏။ နယ်လဆန်မြစ်မှာ ယင်းအိုင်များ၏ ထွက်ပေါက်ဖြစ်၏။ ချာချီ နှင့် ဆီးလမြစ်တို့သည် မြောက်ဘက်ယွန်းယွန်းတွင် စီးဆင်းသည်။ ချာချီမြစ်ဝတွင် တည်ရှိသော ချာချီဆိပ်ကမ်းသည် နွေဥတုတွင် အင်္ဂလန်ပြည် လီဗာပူးမြို့နှင့် တိုက်ရိုက် အဆက်အသွယ်ရှိ၏။

မနီတိုးဗားပြည်နယ်၏ ဗဟိုရုံး စိုက်ရာ မြို့တော်မှာ ဝင်နီပက်မြို့ဖြစ်၍ အခြားမြို့ကြီးများကား စိန်ဗွန်နီဗေ့၊ ဗရန်ဒန်၊ ပေါတစ်လာပရေရနီနှင့် ထရန်စကိုးနီးယား မြို့များဖြစ်ကြလေသည်။

မနီတိုးဗား ပြည်နယ်ကို သဘာဝအပိုင်းကြီး ၃ ပိုင်းပိုင်းခြားနိုင်၏။ ယင်းတို့မှာ ဟဒ်ဆ်ပင်လယ်အော် မြေနိမ့်ပိုင်း၊ လော်ရင်းရှန် ကုန်းပြင်မြင့်နှင့် ပရေရီဒေသ တို့ဖြစ်၏။ ဟဒ်ဆန်ပင်လယ်အော် မြေနိမ့်ပိုင်းသည် ပြန့်၍ ကျောက်ထူထပ်သော အရပ်ဖြစ်၏။ ဟဒ်ဆန်ပင်လယ်အော် ကမ်းခြေမှသည် အနောက်တောင်ယွန်းယွန်း မနီတိုဗား ပြည်နယ်ထဲသို့မိုင် ၁ဝဝ ခန့်ကျယ်ပြန့်၏။ ရာသီဥတု ဧချမ်း၏။ ချုံနွယ်ပိတ်ပေါင်းမှတစ်ပါး ပေါက်ရောက် သော အခြားအပင်များ နည်းပါး၏။ လယ်ယာစိုက်ပျိုးရန် မြေဆီ0x100သ ဇာနှင့် ပြည့်စုံသော မြေမျိုးမဟုတ်ပေ။ ဤအရပ်တွင် လူနေအိမ်ခြေ နည်းပါး၏။ လော်ရင်းရှန်းကုန်းပြင်မြင့်သည် ကနေဒါနိုင်ငံ၏ များစွာသော အပိုင်း တစ်လျှောက်တည်ရှိသော ကျောက်တောင်တန်းများ၏ အစိတ်အပိုင်းဖြစ်၏။ မနီတိုးဗား ပြည်နယ်ရှိ ယင်းတောင် ကုန်းများမှာ သစ်တောများဖြင့် ဖုံးလွှမ်းလျက်ရှိကာ ဓာတ်သတ္တုလည်း ပေါကြွယ်ဝ၍ ထိုဒေသ တွင် လယ်ယာ လုပ်ကိုင်နိုင်သည့် မြေမျိုးရှိ၏။ ပရေရီဒေသမှာ မြောက်အမေရိကတိုက်တွင် ထင်ရှားသော ပရေရီလွင်ပြင်၏ တစ်စိတ် တစ်ဒေသဖြစ်၏။ မြေဆီ0x100သဇာ ကောင်းမွန်၍ ကောက်သီး ကောက်နှံဖွံ့ဖြိုး၏။

မနီတိုးဗား ပြည်နယ်၏ ရာသီဥတုသည် ဆောင်းရာသီ ရှည်လျား၍ ချမ်းဧ၏။ ဒီဇင်ဘာလမှ မတ်လတိုင်အောင် မြေ ကြီးသည် ဆီးနှင်းဖြင့် ဖုံးလွှမ်းလျက်ရှိ၏။ ဆောင်းရာသီမှ နွေရာသီသို့အကူးအပြောင်း အလွန်လျင် မြန်၏။ ဧပြီလ ဦးပိုင်းတွင် ချမ်းဧလှသော်လည်း ဧပြီလကုန်တွင် နွေရာသီ ဖြစ်နေတတ်ပေသည်။ နွေရာသီသည် တိုတောင်းသော်လည်း နေ့တာရှည်၏။ မိုးရေချိန်မှာ နည်းပါး၏။ တစ်နှစ်လျှင် ပျမ်းမျှ မိုးရေချိန်မှာ လက်မ ၂ဝ ဖြစ်၏။ ယင်းမိုးရေချိန်၏ ၄ ပုံ ၃ ပုံသည် ကောက်သီးကောက်နှံပင် စိုက်ပျိုးကြီးထွားချိန် တွင် ရွာသော မိုးရေ ချိန်ဖြစ်၏။

ပရေရီဒေသသည် မြေဆီ0x100သဇာနှင့် ပြည့်စုံသည်နှင့် အညီ စိုက်ပျိုးဖြစ်ထွန်း၏။ စိုက်ပျိုးရာ၌ မအောင်မြင် ဟူ၍ မရှိ။ မနီတိုးဗားပြည်နယ်တွင် သစ်တောစတုရန်းမိုင် ၃ဝ၅ဝဝ မျှရှိလျက် အဖိုးတန်သစ်များထွက်၏။ ထို့ပြင် တစ်စတုရန်းမိုင် ပေါင်း ၆၂၅ဝဝ မျှ ကျယ်ဝန်း၍ ဖော်ပြခဲ့သည့် တောများ လောက် တန်ဖိုးရှိသော သစ်များ မထွက်စေကာမူ တော သတ္တဝါတို့ကျက်စားရာ ဒေသဖြစ်သော တောများလည်းရှိ၏။

ယင်းတောသတ္တဝါတို့အနက် သားမွေးရသော ဝက်ဝံ၊ ကြောင် မြီးတို့၊ မြွေပါကြီး၊ ဗီဗာဖျံ၊ ကြွက်ကတိုး၊ စကန့်ကောင်၊ ယုန်များကိုလည်း တွေ့ရ၏။ လော်ရင်းရှန်းကုန်းပြင်မြင့်သည် ဓာတ်သတ္တု အလွန်ကြွယ်ဝ၏။ အဓိကသတ္တုများမှာ ရွှေ၊ ကြေး၊ သွပ်နှင့် ငွေတို့ဖြစ်သည်။

မနီးတိုးဗားပြည်နယ်မှ အဓိကထွက်သော ကုန်များမှာ စိုက်ပျိုးရေးအားဖြင့် ဂျုံ၊ မြင်းစာဂျုံ၊ မုယော၊ ရိုင်းစပါး၊ ပဲကျတ်ပြင် (ဆိုယာပဲ)၊ ကလိုဗာပင်၊ အယ်လဖာဖာ၊ မုန်လာဥနီ၊ မုန်လာဥဝါ၊ မုန်လာဥဝိုင်း၊ အမဲနှင့် နို့ထွက် ပစ္စည်းများ သားမွေး၊ သိုး၊ ဝက်၊ ကြက်၊ ဘဲနှင့် ကြက်ဥ၊ ဘဲဥများဖြစ်၏။ မနီတိုးဗားဂျုံသည် မာ၍ ပထမတန်းစား ဂျုံအဖြစ်ထင်ရှား၏။ ဓာတ်သတ္တုတို့မှာ ရွှေ၊ ကြေးနီ၊ သွပ်၊ ငွေ၊ ဘိလတ်ဖမြ၊ ထုံး၊ ဂျစ်ပဆမ်၊ ဆား၊ ဖဲလစပါး စသည် တို့ဖြစ်၏။ စက်မှုလက်မှု လုပ်ငန်းတို့မှာ အမဲသားထုတ် လုပ်ခြင်း၊ မီးရထားတွဲများ ထုတ်လုပ်ခြင်း၊ သစ်နှင့် သစ်ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သစ်ပျော့ဖတ်နှင့် စက္ကူလုပ်ငန်းတို့ဖြစ်၏။ ငါးဖမ်း ခြင်းလုပ်ငန်းလည်း လုပ်ငန်း ကြီးတစ်ခု ဖြစ်၏။

မနီတိုးဗား ပြည်နယ်တွင် ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လွယ်ကူ၏။ ကောင်းမွန်သော ကုန်းလမ်းများ လည်းရှိ၍ မီးရထားလမ်းများလည်း ရှိ၏။ ဝင်နီပက်မြို့သည် ကနေဒါနိုင်ငံ၏ ရှီကာဂိုမြို့ပင်တည်း၊ မနီတိုးဗား နယ်မှ မီးရထားလမ်းများအားလုံးင် ဝင်နီပက်မြို့တွင် ဆုံ၍ အရှေ့အနောက်သို့ယင်းအရပ်မှ ဖြာထွက်၏။ ကနေဒီယန် ပစိဖန် မီးရထားလမ်းနှင့် ကနေဒီယာန် နေရှင်နယ် မီးရထား လမ်းများသည် ဝင်နီပက်တွင် ဆုံလေသည်။ မနီတိုးဗားနယ်၏ မြောက်ပိုင်းတွင် ဟဒ်ဆန်ဗေး မီးရထားလမ်းရှိ၏။ မနီတိုးဗား ပြည်နယ်တွင် လေကြောင်း ခရီးလမ်းများလည်းရှိသည်။

မြောက်ဘက် သတ္တုတူးဖော်ရေးနှင့် သစ်လုပ်ငန်းများ လုပ်ကိုင်ရာသို့သွားရောက်ရာ၌ များသောအားဖြင့် လေ ကြောင်းခရီးကို အသုံးပြု၏။

မနီတိုးဗားပြည်နယ်၏ လူဦးရေမှာ ၁၇ ရာစုနှစ်က စတင်တွေ့ရှိ၏။ ရှေးဦးစွာသာမွေးများကို ရှာဖွေယင်း မနီတိုးဗားသို့ရောက်ရှိလာ၏။ ၁၆၁၂ ခုနှစ်တွင် ဟဒ်ဆန်ပင်လယ်အော် ကမ်းခြေသို့ဦးစွာ ဆိုက်ရောက်လာသူ မှာ အင်္ဂလိပ်လူမျိုး ဆာတောမတ် ဗတ်တန်ဖြစ်၏။ သို့ရာတွင် ၁၆၈၈ ခုနှစ်ရောက်မှသာလျှင် မနီတိုးဗား အတွင်းဘက် ချာချီမြစ်တစ်လျှောက်သို့ဟဒ်ဆန်ဗေးကုမ္ပဏီမှ အလုပ်သမား တစ်ဦးဖြစ်သူ ဟင်နရီ ကယ်ယစီရောက်ရှိသွား ခဲ့၏။ ၁၇၃၁ ခုနှစ်တွင် ပြင်သစ်လူမျိုး ဆီယာဒါလာ ဗယ်ရင်ဒရီက ထိုနယ်တောင်ပိုင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ၁၇၅၄ ခုနှစ်တွင် အင်္ဂလိပ်တို့၏ ဟဒ်ဆန်ဗေးကုမ္ပဏီနှင့် ပြင်သစ်တို့၏ အနောက်မြောက် အပြိုင်အဆိုင် ဖြစ်လာ ခဲ့ကြ၏။ ၁၈၂၁ ခုနှစ်တွင် ယင်းပြိုင်ဘက် ကုမ္ပဏီ ၂ ဦးပေါင်းစည်းခဲ့သော အခါမှ ငြိမ်းအေးသွား၏။ ၁၈၁၁ ခုနှစ်တွင် ရက်ရီဗား တစ်လျှောက်၌ ဆဲလကတ်စား အားဘွဲ့ဆာတောမတ် ဒေါက်ဂလပ်သည် စကော့လူမျိုး တောင်သူလယ်သမား များအတွက် ကိုလိုနီနယ်သစ် ထူထောင်ပေးခဲ့သည်။ ယင်းသို့ ပြောင်းရွှေ့လာသော စကော့ လူမျိုးတို့သည် လက်ဦးပိုင်းတွင် များစွာ အခက်အခဲ တွေ့ကြ၏။ အင်္ဂလိပ် သားမွေးကုန်သည် များက သူတို့ကို သံသယမကင်း ဖြစ်သည့်အပြင်၊ ပြင်သစ် ကပြားများကလည်း သူတို့အား မလိုမုန်းထားပြုကြ၏။

စကော့လူမျိုးတို့လာရောက်နေထိုင်ခွင့် ရစဉ်က မိမိတို့မြေများ ပါသွားသော လူစုကလည်း မကျေမနပ်ဖြစ်ကြ၏။ သို့အားဖြင့် လူဝီ ရီအယ်အမည်ရှိ ပြင်သစ်ကပြားခေါင်းဆောင်သော ပုန်ကန်မှုဖြစ်ပွား၏။ သိ့သော် ကနေဒီ၏န် အစိုးရက နှိမ်နင်း လိုက်၏။ ဤသူပုန်အရေး ဖြစ်ပွားပြီးနောက်တွင် အစိုးရ အင်အားကောင်းမှ ဖြစ်မည်ကို တွေ့ရှိလာသောကြောင့် မနီတိုးဗားကို ကနေဒါနိုင်ငံအတွင်းသို့ပြည်နယ်အဖြစ် သွတ်သွင်းလေ၏။ ရက်ရီဗားခေါ် မြစ်နီမြစ်ဝှမ်းတွင် ရွှေ့ပြောင်းနေထိုင်ကြသူများလည်း အခွင့်အရေးသာကာ ရှေးက ဆင်းရဲခံခဲ့ရသည့် အကျိုးကို ခံစားကြရ၏။ ယင်းနောက် ပိုင်းတွင် မနီတိုးဗားပြည်နယ်၌ မီးရထားလမ်းများ ဖောက်လုပ် ဆက်သွယ်ပေးသဖြင့် တိုးတက်လာ၏။ မနီတိုးဗားပြည်နယ်၏ စိုက်ပျိုးရေးလုပ်ငန်း၊ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာသည်။ ၁၈၈၁ ခုနှစ်မှ ၁၉၁၂ ခုနှစ်အတွင်း တိုးတက်မှု အလွန်လျင်မြန်ခဲ့လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)