ဘောစကိုင်း
- ↑ GAD, Feb 2011.
ရန်ကုန်တိုင်းဒေသကြီး |
|
မြို့တော် : ရန်ကုန်မြို့
မြို့နယ်ပေါင်း : (၄၆) မြို့နယ် |
|
| အနောက်ပိုင်းခရိုင် (၁၄) မြို့နယ် |
|
 |
|
| အရှေ့ပိုင်းခရိုင် (၇) မြို့နယ် |
|
|
| မြောက်ပိုင်းခရိုင် (၁၁) မြို့နယ် |
|
|
| တောင်ပိုင်းခရိုင် (၁၄) မြို့နယ် |
|
|
| အဓိကမြို့များ |
|
|
| ဘောစကိုင်း |
 |
| သိပ္ပံနည်းကျမျိုးခွဲခြင်း |
|
|
| ဒွိနာမ |
| ''Leucaena leucocephala'' |
[ပြင်ဆင်ရန်] Leucaena glauca Benth (ဘောစကိုင်း)
- Botany Term : Leucaena glauca Benth
- Species/Family : Mimosaceae
ပုံသဏ္ဌာန် : အပင်---- ပင်လတ် တစ်မျိုး ဖြစ်၏ ။ အမြင့် ၁၅ ပေမှ ၂၅ ပေခန့် ထိ မြင့်သည်။ အကိုင်း ဖြာသည်။ အခေါက် ကြမ်းပြီး မွဲခြောက်ခြောက် မီးခိုး ညိုရောင် ပေါ်တွင် အစိမ်းရောင် အကွက်ကလေးများ ရှိသည်။ အရွက်---ငှက်မွေး ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ရွက်မျော ရှိသည်။ ထိပ်အနည်းငယ် ချွန်ပြီး ရွက်ရင်း ရွဲ့စောင်း ၍ ခပ်ကျဲကျဲ မျက်နှာချင်း ဆိုင် ထွက်သည်။ အပွင့် ---- ပန်းခိုင် ထီးထီး ဖြစ်သည်။ ပန်းခိုင် ထိပ်တွင် ပန်းပွင့်လေး များစုပြုံ၍ ဘောလုံးသဏ္ဍာန် ပွင့်၏ ။ (နန်းလုံးကြိုင် ပွင့် နှင့်တူသည်။) အပွင့် အဖြူရောင် ရှိသည်။ တစ်နှစ် ပတ်လုံး ပွင့်သည်။ အသီး-- သီးတောင့် ရှည်မျိုး ဖြစ်၍ ပါးပြီး ပြားသည်။ အသီး တွင်း၌ အညိုရောင် ပြောင်ချောသော အစေ့ ၁၅ စေ့ အထိ ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အခေါက် ၊ အစေ့ ၊ ပဉ္စငါးပါး ၊ အရွက် နှင့် အသီးခွံ ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့အပြား ၌ ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင်--- မြန်မာ့ ဆေးကျမ်း များ အလိုအရ ဘောစကိုင်းသည် ပူ၏ ၊ သွေးကို ကြွစေ၏ ၊ လေကို ကြေစေ၏ ၊ အဆိပ်ကို နိုင်၏ ။ အသုံးပြုပုံ- အခေါက် ၁ ။ အခေါက် ကို ကိုယ်တွင်း ၌ နာကျင် ကိုက်ခဲသော ရောဂါ အတွက် အတွင်းဆေး အဖြစ် အသုံးပြု သည်။ ၂ ။အခေါက် နှင့် အမြစ်ပြုတ် ရည်ကို ကိုယ်ဝန်ပျက် မကျစေရန် ကာကွယ်ဆေး အဖြစ် ဖော်စပ် အသုံးပြု၏ ။ အစေ့ ၁ ။ အစေ့ကို အကိုက်အခဲ အဖော အရောင် ပျောက်ရန် လိမ်းဆေး အဖြစ် ဖော်စပ် အသုံးပြုသည်။ ပဉ္စငါးပါး ၁ ။ ဘောစကိုင်း ကို အဆိပ်ဖြေ ဆေးအဖြစ် အသုံးပြု ရာ၌ ထင်ရှား၏။ ဘောစကိုင်း ငါးပါး သို့မဟုတ် အမြစ် ကို ကြိတ်၍ ထောပတ် နှင့် ရောပြီး သောက်ခြင်း ၊ ကိုက်ခဲ ရာ၌ လိမ်းကျံ ခြင်း ဖြင့် မြွေဆိပ် ပြေ၏။ အရွက်နှင့် အသီးခွံ ၁ ။ အရွက် နုကလေးများ နှင့် အသီးခွံ ကို ပြုတ်၍ တို့စားခြင်းဖြင့် ဝမ်းမှန် စေသည်။ ဒူလာ ကိုက်ခဲခြင်း ကိုလည်း ပျောက်စေသည်။ [၁]
- ↑ http://arogyamonline.com/commodity/materials/?raw=92