ဘောင်းမန်း မော်စကို နည်းပညာ တက္ကသိုလ်

ဝီကီပီးဒီးယား မှ
ဘောင်းမန်း မော်စကို နည်းပညာ တက္ကသိုလ်
Московский государственный технический университет им. Н. Э. Баумана
ဆောင်ပုဒ်«Мужество, Воля, Труд, Упорство!»
"Courage, will, labor, perseverance!"
အမျိုးအစားအများနှင့်သက်ဆိုင်သော
တည်ထောင်၁၈၃၀
ဥက္ကဋ္ဌအီဂေါ ဖျိုဒရော့ဗ်[၁]
ပါမောက္ခချုပ်အန်နာတိုလေ အလက်ဇန်းဒရော့ဗ်[၂]
ဆရာဦးရေ
၃,၅၅၀
သင်တန်းသား၁၉,၀၀၀
ဘွဲ့လွန်ဦးရေ၁,၀၀၀
လိပ်စာ2-nd Baumanskaya, 5, 105005, Moscow, Russia., မော်စကိုမြို့,  ရုရှား
ပရဝုဏ်မြို့ပြ
ဝဘ်ဆိုဒ်www.bmstu.ru

ဘောင်းမန်း မော်စကို နည်းပညာ တက္ကသိုလ်(ရုရှား: Московский государственный технический университет им. Н. Э. Баумана (МГТУ им. Н. Э. Баумана)) (အင်္ဂလိပ်: Bauman Moscow State Technical University))(အတိုကောတ် - BMSTU) ဟု ခေါ်သော စက်မှုနည်းပညာတက္ကသိုလ် မော်စကိုမြို့တွင် တည်ရှိသည်။ ဘောင်းမန်းနည်းပညာတက္ကသိုလ်သည် မော်စကိုမြို့တွင် နယ်ပယ်အသီးသီးမှ အင်ဂျင်နီယာပညာရပ်များနှင့် အသုံးချသိပ္ပံပညာရပ်များအတွက်B.S., M.S., B.E., M.E. နှင့် PhD ဘွဲ့များကို အပ်နှင်းသော အကြီးဆုံးနှင့် သတ်တမ်းအရှည်ကြာဆုံး တက္ကသိုလ် ဖြစ်သည်။ ထို့ပြင် ရုရှားနိုင်ငံ၏ ပထမဆုံးသော နည်းပညာတက္ကသိုလ်လည်း ဖြစ်သည်။[၃][၄].

ဘောင်းမန်း နည်းပညာတက္ကသိုလ်အား ညနေခင်းအချိန်တွင် လင်ဗိုသာဖောဒ့်ပန်းခြံမှ မြင်ရပုံ

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Russian anniversary postage stamp with the Main Building of the Bauman University,2005

ဘောင်းမန်းတက္ကသိုလ်သည် လာမာနိုဆော့ဗ် မော်စကို တက္ကသိုလ်(၁၇၅၅ခုနှစ်) ပြီးလျှင် ဒုတိယမြောက် သက်တမ်းအကြာဆုံး တက္ကသိုလ်တစ်ခုဖြစ်သည်။ ၁၇၆၃ ခုနှစ်တွင် ရုရှားဧကရီ ဒုတိယမြောက် ကတ်သရင်းဘုရင်မကြီးသည် Educational Imperial House ကို တည်ထောင်ခဲ့သည်။ ၁၈၂၆ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် ကြင်ယာတော်၏ အရိုက်အရာဆက်ခံသူ ဧကရီ မာရီယာ ဖျိုဒရိုဗနာသည် ဂျာမန်ရပ်ကွက်ရှိ မော်စကိုမိဘမဲ့ကလေးဂေဟာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် «ကြီးမားသော အလုပ်ရုံတစ်ခုကို အိပ်ခန်း၊ ညစာစားခန်း အစရှိသဖြင့် မတူညီသော လက်မှုပညာသည်တို့အတွက်» တည်ထောင်ရန် အမိန့်ပေးခဲ့သည်။ လက်မှုပညာသည်တို့သည် မိဘမဲ့ဂေဟာမှ ထိုနေရာသို့ ပြောင်းရွေ့လာခဲ့ကြသည်။ ၁၈၃၀ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အင်ပါယာပြည့်ရှင် ပထမမြောက် နီကိုးလပ်စ်သည် «မော်စကိုလက်မှုပညာသည်ကျောင်း၏ နည်းဥပဒေ»ကို သဘောကျတော်မှု၍ ထုတ်ပြန်ခဲ့လေရာ ဤသည်မှာပင် ပထမဆုံးသော ရုရှားနည်းပညာတက္ကသိုလ်၏ ကနဦးအစဖြစ်ခဲ့လေသည်။

ရုရှားနိုင်ငံတွင် စက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာသောအခါ ကျွမ်းကျင်မှုရှိသော လုပ်သားများကို များလှစွာ ကုန်သွယ်မှုလုပ်ငန်းများ၌ လိုအပ်လာခဲ့သည်။ ထိုကြောင့် ကျောင်းသစ်၏ ရည်မှန်းချက်သည် သဘောတရားရေးရာပြည့်ဝမှုရှိပြီး ကျွမ်းကျင်သော လက်မှုပညာသည်တို့ကို ရုရှားအင်ပါယာတဝှမ်းလုံး အမျိုးမျိုးသော လုပ်ငန်းတို့၌ တိုးတက်ပျံ့နှံ့ရန်ဖြစ်သည်။ ရုရှားနိုင်ငံတွင် စက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာသောအခါ ကျွမ်းကျင်မှုရှိသော လုပ်သားများကို များလှစွာ ကုန်သွယ်မှုလုပ်ငန်းများ၌ လိုအပ်လာခဲ့သည်။ ထိုကြောင့် ကျောင်းသစ်၏ ရည်မှန်းချက်သည် သဘောတရားရေးရာပြည့်ဝမှုရှိပြီး ကျွမ်းကျင်သော လက်မှုပညာသည်တို့ကို ရုရှားအင်ပါယာတဝှမ်းလုံး အမျိုးမျိုးသော လုပ်ငန်းတို့၌ တိုးတက်ပျံ့နှံ့ရန်ဖြစ်သည်။ ကျောင်းသစ်ကို အမျိုးမျိုးသော လက်မှုပညာများကိုသာမက သိပ္ပံအခြေခံသဘောတရားများကိုပါ သင်ကြားရန် ရည်ရွယ်၍ ထူထောင်ခဲ့ခြင်းဖြစ်သည်။ ၁၈၆၈ ခုနှစ်တွင် ပညာရေးအတော်ကောင်းမွန်လာကာ Victor Della-Vos ၏ အုပ်ချုပ်မှုအောက်တွင် ကျောင်းအား အင်ပါယာမော်စကိုနည်းပညာကျောင်း(Imperial Moscow Technical School (IMTS))အဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။ ကျောင်း၏ရည်ရွယ်ချက်မှာ «ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာနှင့် စက်မှုနည်းပညာရှင်များကို သင်ကြားမွေးထုတ်ပေးရန်» ဟူ၍ ဖြစ်လာခဲ့သည်။ IMTS သည် အသုံးချသိပ္ပံ၊ ဓာတုပစ္စည်း၊ စားသောက်ကုန်၊ အထည်အလိပ်လုပ်ငန်းနှင့် စက်မှုသိပ္ပံဆိုင်ရာတို့တွင် သိသာထင်ရှားသော အောင်မြင်မှုများရရှိခဲ့သည်။

IMTS ၏ ဘဏ္ဍာရေးကို အစိုးရနှင့် စက်မှုလုပ်ငန်းရှင်များမှ ထောက်ပံ့ခဲ့သည်။ ကျောင်း၏ စီမံခန့်ခွဲမှုစနစ်မှာ ဒီမိုကရေစီစနစ်ဖြစ်သည်။ ကျောင်းသစ်၏ အဓိကလက္ခဏာမှာ "ရုရှားနည်း"ဟုခေါ်သော သင်ကြားရေးစနစ်[၅]ဖြစ်ပြီး ကျယ်ပြန့်၍ နှံစပ်သော သဘောတရားပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို စက်ရုံများနှင့်ချိတ်ဆက်ကာ အခြေခံကျသော လက်တွေ့လေ့ကျင့်ခန်းများနှင့် ပေါင်းစပ်သင်ကြားသော နည်းစနစ်ဖြစ်သည်။ သူ၏ ခေါင်းဆောင်မှုအောက်တွင် ကျောင်းသည် ဗီယင်နာမြို့တွင် ကျင်းပသော ကမ္ဘာ့ကုန်စည်ပြပွဲ (၁၈၇၃ ခုနှစ်)တွင် ဝင်ရောက်ပါဝင်ခဲ့သည်။ ထို့ပြင် ၁၈၇၆ ခုနှစ်တွင် ကျင်းပသော Philadelphia Centennial Exhibition တွင် ပါဝင်ခဲ့ရာ ၎င်းသင်ကြားနည်းစနစ်သည် ရွှေတံဆိပ်ရရှိခဲ့သည်။ ဤသင်ကြားနည်းစနစ်သည် ဂျွန် ဒန်နီယယ် ရန်ကဲယ် ပေါ်တွင် လွှမ်းမိုးမှုရှိခဲ့ပြီး မန်ဆာချူးဆက်နည်းပညာအင်စတီကျူတွင် စတင်၍ စာတွေ့သင်ခန်းစာများနှင့်အတူ လက်တွေ့သင်ခန်းစာများကို သင်ကြားခဲ့သည်။[၆] ဤနည်းကို အခြားသော အမေရိကန်တက္ကသိုလ်များတွင်လည်း အသုံးပြုကြသည်။[၇] IMTS သည် ရုရှားအင်ပါယာတွင် အကောင်းဆုံး စက်မှုကျောင်းတစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာတွင်လည်း ထိပ်ဆုံးအဆင့်ရှိသော နည်းပညာကျောင်းများ စာရင်းဝင်ခဲ့သည်။ ထို့ပြင် ထူးချွန်ထက်မြက်သော သိပ္ပံပညာရှင်များသည်လည်း IMTS တွင် သင်ကြားပေးလျက်ရှိသည်။ ၎င်းတို့အထဲတွင် ဒမီသရီ မန်းဒယ်လိယပ်၊ နီကိုလိုင်း ဇူးကော့ဗ်စကီး၊ ပါ့နုသီ ချာဘီးရှော့ဖ်၊ ဆဲရ်ဂဲလ်ရီ ချာပလီဂင်၊ အန်ဒရဲရီ Yershov၊ D. Sovetkin၊ F. Dmitriev၊ A. Letnikovနှင့် A. Gavrilenko ကဲ့သို့သော ပညာရှင်များ ပါဝင်ကြသည်။

ဆိုဗီယက်ခေတ်တွင် ကျောင်းအား ဘောင်းမန်းမော်စကိုအဆင်မြင့်နည်းပညာကျောင်းအဖြစ် တော်လှန်ရေးကာလတွင် ကျဆုံးခဲ့သူ နီကိုလိုင်း ဘောင်းမန်းအား ဂုဏ်ပြု၍ မှည့်ခေါ်ခဲ့သည်။ ဘောင်းမန်းနည်းပညာကျောင်းသည် စက်နှင့်ကိရိယာတည်ဆောက်ရေး အင်ဂျင်နီယာများအတွက် ဆက်လက်၍ သင်ကြားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် စစ်ဘက်နည်းပညာဆိုင်ရာဌာနတစ်ခုကိုဖွင့်လှစ်ခဲ့ပြီး တင့်၊ အမြောက်နှင့် ခဲယမ်းနည်းပညာများ သင်ကြားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ရော့ကတ်နည်းပညာဌာနကို ထပ်တိုးခဲ့သည်။

၂၀ ရာစု၏ ပထမရာစုနှစ် တပိုင်းသောကာလအတွင်း ဘောင်းမန်းတက္ကသိုလ်မှသည် ဆိုဗီယက်ပြည်ထောင်စု အတွင်း နည်းပညာတက္ကသိုလ် ၇၀ ကျော်ကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။ ထိုအထဲမှ Moscow Aviation Instituteမော်စကို စွမ်းအင်အင်ဂျင်နီယာ တက္ကသိုလ်၊ Moscow University of Civil Engineering, Moscow Chemical Institute၊ Moscow Communication and Informatics University၊ Central Aerohydrodynamics Institute TSAGIနှင့် the Military Academy of Aviation Engineering Joukovski ကဲ့သို့သော အချို့သောကျောင်းများသည် နာမည်ကြီးကျောင်းများဖြစ်နေပြီ ဖြစ်သည်။[၈]

၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဆိုဗီယက်အစိုးရသည် အများပြည်သူ၏ ပညာရေးအတွက် ရည်သန်၍ ဘောင်းမန်းအဆင့်မြင့်နည်းပညာကျောင်းအား ဘောင်မန်းမော်စကိုနည်းပညာတက္ကသိုလ်အဖြစ် ကျောင်းအမည်ကို မြှင့်တင်ပေးခဲ့သည်။ ဘောင်းမန်းတက္ကသိုလ်အား ရုရှားနိုင်ငံ၏ ပထမဆုံးသော နည်းပညာတက္ကသိုလ်အဖြစ် ဂုဏ်ပြုခဲ့သည်။ ၂၀၀,၀၀၀ လောက်နီးပါးသော ကျောင်းသားများသည် ထိုတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ဖြစ်သည်။ ၎င်းတို့သည် အင်ဂျင်နီယာများ (သို့မဟုတ်) သိပ္ပံပညာရှင်များအဖြစ် သုတေသနစင်တာများ၊ တက္ကသိုလ်များ၊ ပုဂ္ဂလိက (သို့မဟုတ်) အစိုးရ ကုမ္ပဏီများတွင် ဦးဆောင်လျက်ရှိသည်။ များလှစွာသော အစိုးရအရာရှိများ၊ ဒီဇိုင်းအရာရှိချုပ်များ၊ ကုမ္ပဏီလုပ်ငန်းကြီများ၏ စီအီးအိုများ၊ အာကာသယာဉ်မှူးများသည် ဘောင်းမန်းတက္ကသိုလ်၌ ဘွဲ့ရရှိခဲ့သူများ ဖြစ်ကြသည်။

ဘောင်းမန်းတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူများသည် ကမ္ဘာသိပညာရှင်များဖြစ်ကြကာ ၎င်းတို့အထဲတွင် ဆဲလ်ဂဲရီ ကာရာလျော့ဗ် (ပထမဆုံးဂြိုဟ်တုကို အာကသတွင်း လွှတ်တင်ခြင်းနှင့် ပထမဆုံး အမျိုးသားနှင့် အမျိုးသမီးကို အာကသအတွင်း ပို့ဆောင်နိုင်ခြင်းအတွက်)၊ အန်ဒရဲရီ တူပါလျော့ဖ် (ကမ္ဘာပထမဆုံးသော စူပါဆိုးနစ် ခရီသည်တင်လေယာဉ်)၊ နီကိုလိုင်း ဒါလဲ့ရှား (world first civil nuclear plant)၊ ဗလာဒီမီယာ ရှူးကော့ဗ်(for the first method and the world first petrol cracking plant as well as for the first hyperboloid structures in architecture)၊ နီကိုလိုင် ဇူးကော့ဗ်စကီး(for the foundation of aerodynamics and hydrodynamics sciences)၊ ပါဗျယ် ဆူဟွိုင်း(for the foundation of Sukhoi Aerospace Design Bureau) တို့ပါဝင်သည်။

အချို့သော BMSTU သီခြားဌာနများသည် မော်စကိုမြို့၏ပြင်ပ မော်စကိုနယ်အတွင်းရှိ မြို့များဖြစ်သော ကရာဇနို့ရာ့စ်မြို့ (Russian: Красногорск)၊ ရက်စတော့ဗ်မြို့ (Russian: Реутов)၊ ကာရာလျော့ဖ်မြို့ (Russian: Королёв)များတွင် တည်ရှိသည်။ တက္ကသိုလ်၏ အကြီးဆုံးသော ကျောင်းခွဲ Archived 23 March 2008 at the Wayback Machine.သည် ကာလုဂါမြို့ (Russian: Калуга) တွင် တည်ရှိသည်။


ယနေ့ခေတ် တက္ကသိုလ်[ပြင်ဆင်ရန်]

ယနေ့အခါတွင် ဘောင်းမန်းတက္ကသိုလ်၌ အထူးပြုဘာသာရပ် အမျိုးအစားပေါင်း ၇၀ ကျော်ကို သင်ကြားပေးနိုင်ပြီဖြစ်သည်။ [၉] ၂၀၀၇ ခုနှစ်တွင် တက္ကသိုလ်၌ ကျောင်းသားပေါင်း ၁၈ ၀၀၀ သင်ကြားလျက်ရှိပြီး သင်ကြားရေးစနစ်အတွက် ပါမောက္ခနှင့် ဆရာ၊ ဆရာမ ၄၅၀၀ ကျော် ပါဝင်သင်ကြားပေးလျက်ရှိသည်။ ထိုအထဲတွင် Doctor of Sciences (Доктор наук) ၄၅၀နှင့် Candidate of Sciences(Кандидат наук) ၃၀၀၀ ပတ်ဝန်းကျင် ပါဝင်ကြသည်။ ၁၉၁၈ မှစ၍ ၁၉၉၇ ခုနှစ်ထိ အထူးပြုအင်ဂျင်နီယာဘွဲ့ရ ၁၂၀ ၀၀၀ ကျော်မွေးထုတ်ခဲ့ပြီး ဖြစ်သည်။ ထိုထဲမှ အများစုသည် စက်နှင့် စက်ပစ္စည်း ကုမ္ပဏီများတွင် တည်ဆောင်ခြင်း၊ သုတသန လုပ်ခြင်းများဖြင့် လုပ်ကိုင်လျက်ရှိသည်။

ကျောင်းခွဲများ[ပြင်ဆင်ရန်]

ဒမီသရော့ဖ်မြို့[ပြင်ဆင်ရန်]

ဒမီသရော့ဖ် BMSTU ကျောင်းခွဲကို ဆိုဗီယက်ကောင်စီ အမိန့်အမှတ် № 1009-Р от 06.04.1960 အဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၆၅ ခုနှစ်—၁၉၇၃ ခုနှစ်တွင် Suburban Educational and Science-Experimental Centre (Загородный учебный и научно-экспериментальный центр) အဖြစ် ၁၉၇၃ ခုနှစ်—၂၀၀၀ ခုနှစ်အထိ Educational-Experimental Centre (Учебно-экспериментальный центр) အဖြစ် ဖွင့်လှစ်ခဲ့သည်။[၁၀] ဘောင်းမန်းတက္ကသိုလ်ရေဒီယိုတယ်လီစကုပ်သည် ဒမီသရော့ဖ်ကျောင်းခွဲအနီးတွင် တည်ရှိသည်။

ကာလုဂါမြို့[ပြင်ဆင်ရန်]

၁၉၅၉ ခုနှစ်တွင် ကာလုဂါမြို့တွင် စက်ရုံသုံး စက်များနှင့် ပစ္စည်းကိရိယာများအတွက် အင်ဂျင်နီယာပညာရပ်များသင်ကြားရန် ကျောင်းခွဲကို ဖွင့်လှစ်ခဲ့သည်။ ယနေ့အခါတွင် ဘောင်းမန်းတက္ကသိုလ် ကာလုဂါကျောင်းခွဲသည် ကာလုဂါဒေသတွင် ထိပ်ဆုံး နည်းပညာကျောင်းတစ်ကျောင်းနှင့် ယုံကြည်စိတ်ချမှုအရှိဆုံးနှင့် အကြီးဆုံး နည်းပညာကျောင်းခွဲဖြစ်သည်။ ကာလုဂါကျောင်းတွင် အဆောင် ၇ ခုရှိသည်။ ကာလုဂါကျောင်းခွဲသည် ပညာရေး-သိပ္ပံ-ထုတ်လုပ်မှု ကွန်းပလပ်စ်ဖြစ်ပြီး ဌာန ၅ ခု(machine engineering technologies; design-mechanical; electronics, informatics and management; socioeconomic; fundamental science )၊ စစ်ဘက်ပညာဌာန၊ ကွန်ပျူတာ သတင်းအချက်အလက်နှင့်နည်းပညာဌာန၊ စာဖတ်ခန်းများပါဝင်သော စာကြည့်တိုက်၊ အားကစားလေ့ကျင့်ရေးကွင်းနှင့် အားကစားအဆောက်အဦတို့ ပါဝင်သည်။

ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း[ပြင်ဆင်ရန်]

ဘောင်းမန်းတက္ကသိုလ်ပုံနှိပ်တိုက်ကို ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ[၁၁]တွင် တက္ကသိုလ် ပုံနှိပ်ထုတ်ဝေရေးဌာနအဖြစ် တည်ထောင်ခဲ့သည်။ ပုံနှိပ်တိုက်သည် လက်စွဲစာစောင်၊ လက်စွဲစာအုပ်၊ စာတမ်းနှင့် ဘောင်းမန်းနှင့် အခြားနည်းပညာတက္ကသိုလ်များအတွက် လေ့လာရေးလမ်းညွှန်များကို ထုတ်ဝေခဲ့သည်။

ကျောင်း၏ သတင်းစားဖြစ်သော ဘောင်းမန်းညှက်(Baumanets)သတင်းစာကို ၁၉၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။ ထိုစဉ်က ထိုသတင်းစာကို အူဒါနိ(Udarnik) ဟုခေါ်ခဲ့သည်။ သတင်းစာ၏ သက်တမ်းမှာ အနှစ် ၉၀ ကျော်ပြီဖြစ်သည်။ တက္ကသိုလ်၏ ဖြစ်ပျက်စုံစုံကို သတင်းစား၏ စာမျက်နှာများပေါ်တွင် တွေ့နိုင်သည်။ ယနေ့ခေတ်တွင် ဘောင်းမန်းညှက် Archived 22 June 2017 at the Wayback Machine.သတင်းစာကို သတင်းစာအနေဖြင့်ဖြစ်စေ ဘောင်းမန်းတက္ကသိုလ် ဝက်ဘ်ဆိုဒ်စာမျက်နှာတွင် အီလက်ထရောနစ် သတင်းစာအဖြစ်ဖြစ်စေ ရရှိနိုင်ပြီ ဖြစ်သည်။

၁၉၉၀ ခုနှစ်တွင် ဘောင်းမန်းတက္ကသိုလ်ပုံနှိပ်တိုက်သည် သီအိုရီနှင့် အသုံးချစာအုပ်ဖြစ်သော "Vestnik MSTU" ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်များသည် ပညာရေးဆိုင်ရာ စာအုပ်များဖြစ်ကြပြီး မတူညီသော သိပ္ပံပညာရပ်ဆိုင်ရာနယ်ပယ်များဖြစ်သည့် ရူပဗေဒနှင့် သင်္ချာ၊ သတင်းအချက်အလက်နှင့် ကွန်ပျူတာသိပ္ပံ၊ အလင်းသီအိုရီ၊ စက်မှု၊ ရေဒီယို၊ ကိရိယာ၊ စွမ်းအင်အင်ဂျင်နီယာ၊ လေဆာနည်းပညာ၊ ဘောဂဗေဒ၊ ဥပဒေနှင့် အခြားသောဘာသာရပ်များ တို့မှဖြစ်သည်။

ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များ[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]

  1. Официальный веб-сайт МГТУ им Н. Э. Баумана Archived 11 June 2012 at the Wayback Machine.
  2. Выборы ректора МГТУ им. Н. Э. Баумана Archived 11 June 2012 at the Wayback Machine.
  3. EduNetwork။ 4 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-01 တွင် ပြန်စစ်ပြီး။
  4. Завтра крупнейший технический университет страны - МГТУ имени Н. Э. Баумана встречает абитуриентов и их родителей.။ 4 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-01 တွင် ပြန်စစ်ပြီး။
  5. История။ Bmstu.ru။ 13 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2011 တွင် ပြန်စစ်ပြီး။
  6. Schenk၊ John P.။ The Life and Times of Victor Karlovich Della-Vos။ 31 December 2013 တွင် ပြန်စစ်ပြီး။
  7. История။ Bmstu.ru။ 10 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2011 တွင် ပြန်စစ်ပြီး။
  8. История။ Bmstu.ru။ 16 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2011 တွင် ပြန်စစ်ပြီး။
  9. МГТУ им. Н. Э. Баумана. Перечень образовательных программ။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 April 2015 တွင် ပြန်စစ်ပြီး။
  10. Archived copy။ 15 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-10-16 တွင် ပြန်စစ်ပြီး။
  11. http://baumanpress.ru

ပြင့်ပလင့်များ[ပြင်ဆင်ရန်]


ကိုဩဒိနိတ်: 55°45′57″N 37°41′5″E / 55.76583°N 37.68472°E / 55.76583; 37.68472