ဘုံတလာ ရေတံခွန်

ဝီကီပီးဒီးယား မှ

ဘုံတလာ ရေတံခွန်သည် ချင်းပြည်နယ်၏ကျက်သရေဆောင်အရှည်ဆုံးရေတံခွန်ဖြစ်ပြီး မတူပီမြို့၏ (၁၆)မိုင်အကွာတွင် တည်ရှိသည်။ ဘုံတလာ ရေတံခွန်သည် အဆင့်ကိုးဆင့်ရှိပြီး အမြင့်ပေ ၁၅၀ဝ ရှိသည်။ အဆင့်ကိုးဆင့်ရှိသော်လည်း အဆင့်ငါးထိသာ သွားရောက်နိုင်ပြီး ကျန်အဆင့်များမှာ သွားရောက်ရန် မလွယ်ကူသေးပေ။

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

မတူလူမျိုးများသည် ရေတံခွန်များကို bung tla ဟုခေါ်ဝေါ်‌လေ့ရှိကြသည်။ ထို့ကြောင့် ဘုံတလာဟူသောဝေါဟာရမှာ ရေတံခွန် ဟူ၍အဓိပ္ပာယ်ရသည်။ ထိုဝေါဟာရသည် အထက်မှအောက်သို့ ကျခြင်းဟုအဓိပ္ပာယ်ရသော "လာ(Tla)" ဟူသော ဝေါဟာရကို "ဘုန်(bung)" ဟူသော မြည်သံစွဲအလင်္ကာနှင့် ပေါင်းစည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် bung tla ဟူသော‌ ဝေါဟာရသည် တဘုန်းဘုန်းကျခြင်းဟူ၍လည်း အဓိပ္ပာယ်ရသည်။ မတူစကား (Bung Tla)ကို မြန်မာစာလို ဘာသာပြန်ရေးရာတွင် ဘုံတလာဟု သုံးနှုန်းရေးသားခြင်းဖြစ်သည်။[ကိုးကားချက်လိုသည်]

လမ်းခရီး[ပြင်ဆင်ရန်]

ဘုံတလာရေတံခွန်သည် မတူပီမြို့၏ မြောက်ဘက်အရပ်တွင် တည်ရှိသည်။ ဘုံတလာရေတံခွန်သို့ ယခင်က ကားလမ်းမပေါက်ခဲ့ဘဲ မတူပီမြို့မှ နေ့ဝက် ခြေကျင်ခရီးဖြင့် သွားရောက်ခဲ့ကြရသည်။ ၂၀၁၃ ခုနှစ်တွင် ဘုံတလာရေတံခွန်သို့ လည်ပတ်သူများ အဆင်ပြေချောမွေ့စေရန် နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေဖြင့် ကားလမ်းများ တိုးချဲ့ခဲ့ပြီး ထီစောင်းရွာအနီးအထိ ကတ္တရာလမ်း ခင်းပေးခဲ့သည်။ မော်တော်ကား၊ ဆိုင်ကယ်များ ဖြင့် ၁၂ မိုင်အထိ အရောက်သွားနိုင်ပြီး ကျန်ရှိသည့် သုံးမိုင်ခန့်မှာ ခြေလျင်ခရီးဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]