ဘီလုံးငှက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဘီလုံးငှက်
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 LC.svg
Least Concern
(IUCN Red List Ver.3.1 (2001))[၁]
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Aves]]
မျိုးစဉ် [[Passeriformes]]
မျိုးရင်း [[Alaudidae]]
မျိုးစု [[Alauda]]
မျိုးစိတ် '''''A. arvensis'''''
ဒွိနာမ
''Alauda arvensis''
Alauda arvensis

ဘီလုံးငှက် ဘီလုံးငှက်သည် ရုပ်ဆင်းသဏ္ဌာန်အားဖြင့် ထူးခြားလှပသော ငှက်မျိုးမဟုတ်သော်လည်း၊ သာယာစွာ အသံကျူးရင့် တေးဆိုတတ်သည်။ ထိုငှက်မျိုးသည် အလောဒီ ဒီးမျိုးရင်းတွင် ပါဝင်၍ မျိုးစိတ်ပေါင်း များစွာရှိသည်။ မြန်မာ နိုင်ငံ လယ်ကွက်များ၌ တွေ့ရတတ်သော ဘီလုံးငှက်မျိုးကို ပါဏဗေဒအမည်အားဖြင့် အလောဒါ ဂူလာဂူလာဟု ခေါ်လေ သည်။

ဘီလုံးငှက်၏ ပုံပန်းသဏ္ဌာန်သည် စာကလေးနှင့် ဆင်ဆင်တူသည်။ အပေါ်ပိုင်းမှ အညိုနုရောင် အမွှေး အတောင်များတွင် လည်းကောင်း၊ ရင်အုပ်တွင် လည်းကောင်း အညိုရင့်ရောင် အကန့်များ၊ အကြောင်းများရှိသည်။ စာကလေး ၏ အရွယ်ခန့် ၆.၁၂ - ၇ လက်မခန့်အလျားရှိသည်။ အမောက်ကလေးလိုလို ရှိတတ်ရာ၊ တစ်ခါ တစ်ရံ ထင်ထင် ရှားရှား တွေ့ရသည်။ အဖိုရော အမပါ ပုံပန်းသွင်ပြင် အတူတူ ပင် ဖြစ်သည်။

ဘီလုံးငှက်တို့ကို လယ်ကွင်းများ၊ မြက်ခင်းများ၊ လွင်ပြင်များ၌ အစုလိုက်၊ အုပ်လိုက် တွေ့ရတတ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ယခုအခါ ဘီလုံးငှက်များ အတွေ့ရ နည်းသွားလေပြီ။ ယင်းတို့သည် မြန်မာနိုင်ငံ တောင်ပိုင်း လယ်ကွက်များ၌ ကျက်စားတတ်သော ငှက်မျိုးဖြစ်သော်လည်း၊ ရိုးပြတ်များထက် မြက်ခင်းများကို ပို၍ နှစ်သက်ဟန်တူသည်။ ဘီလုံးငှက်တို့သည် ပိုးမွှားများ၊ သစ်စေ့၊ စပါးစေ့များကို ရှာဖွေ စားသောက်တတ် လေသည်။

ဘီလုံးငှက်တို့သည် ကောင်းကင်သို့ပျံတက်နေစဉ် တေးဆိုတတ်ကြသည်။ အထူးသဖြင့် မိတ်လိုက်ချိန်တွင် ဘီလုံးငှက်ဖိုတို့သည် တေးသံစုံ ကျူးရင့်၍ အစွမ်းပြပြီးလျှင် လူပျိုလှည့်ကြသည်။ များသောအားဖြင့် နံနက်ခင်းနှင့် ညနေ ခင်းများတွင် အစွမ်းပြတတ်ကြသည်။ ဘီလုံးငှက်ဖိုသည် နားနေသည့် နေရာမှ တောင်ပံ တဖျပ်ဖျပ် ခတ်ပြီးလျှင် အပေါ်တည့်တည့်သို့ထိုး၍ ပျံသန်းယင်း တေးသံကျူးရင့် သွားလေရာ၊ တစ်ခါတစ်ရံ မှန်ပြောင်းနှင့်ကြည့်၍ မရအောင်ပင် မြင့်လှစွာ ပျံတက်သည်။ တေးသံကျူးရင့်ဆဲတွင် အခြားငှက်များ၏ အသံမျိုးကို လည်း ပြုနိုင်သည်။

အပေါ်ပျံတက်ရာမှ ရုတ်ခြည်း အောက်သို့ပျံမဆင်း သေးဘဲ၊ လေဘက်သို့ဦးခေါင်းလှည့်ကာ အပေါ်၌ တန့်နေ ပြီးသော် တစ်ခါတစ်ခါမှ အတောင်ကို ခတ်ယင်း ဆက်လက်၍ တေးသံကျူးနေတတ်သည်။ ၅ မိနစ်ခန့် ကြာမှ တောင်ပံကို ပိတ်၍ အောက်သို့စိုက်ချလိုက်၊ တောင်ပံကိုဖြန့်၍ ခတ်လိုက်၊ ပြန်ပိတ်၍ စိုက်ချလိုက်ရာမှ၊ မြေပြင်နှင့် နီးလာသောအခါ မူလပျံတက်နေသော နေရာသို့ရောက်အောင် တစ်ရှိန်ထိုး ပျံသွားတတ်လေသည်။ အမ တစ်ကောင်အတွက် အဖိုများစွာ တို့သည် တစ်ပြိုင်တည်း အစွမ်းပြတတ်ကြရာ၊ တကွင်းလုံး သည် ယင်းတို့အသံဖြင့် ဆူညံနေတတ်လေသည်။

ဘီလုံးငှက်တို့သည် မြေပြင်၌ နားနေဆဲတွင်လည်း တေးဆိုသည်ကို ရံဖန်ရံခါ တွေ့ရသည်။ လူတစ်စုံ တစ်ယောက်ကို မြင်လျှင် မပြေးဘဲ ဝပ်နေပြီးသော် ယင်းတို့ အားသွား၍ နှောင့်ယှက်လျှင် ကျစ်ကျစ်၊ ကျစ်ကျစ်နှင့် အော်မြည်ကာ မြေပြင်နှင့်ကပ်၍ နိမ့်ချည် မြင့်ချည် ပျံသန်း နေတတ်ကြသည်။ အဝေးသို့ပျံသန်းလိုလျှင်၊ ကောင်းကင်သို့ မြင့်စွာ ပျံတက်ကြလေသည်။

မြန်မာနိုင်ငံ၌ တွေ့ရသော ဘီလုံးငှက်မျိုး၏ အသံ သည် ပျော့၍စူးသည်။ အလောဒါဗဉာနယီမျိုးစိတ်ဝင် ဘီလုံး ငှက်တို့၏ တေးဆိုသံသည် ပို၍သာယာသည်။ ဘီလုံးငှက်တို့၏ သားပေါက်ချိန်သည် မတ်လမှ ဇူလိုင်လအထိ ဖြစ်သည်။ ထိုအချိန်အတွင်း ၂ သား ပေါက် သည်။ ယင်းတို့၏ အသိုက်များကို ချုံဖုတ်များ၊ မြက်တောများ၊ အကာအကွယ်ရှိသော မြေချိုင့်ခွက်များထဲတွင် မြက်ခြောက်များ ခင်း၍ ပြုလုပ်ကြသည်။ တစ်မြုံလျှင် ဥ ၃ ဥမှ ၅ ဥအထိ ရှိတတ်သည်။ ဥတို့သည် ရှည်မျောမျောဖြစ်၍ ဥခွံချောမွတ် သည်။ ဝါညိုညို အစက်အပြောက်များ၊ ခရမ်းပြာ အစက် အပြောက်များ အများ အပြားပါရှိသည်။

ဘီလုံးငှက်မျိုးကို ဥရောပတိုက်တွင် လည်းကောင်း၊ တူရကီ၊ အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာ၊ တိဗက်၊ တရုတ်၊ ယိုးဒယားစသော အာရှနိုင်ငံများတွင် လည်းကောင်း တွေ့ရှိ ရလေသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Template:IUCN2008
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)