ဘိုးချိန်၊ အမ်

ဝီကီပီးဒီးယား မှ

အမ်ဘိုးချိန်[ပြင်ဆင်ရန်]

အမ်ဘိုးချိန် ကို ၁၉၀၄ ခုနှစ်တွင် တောင်ငူခရိုင်၊ ဇီးဖြူသောင် ကျေးရွာ၌ အဖ ဦးမောင်ကြီး အမိ ဒေါ်မှန် တို့မှ မွေးဖွားခဲ့သည်။ တောင်ငူအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဖြူး နေရှင်နယ် အထက်တန်းကျောင်း တွင် ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။

ဦးဘိုးချိန် သည် ၁၉၃၀ ပြည့်နှစ်တွင် သတင်းထောက် အဖြစ် သတင်းစာလောကသို့ ဝင်ရောက်ခဲ့ရာ ဆန်းနေ့စဉ်သတင်းစာ တွင် ၁၉၄၅ ခုနှစ်အထိ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု သတင်းစာ လုပ်ငန်းသို့ ဝင်ရောက်ခဲ့သည်။ Tribune သတင်းစာ စတင်တည်ထောင်သည့် ၁၉၄၆ ခုနှစ်မှ စ၍ အယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၉-၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ သတင်းထောက် အဖွဲ့ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၁၉၄၇-၅၁ ခုနှစ်တွင် မြန်မာ့ကာယကြံ့ခိုင်ရေးအဖွဲ့ ငွေထိန်း အဖြစ်လည်းကောင်း၊ ၁၉၅၅-၅၈ ခုနှစ်တွင် ရုပ်ရှင်တည်းဖြတ်ရေးဘုတ် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ မြူနီစီပါယ် ကောင်စီဝင် အဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် အိန္ဒိယ နှင့် ပါကစ္စတန် သို့လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် ဂျပန် နိုင်ငံသို့ လည်းကောင်း ၁၉၅၄ ခုနှစ်တွင် ကုလသမဂ္ဂ စီးပွားရေးနှင့်လူမှုရေး ပူးပေါင်း ဆောင်ရွက်ရေး ညီလာခံသို့ တက်ရောက်ခဲ့ပြီး၊ ဥရုဂွေး၊ မွန်တီဗီဒို တောင်အမေရိက နိုင်ငံများသို့ သွားရောက်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ကနေဒါ၊ အနောက်ဂျာမဏီ နှင့် ပြင်သစ် နိုင်ငံများသို့ သွားရောက် ခဲ့သည်။

ဦးဘိုးချိန် သည် ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. (ဖျာပုံ)၊ သောင်းညွန့် (၂၀၀၅)။ ထင်ပေါ်ကျော်ကြား မြန်မာသတင်းစာဆရာကြီးများ။ ပထမအကြိမ်။ စာပေဗိမာန်