ဘရူနို မားစ်

ဝီကီပီးဒီးယား မှ
(ဘရူနို မား(စ်) မှ ပြန်ညွှန်းထားသည်)
ဘရူနို မား(စ်)
Bruno Mars
Bruno Mars performing in Las Vegas, Nevada on September 19, 2010
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းPeter Gene Hernandez
မူလတိုင်းပြည်လော့စ်အိန်ဂျယ်လိစ်မြို့ကယ်လီဖိုးနီးယားပြည်နယ်အမေရိကန် ပြည်ထောင်စု
ဂီတဟန်Pop, alternative hip hop, soul, reggae fusion , contemporary R&B
အလုပ်အကိုင်တေးရေးတေးဆို၊ တေးသီချင်း ထုတ်လုပ်သူ
တူရိယာVocals, drums, guitar, keyboard, bass
တက်ကြွသည့်နှစ်များ1990–present
တေးသံသွင်း ကုမ္ပဏီAtlantic, Elektra
ပူးတွဲ ပါဝင်မှုThe Smeezingtons, B.o.B, Cee-Lo Green, Travie McCoy
ဝက်ဘ်ဆိုက်brunomars.com

ဘရူနို မား(စ်) (Bruno Mars) ၏ အမည်ရင်းမှာ Peter Gene Hernandez ဖြစ်ပြီး အမေရိကန် တေးရေးတေးဆိုနှင့် တေးသီချင်း ထုတ်လုပ်သူ တစ်ဦးဖြစ်သည်။ ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူတွင် ကြီးပြင်းသည့် ဘရူနို မား(စ်) သည် ဂီတပညာရှင် မိသားစုမှ ဆင်းသက်လာသည့်အလျောက် ငယ်ရွယ်စဉ်ကပင် တေးသီချင်းများကို ဖန်တီးရေးသားခဲ့သည်။ ကလေးဘဝတလျှောက် မွေးရပ်ဇာတိမြေတွင် နေရာအသီးသီး၌ သီဆိုဖျော်ဖြေခဲ့သည်။ အထက်တန်းအောင်ပြီးနောက် ဂီတလုပ်ငန်းကို ဆက်လက် လုပ်ဆောင်နိုင်ရန် လော့စ်အိန်ဂျယ်လိစ်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ The Smeezingtons အဖွဲ့တွင် ပါဝင်ခဲ့ပြီး အခြားတေးသံရှင်များအတွက် တေးသီချင်းများကို စတင် ရေးသားပေးသည်။

ဖခင်ဖြစ်သူ Peter Hernandes မှာ ဂျူး၊ပေါ်တူဂီ အနွယ်ဝင်ဖြစ်ပြီး မိခင် Bernie ကတော့ ဖိလစ်ပိုင်၊စပိန်အစပ် ဖြစ်သည်။[၁][၂] မိခင်မှာ hula dancer တစ်ယောက်ဖြစ်ပြီး ဖခင်မှာ percussion တီးခတ်သူဖြစ်သည်။

သူတို့မိသားစုတွင် သားသမီးခြောက်ယောက်ရှိသည်။ ဦးလေးဖြစ်သူက Bruno အသက်သုံးနှစ်အရွယ်တွင် စင်ပေါ်တက်သီချင်းဆိုခိုင်းရာမှ ဂီတကို စိတ်ဝင်စားလာခဲ့သည်။ နောက်ပိုင်း မိသားစုပိုင် "The Love Notes" အဖွဲ့တွင် တစ်ပတ်ကို ငါးရက်ခန့် သီချင်းများ သီဆိုခဲ့သည်။[၃] အသက်သုံးနှစ်အရွယ် ၂၀၀၄ ခုနှစ်တွင် လော့စ်အိန်ဂျယ်လိစ်မြို့သို့ ပြောင်းရွှေ့လာခဲ့သည်။ အနုပညာအလုပ်များ လုပ်ကိုင်ရန် Bruno Mars အမည်ဖြင့် Motown Records နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။[၄][၅] သို့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ နောက်ပိုင်းတွင် တေးရေးနှင့် ထုတ်လုပ်သူ Phillip Lawrence တွေ့ဆုံခဲ့သည်။[၄] Phillip သည် Bruno အား Atlantic Records မှA&R Aaron Bay-Schuck နှင့် မိတ်ဆက်ပေးခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် Atlantic Records နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။[၆]

Bruno Mars, Philip Lawrence နှင့် Ari Levine တို့ပူးပေါင်းကာ သီချင်းများ ရေးသားသီဆို ရောင်းချခဲ့ကြသည်။ ၂၀၀၉ ခုနှစ်တွင် record production အဖွဲ့ဖြစ်သော The Smeezingtons ကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။ ထို record production team သည် အနုပညာရှင်တော်တော်များများနှင့် လက်တွဲနိုင်ခဲ့ပြီး အောင်မြင်မှုများရခဲ့သလို ASCAP Pop Music Awards for Songwriters အစရှိသည့် ဆုများလည်း ရရှိခဲ့သည်။ Bruno ရေးသားပေးခဲ့သော Right Round , Waving Flag, Billionaire, Long Distance, All I Ask, Can We Dance စသည့်သီချင်းများသည် အောင်မြင်ခဲ့ပြီး Alexandra Burke, Travie McCoy, Adam Levine, Brandy, Sean Kingston, Alicia Keys, Adele, Flo Rida စသောအနုပညာရှင်များအတွက်လည်း သီချင်းများ ရေးသားခဲ့သည်။

အောင်မြင်မှု[ပြင်ဆင်ရန်]

Bruno တွင် US Billboard No.1 ဖြစ်ခဲ့သောသီချင်း ၆ ပုဒ်ရှိသည်။

  1. "Uptown Funk!" (14 weeks)
  2. "Locked Out of Heaven" (6 weeks)
  3. "Just The Way You Are" (4 weeks)
  4. "Grenade" (4 weeks)
  5. "Nothin' On You" (2 weeks)
  6. "When I Was Your Man" (1 week)

နောက်ထပ် Billboard Hot 100 စာရင်းတွင် ပါဝင်ခဲ့သော သီချင်းများမှာ

  1. It Will Rain
  2. 24K Magic
  3. Lazy Song
  4. Treasure
  5. Gorilla
  6. Young Girls
  7. Runaway Baby
  8. That's What I Like
  9. Marry You
  10. Versace On The Floor

၂၀၁၀ နောက်ပိုင်း No.1 Single အများဆုံးရရှိထားသော Artist များထဲတွင် Rihanna (9) နဲ့ Katy Perry (8) ပြီးနောက် တတိယမြောက်နေရာတွင် Bruno Mars ကရပ်တည်နေသည်။ single နှစ်ပုဒ် Billboard Top Ten တွင် တပြိုင်နက်တည်းစာရင်းဝင်သော ပထမဆုံး အမျိုးသားအဆိုရှင်တစ်ဦးလည်း ဖြစ်သည်။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. Smolenyak၊ Megan (November 12, 2012)။ What Race Is Bruno Mars?Huffington Post။ AOL။ December 6, 2012 တွင် ပြန်စစ်ပြီး။
  2. Farber၊ Jim (October 3, 2010)။ Bruno Mars follows his summer of hits with a big debut album 'Doo-Wops & Hooligans'Daily News။ 8 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2010 တွင် ပြန်စစ်ပြီး။
  3. Bruno Mars on Songwriting, Singing as a Tot, Working with Ne-YoVibe။ Vibe Media Group (October 4, 2010)။ March 7, 2011 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Steve Jones (January 25, 2011)။ Bruno Mars' musical orbit seems inescapableUSA Today။ Gannett Company, Inc။ February 3, 2011 တွင် ပြန်စစ်ပြီး။
  5. Heath၊ Christ။ The Mars ExpeditionGQ။ Condé Nast။ March 14, 2015 တွင် ပြန်စစ်ပြီး။
  6. Interview with Aaron Bay-SchuckHitQuarters။ HitQuarters LCC. (December 13, 2010)။ December 14, 2010 တွင် ပြန်စစ်ပြီး။
  7. Bruno Mars - Chart history | Billboard။ 22 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 January 2017 တွင် ပြန်စစ်ပြီး။