ဘယ်ရီ၊ ဂျွန်

ဝီကီပီးဒီးယား မှ

ဂျွန်ဘယ်ရီသည် ကမ္ဘာကျော်ဂျိမ်းစ် ဘွန်းဇာတ်ကားများ၏ ဇာတ်ဝင်သီချင်းသံစဉ်များကို ဖန်တီးသူအဖြစ်ထင်ရှားသည်။ ရုပ်ရှင်ဇာတ်ကား တစ်ကားကို ပရိသတ်၏ရင်ထဲ၌ အချိန်ကြာမြင့်စွာ စွဲမြဲနေစခြေင်းတွင်၎င်းရုပ်ရှင်၏ တေးဂီတဖန်တီးမှု လည်းအပါအဝင်ဖြစ်ရာ ဂျိမ်းစ်ဘွန်းဇာတ်ကားများကို ပရိသတ်များစွဲလမ်းနှစ်ခြိုက်ရခြင်းမှာလည်း ဂျွန်ဘယ်ရီ ၏ ဂီတစွမ်းအား အထောက်အကူကြောင့်ဖြစ်ခဲ့သည်။ ဇာတ်လမ်း၊ ဇာတ်ထွ က်၊ ဇာတ်ကွက်နှင့် လိုက်လျော ညီညွတ်စွာ ကိုယ်ပိုင်အမြင်ဖြင့် သပ်ရပ်ကောင်းမွန်အောင် ဖန်တီးနိုင်မှုကို ဘွန်းရုပ်ရှင်သီချင်းများဖြစ်သည့် Out of Africa, Dances with Wolves တွင် တွေ့နိုင်သည်။ The Quiller Memorandum,Born Free, Hammett,Zulu စသည့်တေးသီချင်းတို့မှာ၎င်း၏အောင်မြင်သော သီချင်းများဖြစ်သည်။ Hammett သီချင်းကို ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းသော သံစဉ်များဖြင့် ဖန်တီးခဲ့ပြီး Zulu သီချင်းကို တိုတောင်းသောသံစဉ်နှင့် ပင် အားမာန်ရှိသော၊ ရဲရင့်သောသံစဉ်များအဖြစ် ဖွဲ့သီခဲ့ခြင်းဖြစ်သည်။ ဂျွန်ဘယ်ရီသည် ဇန်နဝါရီလ ၃၀ ရက်၊ အသက် ၇၇ နှစ် အရွယ်တွင် ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)