ဗွီအိုအေ
Wikipedia မှ
| အမျိုးအစား | အပြည်ပြည်ဆိုင်ရာ ရုပ်သံဌာန |
|---|---|
| နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
| ဌာနချုပ် | ဝါရှင်တန် ဒီစီ |
| ပိုင်ဆိုင်သူ | အမေရိကန် ဖက်ဒရယ် အစိုးရ |
| ဝက်ဘ်ဆိုက် | www.voanews.com |
ဗွီအိုအေ အမေရိကန်အသံ (Voice of America, VOA) သည် အသံလွှင့်ဘုတ်အဖွဲ့မှ ကြီးကြပ်သည့် (Broadcasting Board of Governors, BBG) အမေရိကန်ပြည်ထောင်စု ဖက်ဒရယ် အစိုးရပိုင် အပြည်ပြည်ဆိုင်ရာ ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနဖြစ်သည်။ ဗွီအိုအေမှ ကမ္ဘာတလွှားသို့ ဘာသာစကားပေါင်း ၄၄ မျိုးဖြင့် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အင်တာနက်မှ သတင်းနှင့် အစီအစဉ် အမျိုးမျိုးကို ထုတ်လွှင့်ပေးလျက်ရှိသည်။ ဗွီအိုအေ အစီအစဉ်များကို ဂြိုလ်တု၊ FM လှိုင်း၊ AM လှိုင်းနှင့် လှိုင်းတိုများမှ ထုတ်လွှင့်သည်။