ဗီအိတ်ဇ်ဝါ့ခ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဗီအိတ်ဇ်ဝါ့ခ် (VxWorks) သည် အချိန်နှင့် တပြေးညီ လှုပ်ရှားထိန်းချုပ်နိုင်သော စက်လည်ပတ်ရေးစနစ် တစ်မျိုး ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အလာမီဒါရှိ ဝင်းရေးဗား စစ်စတမ် မှ ထုတ်လုပ်ရောင်းချသည်။ အင်တဲလ် ကော်ပိုရေးရှင်းမှ ဝင်းရေးဗား စစ်စတမ်အား ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ဝယ်ယူ ပေါင်းစည်းခဲ့သည်။

ဗီအိတ်ဇ်ဝါ့ခ်ကို ဌာပနာစနစ်(embedded systems) များတွင် အသုံးပြုရန် အတွက် ဒီဇိုင်းပြုလုပ်ထားသည်။ ဗီအိတ်ဇ်ဝါ့ခ် စနစ် များကို လင်းနပ်စ်ယူးနစ်စ် နှင့် မိုက်ခရိုဆော့ဖ်ဝင်းဒိုးများပေါ်တွင် ရေးသား ပြုပြင် တည်းဖြတ်ပြီးမှ သုံးစွဲနိုင်သည်။ ဗီအိတ်ဇ်ဝါ့ခ် စနစ်များကို မိမိဘာသာ သီးသန့်ရပ်တည် လှုပ်ရှားသော စနစ်များ (ဥပမာ - အဆင့်မြင့် ကင်မရာ စနစ်) တွင် ထည့်သွင်း၍ သီးခြား စက်လည်ပတ်ရေးစနစ် အဖြစ် သုံးစွဲကြသည်။