ဗလာဒီမာ ပတ်ထရိုဗစ်ချ် ယာ့ဗ်တူရှန်ခါ့ဗ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Vladimirevtushenkov2011.jpg

ဗလာဒီမာ ပတ်ထရိုဗစ်ချ် ယာ့ဗ်တူရှန်ခါ့ဗ် ကို ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ကိုယ်ပိုင်ငွေကြေး ရ.၅ ဘီလျံဒေါ်လာရှိသော ဩဇာအာဏာရှိသည့် ရုရှားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ သူသည် ရုရှားနိုင်ငံ၏ မျက်နှာကြီး ကုမ္ပဏီတစ်ခုဖြစ်သော Sistema ၏ ပင်မရှယ်ယာရှင်၊ ဥက္ကဌတစ်ဦးဖြစ်သည်။

၂၀၀၆ ခုနှစ် မတ်လတွင် ထိုကုမ္ပဏီ၏ ရှယ်ယာ ၆၂%ကို သူက ထိန်းချုပ်ကိုင်တွယ်သည်။

ရုရှားကုမ္ပဏီ Sitronics ၏ ပိုင်ရှင်လည်းဖြစ်သည်။ သူသည် ၁၉၇၃ ခုနှစ်တွင် ဓာတုဗေဒ မာစတာဘွဲ့နှင့် ၁၉၈၀ ခုနှစ်တွင် စီးပွားရေးမာစတာဘွဲ့၊ ၁၉၈၆ ခုနှစ်တွင် စီးပွားရေး PhD ကိုရရှိခဲ့သည်။ မော်စကိုမြို့တော်ဝန် Yuri Luzhkov နှင့် ယောက်ဖတော်စပ်သူ အိမ်ထောင်သည်ဖြစ်ပြီး သားသမီး ၂ ဦးရှိသည်။ ၂၀၀၈ ခုနှစ်တွင် သူက အင်္ဂလိပ်ဘောလုံးအသင်း Sheffield Wednesday ကို ဝယ်ယူတော့မည်ဟု ကောလဟာများထွက်ပေါ်ခဲ့သေးသည်။

[ပြင်​ဆင်​ရန်​] အပိုဆောင်းကြည့်ရှုစရာများ

[ပြင်​ဆင်​ရန်​] External links

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်