ဖိုးခေါင်ငှက်

ဝီကီပီးဒီးယား မှ
Psilopogon lineatus
on a fig tree (Ficus racemosa)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Piciformes
မျိုးရင်း: Megalaimidae
မျိုးစု: Psilopogon
မျိုးစိတ်:
P. lineatus
ဒွိနာမ
Psilopogon lineatus
(Vieillot, 1816)
Synonyms

Megalaima lineata

ဖိုးခေါင်ငှက် (Psilopogon lineatus) သည် ရင်အုပ်၊ လည်ချောင်း ဦးခေါင်း အညိုဖျော့ဖျော့ အကြောင်အကျားဖြင့် မြက်ခင်းစိမ်းရောင်ရှိသော ငှက်ဖြစ်သည်။ ကိုယ်အလျား ၁၁ လက္မခွဲခန့် ရှိသည်။ ပေ ၄၀၀၀ထိ သစ်တောများနှင့် ဆက်စပ်နေသော သစ်ပင်အုပ်၊ ဥယျာဉ်နှင့် နှစ်ရှည်ပင် စိုက်ခင်းများတွင် တွေ့ရသည်။ ရွာများ၊ မြို့များကို ရှောင်ကွင်းလေ့ရှိသည်။ အဖို၏ ပိုင်နက်ခေါ်သံသည် အလွန်ကျယ်လောင်ပြီး ချိုသာစွာ ပူးပေါက် ပူးပေါက် ပူးပေါက် ဟူ၍ ဖြစ်သည်။ ဖေဖော်ဝါရီလမှ ဇူလိုင်လအတွင်း သားပေါက်သည်။ ဌာနေငှက် ဖြစ်သည်။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2016). "Psilopogon lineatus". IUCN Red List of Threatened Species 2016. IUCN. 
  2. မြန်မာနိုင်ငံငှက်များ စာအုပ်မှ