ဖာရင်ဟိုက် (ဂီတအဖွဲ့)
Wikipedia မှ
| ဖာရင်ဟိုက် (Fahrenheit) | |
| တရုတ်အမည် | 飛輪海 (Traditional) |
|---|---|
| တရုတ်အမည် | 飞轮海 (Simplified) |
| Pinyin | Fēi Lún Hǎi (Mandarin) |
| မူလဌာနေ | |
| အမည်ကွဲ | FRH, FLH Shuai Ku Shen Mi (帥酷神迷) Fei Fei (飛飛) |
| အလုပ်အကိုင် | တေးဆို၊ သရုပ်ဆောင်၊ ကြော်ငြာမော်ဒယ် |
| ဂီတအမျိုးအစား | Varies |
| တူရိယာ | စန္ဒယား၊ ဂစ်တာ၊ ဒရမ် |
| တေးသံသွင်း ကုမ္ပဏီ | HIM International Music WOW Music Pony Canyon |
| Years active | 2005–present |
| လက်ရှိအဖွဲ့ဝင်များ | Aaron Yan Wu Chun Calvin Chen Jiro Wang |
| ဝက်ဘ်ဆိုဒ် | HIM Taiwan |
ဖာရင်ဟိုက် (飛輪海 - တရုတ်အသံထွက် ဖေးလွန်ဟိုင်) သည် ထိုင်ဝမ် ယောက်ျားလေး ဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှစကာ အာရှတလွှားတွင် နာမည်ကျော် လူကြိုက်များလာသည်။ အဖွဲ့ဝင်များမှာ Aaron Yan (炎亞綸 - ရန်ရာလွန်)၊ Wu Chun (吳尊 - ဝူကျွန်း)၊ Calvin Chen (辰亦儒 - ချန်ယိရူ) နှင့် Jiro Wang (汪東城 - ဝမ်းတုန်းချန်) တို့ ဖြစ်ကြသည်။ ၎င်းအဖွဲ့သည် ကုမ္ပဏီတစ်ခုတည်းဖြစ်သည့် မိန်းကလေး ဂီတအဖွဲ့ S.H.E တို့နှင့်လည်း ရံဖန်ရံခါ ပူးတွဲ သီဆို၊ သရုပ်ဆောင်လေ့ရှိသည်။