ဖလန်နယ် ပိုးဖလံ

ဝီကီပီးဒီးယား မှ
ဖလန်နယ် ပိုးဖလံ
(Flannel Moth)
Megalopyge opercularis
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
မျိုးစဉ်: Lepidoptera
မျိုးရင်း: Megalopygidae
Herrich-Schäffer, 1855
မျိုးစုများ

စာ၌ ရှုပါ။

ဖလန်နယ် ပိုးဖလံ (Flannel Moth) သို့မဟုတ် အရေးအကြောင်းပါ ဖလန်နယ် ပိုးဖလံများ (သိပ္ပံအမည်: မီဂလိုပီဂျီဒေး - Megalopygidae)သည် ပိုးဖလံမျိုးရင်း တစ်မျိုးဖြစ်သည်။ ၎င်းတို့ကို မြောက်အမေရိက(မျိုးစိတ် ၁၁ မျိုး)နှင့် ကမ္ဘာသစ် အပူပိုင်းဒေသတွင် တွေ့ရသည်။ ပိုးလောင်းများကို ကြောင်ကလေးပေါက်ဖတ်(ပတ်စ် ကက်တာပီးလား)ဟု ခေါ်ပြီး၊ အမွေးရှည်များရှိသောကြောင့် ဝါဂွမ်းလုံးများနှင့်တူသည်။ အဆိပ်ပါသော ဆူးများရှိပြီး၊ ထိုးမိလိုက်ပါက နာကျင်စေပြီး၊ ရက်ပေါင်းများစွာကြာအောင် ရောင်ရမ်းခြင်းဖြစ်စေတတ်သည်။ အချို့ဖြစ်ရပ်များ၌ ဆူးဖြင့်ထိုးခံရ၍ ခေါင်းကိုက်ခြင်း၊ နှာမွန်ခြင်းနှင့် ရင်တုန်ခြင်းကဲ့သို့သော လက္ခဏာများပြတတ်သည်ဟုလည်း သိရသည်။ ဆူးနှင့် ထိုးရာ၌ နာမည်ဆိုး အထွက်ဆုံးမှာ မီဂလိုပီဂဲ အိုပါကယူလရစ် ခေါ်သော ပေါက်ဖတ်ဖြစ်သည်။

ကင့်ကျွန်း၊ မာရီကျွန်းပေါ် တွေ့ရသော မီဂလိုပီဂဲ အိုပါကယူလရစ် (Megalopyge opercularis) ပေါက်ဖတ်၊ အလွန် အဆိပ်ပြင်းသော မျိုးစိတ်

Genera[ပြင်ဆင်ရန်]

  • Aithorape
  • Cephalocladia
  • Coamorpha
  • Edebessa
  • Endobrachys
  • Eochroma
  • Hysterocladia
  • Macara
  • Malmella
  • Megalopyge
  • Mesoscia
  • Microcladia
  • Microrape
  • Norape
  • Norapella
  • Podalia
  • Proterocladia
  • Psychagrapha
  • Repnoa
  • Thoscora
  • Trosia
  • Vescoa
  • Zyzypyge

ကိုးကား[ပြင်ဆင်ရန်]