ဖရန့်ဇ်ကဖ်ကာ
| ဖရန့်ဇ်ကဖ်ကာ | |
| [[Image:{{{ဓာတ်ပုံ}}}|200px]] | |
| {{{သက်တမ်း}}} | |
| မွေးသက္ကရာဇ် | {{{မွေးသက္ကရာဇ်}}} |
| အမည်ရင်း | {{{အမည်ရင်း}}} |
| မိဘအမည် | {{{မိဘအမည်}}} |
| မွေးဖွားရာဒေသ | {{{မွေးဖွားရာဒေသ}}} |
| နိုင်ငံသား | {{{နိုင်ငံသား}}} |
| လူမျိုး | {{{လူမျိုး}}} |
| ကိုးကွယ်သည့်ဘာသာ | {{{ကိုးကွယ်သည့်ဘာသာ}}} |
| ပညာအရည်အချင်း | {{{ပညာအရည်အချင်း}}} |
| အလုပ်အကိုင် | {{{အလုပ်အကိုင်}}} |
| ကလောင် အမည်ခွဲများ | {{{ကလောင် အမည်ခွဲများ}}} |
| ထင်ပေါ်ကျော်ကြားမှု | {{{ထင်ပေါ်ကျော်ကြားမှု}}} |
| စာပေအမျိုးအစား | {{{စာပေအမျိုးအစား}}} |
| ထင်ရှားသည့်စာ | {{{ထင်ရှားသည့်စာ}}} |
| ရရှိသည့်ဆု | {{{ရရှိသည့်ဆု }}} |
| ကြင်ဖော် | {{{ကြင်ဖော်}}} |
| သားသမီး | {{{သားသမီး}}} |
| ကွယ်လွန်ရက် | {{{ကွယ်လွန်ရက်}}} |
| ကွယ်လွန်ရာဒေသ | {{{ကွယ်လွန်ရာဒေသ}}} |
| လက်မှတ် | {{{လက်မှတ်}}} |
| ကွန်ယက် | {{{ကွန်ယက် }}} |
ဖရန့်ဇ်ကဖ်ကာ (Franz Kafka) (၁၈၈၃ ဇူလိုင်လ ၃ရက် - ၁၉၂၄ ဇွန်လ ၃ရက်)သည် ၂၀ရာစု၏ ထင်ရှားသော ဝတ္ထုရေးဆရာတစ်ဦးဖြစ်သည်။ သူသည် ယခု ချက်သမ္မတနိုင်ငံ၏ နေရာဖြစ်သော ဩစတီးယား-ဟန်ဂေရီရှိ ပရဂ်မြို့ရှိ အလယ်တန်းစား ဂျူးလူမျိုးမိသားစုတွင် မွေးဖွားသည်။ သူ၏စာများစုမှာ အပြည့်အစုံမဟုတ်ဘဲ သူသေဆုံးပြီးသော အချိန်ကာလမှသာ ထုတ်ဝေခဲ့သော်လည်း သူ၏ သီးခြားဖြစ်သော ရေးဟန်သည် အနောက်တိုင်းစာပေတွင် လွှမ်းမိုးမှု အပေးနိုင်ဆုံးဖြစ်သည်။
သူ၏ဝတ္ထုများဖြစ်သော အသွင်ပြောင်းလဲခြင်း (The Metamorphosis) (၁၉၁၅)၊ တရားခွင်(The Trial) (၁၉၂၅) နှင့် ရဲတိုက် (The Castle) (1926) တို့သည် အိပ်မက်ဆိုးနှင့်တူပြီး တသီးပုဂ္ဂလမဆန်သော ဗျူရိုကရက်တစ်ကမ္ဘာအတွင်းမှ စိတ်ဒုက္ခရောက်နေသော လူတစ်ဦးချင်းစီ၏ ခံစားမှုများကို ထုတ်ဖော်ထားသည်။
[ပြင်ဆင်ရန်] မိသားစု
ကဖ်ကာသည် ဘိုဟီးမီးယား၏ မြို့တော်ဖြစ်သော ပရဂ်မြို့ရှိ အလယ်တန်းစား ဂျူးမိသားစုတစ်ခုမှ မွေးဖွားသည်။ သူ၏အဖေ ဟာမန်းကဖ်ကာ (Hermann Kafka) (၁၈၅၂–၁၉၃၁) ကို ခန္ဓာကိုယ်ကြီးမားပြီး တစ်ကိုယ်ကောင်းဆန်၍ မောက်မာသော စီးပွားရေးသမားတစ်ယောက်အဖြစ် ဖော်ပြကြသည်။ ကဖ်ကာကိုယ်တိုင်ကမူ ခွန်အားရှိသော၊ကျန်းမာသော၊အစားအသောက်ကိုခုံမင်သော၊ အသံကျယ်သော၊ စကားပြောကောင်းသော၊ မိမိကိုယ်ကို ကျေနပ်မှုရှိသော၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လွှမ်းမိုးမှုအပြည့်ရှိသော၊ သည်းခံနိုင်သော၊ စဉ်းစားတတ်ပြီး လူအကြောင်းကို ကောင်းကောင်းသိသော ကဖ်ကာ အစစ်ဟုဖော်ပြခဲ့သည်။ ဟာမန်းသည် အခမ်းအနားများအတွက် သားသတ်သမားဖြစ်သော ဂျက်ကော့ ကဖ်ကာ (Jacob Kafka) ၏ စတုတ္ထမြောက်သားဖြစ်ပြီး ဘိုဟီးမီးယားတောင်ပိုင်း ပီဆက် (Písek) အနီးရှိ ချက်ဘာသာစကားပြောသော ဂျူးရွာတစ်ခုဖြစ်သည့် အိုဆက်(Osek) မှတဆင့် ပရဂ်သို့ ရွှေ့ပြောင်းလာခဲ့သည်။ နယ်လှည့်အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် သူသည် ယောက်ျားမိန်းမတို့၏ အသစ်အဆန်း အသုံးအဆောင်ပစ္စည်းများကို ရောင်းသော ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်ခဲ့ပြီး အလုပ်သမား ၁၅ ဦးအထိခန့်ထားခဲ့သည်။