ဖပ်ဇီ လောဂျစ်

ဝီကီပီးဒီးယား မှ
ဖပ်ဇီလောဂျစ်ဖြင့် ပြသော အပူချိန်

ဖပ်ဇီလောဂျစ် (Fuzzy logic) ဆိုသည်မှာ တန်ဖိုးအများအပြားကို ရည်ညွှန်း ဖော်ပြသော လောဂျစ် အမျိုးအစား တစ်မျိုးဖြစ်သည်။ တန်ဖိုးအသေထားခြင်း နှင့် အတိအကျ မဟုတ်ဘဲ ခန့်မှန်းတန်ဖိုးဖြင့် သုံးသပ်ရသော နေရာများတွင် ဖပ်ဇီ လောဂျစ်ကို အသုံးပြုကြသည်။ ပုံမှန် အသုံးပြုနေကြသော ဘိုင်နရီ လောဂျစ် ကဲ့သို့သော အမှား နှင့် အမှန် သို့ သုည နှင့် တစ် တန်ဖိုး နှစ်ခုတည်းသာ ရှိသော လောဂျစ်များမှ ကွဲပြားခြားနားစွာပင် ဖပ်ဇီလောဂျစ် တွင် သုည နှင့် တစ် ကြားတွင် တန်ဖိုး အမျိုးမျိုး ရှိနိုင်သော ကိန်းရှင်များ ရှိသည်။ ဖပ်ဇီ လောဂျစ်ကို တဝက်တပျက် သာမှန်ပြီး တန်ဖိုးမှာ လုံးဝ မှန်ခြင်း နှင့် လုံးဝမှားခြင်း ကြားတွင် ရှိသော လောဂျစ်များကို ကိုယ်တွယ်ဖြေရှင်းနိုင်ရန် အတွက် အသုံးချရန် လိုအပ်သည်။

ဖပ်ဇီလောဂျစ်ကို ၁၉၆၅ တွင် လော့တ်ဖီ ဇေဒါ (Lotfi Zadeh) မှ ဖပ်ဇီ ဆက် သီအိုရီ (fuzzy set theory) ကို အဆိုပြုရာမှ အစပြုခဲ့သည်။ ဖပ်ဇီလောဂျစ်ကို ထိန်းချုပ်မောင်းနှင်မှု ဆိုင်ရာ သီအိုရီ မှ အစပြု၍ ဉာဏ်တု အထိ နယ်ပယ် အမျိုးမျိုးတွင် အသုံးပြုလျက် ရှိသော်လည်း အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်နေသေးသည်။