ဖတ်ကွန်းဟယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Geun Hye Park.jpg

ဖတ်ကွန်းဟယ် သည် တောင်ကိုရီးယား အမျိုးသမီး နိုင်ငံရေး သမားတစ်ဦးဖြစ်သည်။ သူမသည် ရှေးရိုးစွဲ ဂရင်းနေရှင်နယ်ပါတီ (မဟာနိုင်ငံပါတီ) ၏ ဥက္ကဋ္ဌအဖြစ် ၂၀၀၄ မှ ၂၀၀၆ အထိ တစ်ကြိမ်၊ ၂၀၁၁ မှ ၂၀၁၂ အထိ တစ်ကြိမ် ထမ်းဆောင်ခဲ့သည်။ ယင်းပါတီကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံသစ်ပါတီ (ဆေးနူရိပါတီ - Saenuri Party) ဟု အမည်ပြောင်းလဲခဲ့သည်။ ဖတ်ကွန်းဟယ်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ သမ္မတရွေးကောက်ပွဲကို အနိုင်ရကာ တောင်ကိုရီးယားနိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသမီး သမ္မတဖြစ်လာသည်။


ကိုးကား[ပြင်​ဆင်​ရန်​]