ပွန်ပေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပွန်ပေ ရှေးဟောင်း သုတေသန ဒေသ၊ ဟာကျူလေနီယမ် နှင့် Torre Annunziata*
UNESCO ကမ္ဘာ့အမွေခံနေရာများ

တိတ်ဆိတ်နေသော ပွန်ပေရှိလမ်း
တည်ရှိသည့် နိုင်ငံ အီတလီနိုင်ငံ၏ အလံတော် အီတလီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii, iv, v
ကိုးကား 829
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း 1997  (Unknown)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကို မှခွဲခြားသတ်မှတ်ထားသောဒေသ

ပွန်ပေသည် မြေကြီးအောက်တွင် တဝက်တပျက် နစ်မြုပ်နေသာ ခေတ်ဟောင်း ရောမမြို့တော် တစ်ခုဖြစ်ပြီး ယနေ့ခေတ် အီတလီနိုင်ငံ ကမ်ပါးနီးယားဒေသ အတွင်း နေပယ်လ်မြို့ အနီးတွင် တည်ရှိသည်။ အေဒီ ၇၉ ခုနှစ်က ဗီဆူးဗီးယပ်မီးတောင် ပေါက်ကွဲရာမှ ပွန်ပေမြို့နှင့် ၄င်း၏ ညီအစ်မမြို့ဖြစ်သော ဟာကျူလေနီယမ်မြို့တို့ ပျက်စီးပြီး မြေအောက်တွင် နစ်မြုပ်သွားခဲ့သည်။ မီးတောင် ပေါက်ကွဲမှုကြောင့် ပွန်ပေကို ၄ မီတာမှ ၆ မီတာ အထိ ထူထပ်သော မီးတောင်ပြာများအတွင်းတွင် ပွန်ပေကို နစ်မြုပ်သွားစေသည်။ ထိုမြို့သည် နှစ်ပေါင်း ၁၅၀၀ ကျော်မျှ ပျောက်ဆုံးနေခဲ့ပြီး ၁၅၉၉ ခုနှစ်တွင် မတော်တဆ ပြန်လည်တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ မြို့ဟောင်းကို တူးဖော်ခြင်းဖြင့် ရိုမန်အင်ပိုင်ယာ ထိပ်ဆုံးသို့ ရောက်နေသော အချိန်က မြို့ပြရှိ လူနေမှု ဘဝကို အသေးစိတ်ကို ထဲထဲဝင်ဝင် သိရှိခွင့် ရခဲ့သည်။ ယခု အချိန်တွင် ယူနက်စကိုက ကမ္ဘာ့အမွေခံနေရာတစ်ခု အဖြစ် သတ်မှတ်ပေးထားပြီး အီတလီနိုင်ငံရှိ ခရီးသွားအများဆုံး လာရောက်လည်ပတ်လေ့ ရှိသည့် နေရာတစ်ခုလည်း ဖြစ်ကာ လူပေါင်း ၂ သန်းခွဲခန့် နှစ်စဉ်နှစ်တိုင်း လည်ပတ်လေ့ရှိသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]