ပျူမြို့ပြနိုင်ငံများ

Wikipedia မှ
(ပျူခေတ် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဤဆောင်းပါးသည် မြန်မာ့သမိုင်း
တစိတ်တဒေသဖြစ်သည်။
WikiProject Burma (Myanmar) peacock.svg
ခေတ်ဦးမြန်မာ့သမိုင်း
ပျူမြို့ပြနိုင်ငံများ ( ဘီစီ ၁၀၀ - အေဒီ ၈၄၀)
မွန်တိုင်းပြည်များ (၉ ရာစု - ၁၁ ရာစု၊ ၁၃ရာစု - ၁၆ ရာစု၊ ၁၈ ရာစု)
ပုဂံခေတ် (၈၄၉-၁၂၈၇ ပထမမြန်မာနိုင်ငံတော်)
အင်းဝခေတ် (၁၃၆၄-၁၅၅၅)
ပဲခူး (၁၂၈၇-၁၃၅၉၊ ၁၇၄၇-၁၇၅၇)
မြောက်ဦး (၁၄၃၄-၁၇၈၄)
တောင်ငူ-ဟံသာဝတီခေတ် (၁၄၈၆-၁၇၅၂ ဒုတိယမြန်မာနိုင်ငံတော်)
ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅ တတိယမြန်မာနိုင်ငံတော်)
အင်္ဂလိပ်မြန်မာစစ်ပွဲများ (၁၈၂၄-၁၈၂၆, ၁၈၅၂, ၁၈၈၅)
British Arakan (1824–1852)
British Tenasserim (1824–1852)
British Lower Burma (1852–1886)
British Upper Burma (1885–1886)
ကိုလိုနီခေတ် (၁၈၂၄–၁၉၄၂, ၁၉၄၅-၁၉၄၈)
တို့ဗမာအစည်းအရုံး (၁၈၈၆ နောက်ပိုင်း)
ဒေါက်တာဘမော်
ဗိုလ်ချုပ်အောင်ဆန်း
ဂျပန်ကိုလိုနီခေတ် (၁၉၄၂-၁၉၄၅)
လွတ်လပ်ရေးခေတ် (၁၉၄၈-၁၉၆၂)
ဦးနုနှင့် ဦးသန့်
မဆလခေတ် (၁၉၆၂-၁၉၈၉)
ဗိုလ်ချုပ်ကြီးနေဝင်း
ရှစ်လေးလုံးအရေးအခင်း (၁၉၈၈)
ဒေါ်အောင်ဆန်းစုကြည်
နအဖခေတ် (၁၉၈၉–ယခု)
ရွှေဝါရောင်တော်လှန်ရေး (၂၀၀၇)
နာဂစ်မုန်တိုင်း (၂၀၀၈)
[ဤဇယားအားပြင်ဆင်ရန်]
အရေးပါသော ပျူမြို့ပြနေရာများအား မြေပုံပေါ်တွင် တွေ့ရပုံ

ပျူ (Pyu) (ဗမာ- ပျူ၊ Pyuu (ပျူး) သို့မဟုတ် Pyus (ပျူစ်) ဟုလည်းဆို၊ တရုတ်တို့က Pyao (ပြောင်) ဟုမှတ်တမ်းတင်) ဆိုသည်မှာ BCE ၁၀၀ မှ CE ၈၄၀ နှစ်အတွင်း ယခုခေတ် ဗမာနိုင်ငံ (မြန်မာ)၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် တွေ့ရှိရသော မြို့ပြများ အစုအဝေးနှင့် ၎င်းတို့၏ ဘာသာစကားကို ရည်ညွှန်းပါသည်။ ပျူသမိုင်းကို အဓိက သမိုင်းကြောင်း နှစ်ခုအားဖြင့် သိရသည်- ကျောက်ထွင်းစာများတွင် တွေ့ရသော ပျူတို့၏ ယဉ်ကျေးမှု လက်ကျန်အရ သော်လည်းကောင်း (အချို့ကို ပါဠိဘာသာ ဖြင့်တွေ့ရသည်။ သို့ရာတွင် အချို့ကို ပျူအရေးအသားမူ သို့မဟုတ် ပျူဘာသာအခွဲဖြစ်သော ဂုပ္ပတအရေးအသား အဖြစ်တွေ့ရသည်)၊ တရုတ်ပြည်အင်ပါယာသမိုင်းတွင် ထိန်းသိမ်းထားသော တရုတ်ခရီးသွားများနှင့် ကုန်သည်အချို့၏ မှတ်တမ်းတိုများ အားဖြင့်လည်းကောင်း သိရသည်။

ပျူတို့သည် နောက်ပိုင်းတွင် ဗမာမျိုးနွယ်စုများ၏ တစ်စိတ်တပိုင်းဖြစ်လာသော တရုတ်-တိဘက်များနှင့် လူမျိုးကွဲ ထိမ်းမြားလက်ထပ်ခြင်းများ ရှိသော်လည်း ဗမာ(ဗမာလူမျိုး) နှင့် မတူကွဲပြားသော လူမျိုးစုဖြစ်သည်ဟု ယုံကြည်ရဖွယ်ရှိသည်။ ဗမာ သို့မဟုတ် မြန်မာ မျိုးနွယ်ကို တည်ထောင် ဖြစ်ပေါ်လာစေသော ဘိုးဘေး သုံးဦးအနက် တစ်ခုဖြစ်သော ပျူတို့သည် ဖော်ပြပါ အုပ်စုသုံးစု၏ ရောနှောမှုမှ ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြသည်-(၁) ကျောက်ခေတ်၊ ကြေးဝါခေတ်နှင့် သံခေတ်တို့ကတည်းက ထင်ရှားမှုမရှိသော ဒေသတွင်း နေထိုင်သူအနည်းစု၊ (၂) ဟိန္ဒူဘာသာဗုဒ္ဓဘာသာ တို့နှင့်အတူ ၎င်းတို့၏ ယဉ်ကျေးမှုနှင့် စာပေတို့ကိုတပါတည်း သယ်ဆောင်လျက် ဆက်တိုက် ဝင်ရောက်လာသော အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့အခြေချ ဝင်ရောက်လာသူများနှင့် (၃) နောက်ဆုံးအုပ်စုမှာ မြောက်ဘက်မှ ဝင်ရာက်လာသည်ဟု ယုံကြည်ရသော တိဘက်တို-ဘားမင်း အုပ်စုတို့ဖြစ်သည်။[၁]

ရှေးဦး အခြေချနေထိုင်မှု[ပြင်​ဆင်​ရန်​]

နောင်တွင် ဗမာဟု ခေါ်တွင်သည့် ဒေသသို့ ပျူတို့သည် BC ၁ ရာစု သို့မဟုတ် ထို့ထက်စော၍ ရောက်ရှိလာပြီး မြို့ပြနိုင်ငံများဖြစ်သည့် ဘိန္နက၊ မွန်ဂါမို၊ သရေခေတ္တရာ၊ ဗိဿနိုးမြို့၊ မြောက်ဘက်ရှိ ကွတ်ခိုင်၊ သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ ဟန်လင်းကြီး၊ မုတ္တမပင်လယ်ကွေ့နှင့် ၎င်း၏တောင်ဘက်ရှိကမ်းရိုးတမ်း၊ အရှေ့မြောက်ဘက်၌သံတွဲနှင့် အရှေ့ဘက်ရှိ ရိုးမမြို့ပြနိုင်ငံများတို့ကို တည်ထောင်ခဲ့သည်။ [၂] ပျူတို့သည် မြို့များကို တည်ထောင်ခဲ့ရာ ၎င်းတို့မှာ AD ၄-၈ ခုနှစ်တွင် သရေခေတ္တရာ(ပြည်)၊ မိုင်းမော၊ ဗိဿနိုး (အမှန်စင်စစ် ဟိန္ဒူနတ်ဘုရား ဗိဿနိုးကို အစွဲပြု ခေါ်ဆိုခြင်း ဖြစ်သည်) (ခမာတပ်များ AD၂၁၀ မှ ၂၂၅ ထိ သိမ်းပိုက်ထားခဲ့သည်)၊ AD ၁ မှ ၄ ခုနှစ်တွင် တောင်တွင်းကြီး၊ AD ၂ မှ ၉ ခုနှစ်တွင် ဟန်လင်း (ဝက်လက်)၊ (ဟန်လင်းကြီး)၊ တကောင်း(သပိတ်ကျင်း)၊ ဝတီ(နထိုးကြီး)၊ မိုင်းမော(ပင်းလေး)(မြစ်သား)၊ ဘိန္နက(ပျော်ဘွယ်)နှင့် ဘီးလင်းမြို့နယ်(မွန်ပြည်နယ်) တို့ဖြစ်သည်။ [၃] ထိုခေတ်ကာလတွင် မြန်မာနိုင်ငံသည် တရုတ်မှ အိန္ဒိယသို့ ကုန်းလမ်းခရီး ကုန်သွယ်လမ်း တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သည်။ သက္ကရာဇ် ၉၇ မှ ၁၂၁ ထိ တရုတ်နိုင်ငံဆိုင်ရာ ရောမသံတမန်များသည် ခရီးသွားရာ၌ ဗမာနိုင်ငံကို ဖြတ်သော ကုန်းလမ်းခရီးကို ရွေးချယ်ခဲ့ကြသည်။ သို့သော်လည်း ပျူတို့သည် သရေခေတ္တရာသို့ သွားရန် ဧရာဝတီမြစ်တလျောက် အခြားလမ်းတစ်ခု၊ အနောက်ဖက်၌ အိန္ဒိယသို့သွားရန်နှင့် အရှေ့ဘက်၌ အရှေ့တောင်အာရှ ကျွန်းဆွယ်သို့သွားရန် ရေလမ်းခရီးကိုလည်းကောင်း လမ်းဖွင့်ပေးခဲ့သည်။

ပျူမြို့ပြနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ
ပျူမြို့ပြနိုင်ငံများနှင့် ၎င်းတို့၏ အိမ်နီးချင်းများကို ပြသော AD ၈၀၀ အာရှတိုက်မြေပုံ

ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ[ပြင်​ဆင်​ရန်​]

တရုတ်သမိုင်း အထောက်အထားများက ပျူတို့သည် တိုင်းနိုင်ငံ ၁၈ ခုကို ချုပ်ကိုင်ခဲ့ပြီး ကြင်နာ၍ အေးချမ်းသော လူမျိုးများဟူ၍လည်းကောင်း၊ လှပတင့်တယ် ကြက်သရေရှိသော ပျူလူမျိုးဟူ၍ လည်းကောင်း မှတ်တမ်းတင်ခဲ့သည်။ ပျူတို့ကြားတွင် ခိုက်ရန်ဖြစ်ပွားသည်ဟု မှတ်တမ်း မရှိသလောက်ပင် ဖြစ်သည်။ အငြင်းပွားမှုများကို ကြီးကြပ်သူများပါသော နှစ်ဦးရင်ဆိုင် တိုက်ခိုက်ခြင်း သို့မဟုုတ် ပြိုင်ပွဲများ ပြုလုပ်ခြင်းအားဖြင့် ဖြေရှင်းကြသည်။ ပျူတို့သည် ပိုးထည်အစစ်အစား ပိုးထည်ကဲ့သို့ ပျော့ပြောင်းနူးညံ့သော လက်ပံပင်လျှော် (ပိုးချည်ထည်)နှင့် ယက်လုပ်သော အဝတ်အထည်များကို ဝတ်ဆင်ကြသည်။ ထိုသို့အားဖြင့် ပိုးချည်ထုတ်သော ပိုးကောင်လေးများကိုသတ်ရန်မလိုတော့ပေ။ ပြစ်မှုကျူးလွန်ပါက ကြိမ်ဒဏ်ပေးပြီး ကြီးမားသော ပြစ်မှုများကျူးလွန်ပါက သေဒဏ်ကျရောက်သော်လည်း ထောင်ရှိသည်ဟု သိမှတ်ရခြင်းမရှိပါ။ ပျူတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ ကလေးအားလုံးသည် ဘုန်းတော်ကြီးကျောင်းများတွင် အသက် ခုနစ်နှစ်မှ နှစ်၂၀ အတွင်း သာမဏေ ဘဝဖြင့် ပညာသင်ဆည်းပူးကြသည်။

ရွှေ့ပြောင်း အခြေချခြင်း[ပြင်​ဆင်​ရန်​]

ပျူမြို့ပြနိုင်ငံတို့သည် ပျူနိုင်ငံတော်အဖြစ် မည်သည့် အခါကမှ စည်းလုံး ပေါ်ထွန်းခဲ့ခြင်း မရှိခဲ့ပေ။ သို့ရာတွင် ပို၍ အင်အားကြီးသော မြို့များသည် ထင်ရှားလာပြီး အင်အားငယ်သော မြို့များမှ အခွန်အတုပ် တောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။ အင်အားအကြီးမားဆုံးမြို့မှာ သရေခေတ္တရာ ဖြစ်သည်။ ရှေးဟောင်းသုတေသန အထောက်အထားများအရ ဗမာနိုင်ငံတွင် တည်ထောင်ခဲ့သမျှသော မြို့များအနက် အင်အား အကြီးမားဆုံးဟု ညွှန်းဆိုသည်။

၎င်းမြို့ကို တည်ထောင်သည့် ခုနှစ်သက္ကရာဇ်ကို မသိရပေ။ ပျူသမိုင်းအရ AD ၉၄ ခုနှစ် မင်းဆက်အပြောင်းအလဲ မပြုမီကုဖြစ်ဖွယ်ရာ ရှိသည်။ ရ ရာစုတွင် ပျူတို့သည် ၎င်းတို့၏ မြို့တော်ကို မြောက်ဘက် ခြောက်သွေ့သော ဟန်လင်းကြီးဘက်သို့ ရွှေ့ခဲ့သည်။ သရေခေတ္တရာကိုမူ ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်သော ဒုတိယ ဗဟိုချက်မမြို့အဖြစ် ထားရစ်ခဲ့သည်။ နေရာအတိအကျမသိရသော မြောက်ဘက်မြို့တော်ကို ပို၍ အရေးပေးမှုကြောင့် ၆၅၆ ခုနှစ်တွင် သရေခေတ္တရာသည် အလွယ်တကူ စွန့်ပစ်ခြင်း ခံရတော့သည်။ အချို့သော သမိုင်းဆရာများက မြို့တော်သည် ဟန်လင်းကြီးဖြစ်ပြီး တကောင်းရှေးမြို့ဟောင်းနှင့် ဆက်နွယ်ကောင်း ဆက်နွယ်လိမ့်မည်ဟု ယုံကြည်ကြသည်။ မြို့တော်သစ် မည်သည့်နေရာတွင် တည်ခဲ့စေကာမူ ၉ ရာစုအလယ်ပိုင်းတွင် တရုတ်ပြည် နန်းဇောင်း တိုင်းနိုင်ငံ၏ လုယက်ဖျက်ဆီးခြင်းကို ခံရသည်။ ပျူတို့လွှမ်းမိုးမှု ကာလလည်း ချုပ်ငြိမ်းရတော့သည်။ [၄]

ဘာသာစကား[ပြင်​ဆင်​ရန်​]

ယခု ဗမာနိုင်ငံ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ပျူဘာသာစကားကို တွေ့ရှိရသည်။ ကျောက်စာများအရ ပျူဘာသာစကားသည် ၎င်းတို့၏ ယဉ်ကျေးမှု အကြွင်းအကျန်များအဖြစ် ကျွန်ုပ်တို့ သိရှိရသည် (အချို့ကို ပါဠိဘာသာအားဖြင့် တွေ့ရသည်။ သို့ရာတွင် ပျူဘာသာသို့ ပြန်ဆိုထားသည် သို့မဟုတ် ပျူဘာသာနှင့် အနည်းငယ် လွဲသော ဂုပ္ပတ စာများတွင် တွေ့ရသည်)။ ပျူဘာသာစကားသည် AD ၅ ခုနှစ်တွင် ရခိုင်ပြည်မြောက်ပိုင်း၌ အစပြုခဲ့သည်။ မြစေတီဘုရားကျောက်စာကို ပျူ၊ မွန်၊ ဗမာနှင့် ပါဠိဘာသာများဖြင့် AD ၁၁၁၃ တွင် ရေးထိုးခဲ့သည်။ ပျူဘာသာစကားကို AD ၁ ရာစုနှစ်နှင့် မွန်ဘာသာစကားကို AD ၅ ရာစုနှစ်တို့တွင် ရေးထိုးထားသော မှတ်တမ်းများရှိပြီး၊ ဗမာစကားကိုမူ AD ၁၁ ရာစုနှစ်မှသာ ရေးထိုး မှတ်တမ်းတင်ခဲ့သည်။တရုတ်သမိုင်းများတွင် ပျူတို့ကို ‘ပအိုင်းဝ်’ဟု မှတ်တမ်းတင်ခဲ့သည်။ သို့သော် ပျူတို့ကမူ ၎င်းတို့ကိုယ် ၎င်းတို့ တရိကုလဟု ခေါ်ဆိုသည်။ အေဒီ၇၅၅ တွင် တရုတ်တို့ကို အောင်နိုင်ရန်အတွက် နန်ချိုနှင့် တိဘက်တို့ မဟာမိတ်ဖွဲ့ခဲ့သည့် မှတ်တမ်းများရှိသည်။ နန်ချိုရှင်ဘုရင် ကိုလိုဖန်သည် ပျူတို့နှင့် ဆက်သွယ်ခဲ့သည်။ ပျူရှင်ဘုရင်များကို မဟာရာဇာများ ဟူ၍လည်းကောင်း၊ ဝန်ကြီးများကို မဟာသိန ဟူ၍လည်းကောင်း ခေါ်ကြသည်။ နန်ချိုသည် ပျူစစ်သားများကို ဟနွိုင်းသို့ AD ၈၆၃ တွင် သွားရောက် တိုက်ခိုက်စေသည်။ AD ၈၃၂ တွင် နန်ချိုသည် ပျူတို့၏ ဟန်လင်းရွာကို လုယက် ခဲ့သည်။

တောင်ပိုင်းအိန္ဒိယစာ အရေးအသားကို အသုံးပြုသော ပျူ ကမ္ဗည်းစာများက ဗိကရာမမင်းဆက် AD ၆၇၃ မှ ရ၁၈ အထိ အုပ်ချုပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ပျူကျောက်စာများအရ ဗိကရာမ အမည်ရှိ မင်းတို့၏ အမည်များနောက်၌ ဗိဿနိုးကို ထည့်ကြသည်။ အလားတူဓလေ့ထုံးစံကို BC ၁၀၀ တွင် အိန္ဒိယ ဂုပ္ပတခေတ်သရေခေတ္တရာ၊ တောင်ဘက်၌ မွန်ထိုင်းကမ္ဘောဒီးယားတို့တွင် တွေ့ရသည်။ ဂါရုဒ ပေါ်တွင် မတ်တပ်ရပ်လျက်ရှိသော ဗိဿနိုးရုပ်ထု၏ လက်ဝဲဘက်တွင် ကြာပန်းပေါ်တွင် မတ်တပ်ရပ်လျက်ရှိသော လက်ချမီးရှိသည်။ ထို့ပြင် ဗြာမင်သျှီဝ(သီဝ ဟုလည်းခေါ်သည်)နှင့် ဗိဿနိုးတို့၏ ပလ္လင်များကိုလည်း တွေ့ရသည်။ ဗာမင်ဆိုသောအမည်သည် အိန္ဒိယ ပါလဝ ဩဇာ လွှမ်းမိုးမှုများကို ညွှန်ပြသည်။အိန္ဒိယ အမည် ဖော်ပြထားသော ဗာမင်မင်းဆက်သည် အိမ်နီးချင်း ပြိုင်ဘက် မြို့တော်ရှိကြောင်းကို ညွှန်ပြသည်။ သို့သော် ယနေ့ထိ တူးဖော်ချက်များအရ ပြည်မြို့ဟောင်းသည်သာ တစ်ခုတည်းသော ပျူတို့၏ နေရာဒေသဖြစ်သည်။ [၅] တရုတ်ရာဇဝင် မှတ်တမ်းတွင် ချန်ယိစိန်က မုတ္တမပင်လယ်ကွေ့ တဝိုက်ရှိ မွန်တို့၏ ဒေသတွင် အခြေချသော အိန္ဒိယမှ ဆင်းသက်သော ဒြာဝိဒိယန် မျိုးနွယ်စုအမည်ဖြစ်သော ပံသဝဟူ၍ ရွာနာမည်ကို ပေးခဲ့သည်။ ဤအုပ်စုသည် ဗိဿနိုးကို ‘မွန်ယဉ်ကျေးမှုဖြင့် သိမ်းပိုက်မှု’၏ ရှေ့ဆောင်အုပ်စုဖြစ်သည်။ ဤသို့ဖြင့် ၎င်းရွာ/မြို့ကို မြန်မာနိုင်ငံ တောင်ပိုင်းရှိ မွန်ဒေသနှင့် ဆက်သွယ်လျက် ရာမညပူရမြို့ဟူ၍ ခေါ်ဆိုစေသည်။ တကောင်းမင်းဆက်ကို ဒွတ်တဘောင်မင်း၏ မယ်တော်နှင့် ခမည်းတော်တို့၏ အကြောင်းမှတ်တမ်းတွင် ရှင်းလင်းစွာ ထည့်သွင်း ဖော်ပြထားသည်။ ဗိဿနိုးဘုရင်မ၏ မျိုးရိုးအလိုက် ဆင်းသက်သော မှတ်တမ်းမှာမူ အနည်းငယ် အပြောင်းအလဲရှိသည်။ သို့သော် သရေခေတ္တရာမင်းများနှင့် အစဉ်ရောထွေးလျက် ရှိသည်။ ဤအရာအားလုံးတွင် ဒေသဆိုင်ရာ ကွပ်ကဲအုပ်ချုပ်မှု၊ ဟိန္ဒူသို့မဟုတ် ဗုဒ္ဓဘာသာ ဂိုဏ်းများ၏ အားပေး ထောက်ခံမှုများ သဘာဝလွန် ဖြစ်ရပ်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်ထားသည်။ [၆][၇] [၈][၉][၁၀][၁၁] [၁၂]

ပျူ ပုတီးများ[ပြင်​ဆင်​ရန်​]

ကိုးကားထားသော စာအုပ်များ[ပြင်​ဆင်​ရန်​]

  • Janice Stargardt: The ancient Pyu of Burma, Cambridge, 1990, ISBN 1-873178-01-8
  • Than Tun, "The Story of Myanmar Told in Pictures", <year?>
  • Elizabeth Moore, Myanmar Historical Research Journal, 2004.
  • D.G.E. Hall, A History of the South East Asia, New York, 1968.
  • G.E. Harvey, History of Burma, London, 1925

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Dr Than Tun (History Professor, Mandalay University) ‘The Story of Myanmar told in pictures’.
  2. Dr Than Tun , “The Story of Myanmar told in pictures”
  3. Dr Than Tun , “The Story of Myanmar told in pictures”
  4. Chinese imperial history
  5. Chinese imperial history
  6. (Perso-Arab authors) of 9-10 AD
  7. (Elizabeth Moore, Myanmar Historical Research Journal 2004)
  8. BURMA, D. G 1960. Page 8
  9. Elizabeth Moore 2004
  10. BURMA, D. G 1960. Page 8
  11. D. G . E. HALL, “BURMA”
  12. D. G . E. HALL, BURMA