ပေါလ်စခိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပေါလ် စခိုး
P Scholes.jpg
ကိုယ်ရေးအချက်အလက်များ
အမည်အပြည့်အစုံ ပေါလ်အေရွန် စခိုး
မွေးသက္ကရာဇ် မေလ ၂ရက် ၊ ၁၉၇၅
မွေးရပ်ဇာတိ    ဆဲလ်ဖို့ဒ်၊ ဂရိတ်တား မန်ချက်စတာ
, အင်္ဂလန်နိုင်ငံ
အရပ်အမြင့် ၅ ပေ ၇ လက်မခွဲ
ကစားသည့်နေရာ အလယ်တန်း (အနားယူ)
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိကလပ် မန်ချက်စတာ ယူနိုက်တက်
လူငယ်ဘဝကလပ်များ
၁၉၉၁-၁၉၉၄ မန်ချက်စတာ ယူနိုက်တက်
ကြေးစားကလပ်များ1
ခုနှစ် ကလပ် App (Gls)*
၁၉၉၄၄-၂၀၁၁ မန်ချက်စတာ ယူနိုက်တက်    
နိုင်ငံကိုယ်စားပြုအသင်း
၁၉၉၇-၂၀၀၄ အင်္ဂလန်ဘောလုံးအသင်း

1 Senior club appearances and goals
counted for the domestic league only.
* Appearances (Goals)

ပေါလ် အေရွန် စခိုး (Paul Scholes) ( ၁၉၇၄ နိုဝင်ဘာ ၁၆ မွေး) သည် အနားယူသွားသော အင်္ဂလိပ် ဘောလုံးသမား တစ်ယောက် ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ဘောလုံးကလပ်တွင် အလယ်တန်း ကစားသမား တစ်ဦး အဖြစ် ကစားခဲ့သည်။ သူသည် သူ၏ ဘောလုံးသမား သက်တမ်း တလျှောက်လုံးကို မန်ချက်စတာ ယူနိုက်တက် တစ်ခုတည်းတွင်သာ ကုန်ဆုံးခဲ့သည်။

ပေါလ်စခိုးကို ဆဲလ်ဖို့ဒ်တွင် မွေးပြီး နောက်ပိုင်းတွင် လန်လေ သို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းတွင် ခရစ်ကက် နှင့် ဘောလုံး နှစ်ခုစလုံးတွင် ထူးချွန်သည်။ သူ၏ ကျောင်းရှိ ကင်းထောင် တစ်ဦးက သူ့အား သတိထားမိပြီးသွားသည့် နောက်တွင် အသက် ၁၄ နှစ် အရွယ်မှ စ၍ မန်ချက်စတာ ယူနိုက်တက်၌ လေ့ကျင့်ကစားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် ဖလား ၃ ခုရသော ရာသီတွင် အဓိက နေရာမှ ကစားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် နှင့် အတူ ပရီးမီးယားလိဂ် ဖလား ၁၀ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်တွင် ဒုတိယ တံဆိပ်တို့ ရရှိခဲ့ဖူးသည်။

စခိုးသည် အင်္ဂလန်နိုင်ငံ အသင်းတွင် ၁၉၉၇ မှ ၂၀၀၄ ခုနှစ် အထိ ပါဝင်ကစားခဲ့ပြီး ၁၉၉၈ နှင့် ၂၀၀၂ ကမ္ဘာ့ဖလား အပြင် ယူရို ၂၀၀၀ နှင့် ယူရို ၂၀၀၄ တို့တွင် ပါဝင်ကစားခဲ့သည်။ ကစားပွဲအားလုံးတွင် အဝါကဒ် ၁၂၀ ကျော် ထိဖူးပြီး အနီကဒ်ပြ၍ အထုတ်ခံရသည်မှာ ၁၀ ကြိမ် ရှိသည်။

စခိုးသည် မန်ချက်စတာ ယူနိုက်တက်နှင့် အတူပွဲပေါင်း ၆၅၀ ကျော် ကစားခဲ့သဖြင့် မန်ယူနှင့် ကစားသော ဘောလုံးသမားများတွင် စတုတ္ထမြောက် အများဆုံး ပွဲကစားသူဖြစ်သည်။ သူသည် ၃၁ မေလ ၂၀၁၁ တွင် အနားယူရန် တရားဝင်ကြေငြာခဲ့သည်။