ပေတံ

ဝီကီပီးဒီးယား မှ
ပေတံအမျိုးမျိုး

ပေတံသည် ပေ၊ လက်မ၊ မီလီမီတာ အမှတ်အသားများပါရှိသော သစ်သား(သို့) ပလပ်စတစ်(သို့) သံပြားချောင်းကို ခေါ်ဆိုသည်။ ပေတံတွင် တစ်ဖြောင့်တည်းရှိသော ပေတံနှင့် ခေါက်လို့ရသော ခေါက်ပေတံဟူ၍ နှစ်မျိုး ကွဲပြားသေးသည်။ ပေတံတွင် ၁-လက်မတွင် ၁/၂-လက်မ၊ ၁/၄-လက်မ၊ ၁/၈-လက်မ၊ ၁/၁၆-လက်မအထိ ခွဲထားသည်ကို၎င်း၊ ၁/၁၀-လက်မ ခွဲစိတ်မှတ်သားသည်ကို၎င်း တွေ့ရှိရပေသည်။ ၎င်းကိုအသုံးပြု၍ လိုအပ်သော အတိုင်းအတာတို့ကို တိုင်းထွာနိုင်သည်။ ခေါက်ပေတံအမျိုးအစားတွင် ၂-ပေအလျားရှိသော ခေါက်ပေတံ၊ ၃-ပေရှိသော ခေါက်ပေတံဟူ၍ နှစ်မျိုးရှိပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သံချီသံကွေးသင်တန်းမှတ်စု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ သုဝဏ္ဏမြို့။