ပူလစ်ဇာဆု

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Gen pulitzer.jpg

အမေရိကန်ပြည်ထောင်စုမှချီးမြှင့်သောဆုဖြစ်သည်။ သတင်းစာ၊ ဂျာနယ်၊ စာပေ၊ ဂီတအရေးအဖွဲ့ စသည်တို့တွင် ထူးချွန်သူများကို နှစ်စဉ် ဆုချီးမြှင့်သည်။ ဟန်ဂေရီလူမျိုး အမေရိကန်နိုင်ငံသား ပုံနှိပ်သူ ဂျိုးဇက်ပူလစ်ဇာ (Joseph Pulitzer) က စတင် ရန်ပုံငွေထောင်ပြီး ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှ ကြီးကြပ်ရွေးချယ်သည်။ မှန်ကန်သောအသံထွက်မှာ "Pull it, sir" တွင်ပါရှိသော Pull (ပူးလ်) အသံထွက်အတိုင်း ထွက်ရမည်ဖြစ်သည်။ ထို့ကြောင့် ပူးလစ်ဇာဆု ဟုခေါ်မှ မှန်ကန်ပါမည်။

နှစ်စဉ် ကဏ္ဍ ၂၁ ခုအတွက် ဆုချီးမြှင့်သည်။ ဆုပေါင်းနှစ်ဆယ်တွင် ဆုကြေးငွေသား အမေရိကန်ဒေါ်လာ တစ်သောင်းစီချီးမြှင့်ပြီး ပြည်သူ့အကျိုးပြုဂျာနယ်လစ်ဇင်ဆုအတွက် ရွှေတံဆိပ်ဆုချီးမြှင့်သည်။

မှတ်ချက်။ ။ မြန်မာပြည်မှလည်း ဆုရဖူးသူရှိသည်ဟု ကြားဖူးပါသည်။ သိရှိသူများဖြည့်စွက်ပေးကြပါရန်။