ပုသိမ်ခရိုင်

ဝီကီပီးဒီးယား မှ
ပုသိမ်ခရိုင်
ခရိုင်
ပုသိမ်မြို့နယ်တွင်းရှိ ငွေဆောင်ကမ်းခြေ
ပုသိမ်မြို့နယ်တွင်းရှိ ငွေဆောင်ကမ်းခြေ
ဧရာဝတီတိုင်းအတွင်းတည်နေရာ
ဧရာဝတီတိုင်းအတွင်းတည်နေရာ
ပုသိမ်ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပုသိမ်ခရိုင်
ပုသိမ်ခရိုင်
ဧရာဝတီတိုင်းအတွင်းတည်နေရာ
ကိုဩဒိနိတ်: 16°45′0″N 94°30′0″E / 16.75000°N 94.50000°E / 16.75000; 94.50000ကိုဩဒိနိတ်: 16°45′0″N 94°30′0″E / 16.75000°N 94.50000°E / 16.75000; 94.50000
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ဧရာဝတီ
မြို့နယ်ပေါင်း
မြို့တော်ပုသိမ်မြို့
ဧရိယာ
 • စုစုပေါင်း၄၂၀၀ စတုရန်းမိုင် (၁၀၉၀၀ စတုရန်းကီလိုမီတာ)
လူဦးရေ (၂၀၁၄)၁,၆၂၇,၅၈၆
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပုသိမ်ခရိုင် သည် မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီး တွင် ပါဝင်သောခရိုင် ၈ ခုအနက် တစ်ခုဖြစ်၍ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုဖြစ်သည်။ ပုသိမ်ခရိုင်သည် မြောက်ဘက် တွင် ဟင်္သာတခရိုင်၊ အရှေ့ဘက်တွင် မြောင်းမြခရိုင်နှင့် မအူပင်ခရိုင်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင် ကပ္ပလီပင်လယ် တို့ဖြင့် နယ်နိမိတ် ထိစပ်လျက် တည်ရှိ သည်။ ပုသိမ်ခရိုင်၏ အကျယ်အဝန်းမှာ ၄၂၀၈.၄၂ စတုရန်းမိုင် (၁၀,၉၀၀ စတုရန်းကီလိုမီတာ) ရှိပြီး ၂၀၁၄ ခုနှစ် လူဦးရေ စာရင်းအရ ၁,၆၂၇,၅၈၆ ယောက် ရှိသည်။[၁]

မြို့နယ်နှင့် မြို့များ[ပြင်ဆင်ရန်]

ပုသိမ်ခရိုင်မြို့နယ်များ
  ပုသိမ်မြို့နယ်
  ကန်ကြီး​ထောင့်မြို့နယ်
  ငပု​တောမြို့နယ်
  သာ​ပေါင်းမြို့နယ်

ပုသိမ်ခရိုင်တွင်းရှိ မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၂၀၂၂ခုနှစ် ဧပြီလတွင် ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များကို ခွဲထုတ်ကာ ကျုံပျော်ခရိုင် အဖြစ် ဖွဲ့စည်းခဲ့သည်။[၂]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၅၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး
  2. ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း
  3. http://myanmartravelinformation.com/mti-yangon/pathein.htm
  4. http://www.allmyanmar.com/new%20allmyanmar.com/myanmar-beach.html