ပီကင်း တက္ကသိုလ်
| ပီကင်း တက္ကသိုလ် Peking University 北京大学 |
|
| တည်ထောင်သည့်နှစ် | 1898 |
|---|---|
| အမျိုးအစား | အမျိုးသားအဆင့် |
| President | Zhou Qifeng (周其凤) |
| ဆရာဦးရေ | 4,206 |
| တက္ကသိုလ်တန်း | 15,128 |
| မဟာတန်း | 15,039 |
| တည်နေရာ | ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ |
| ပရိဝုဏ် | Urban, 273 ha (2.73 km2 ) |
| အမည်ဟောင်း | အင်ပါယာ မြို့တော် တက္ကသိုလ် Imperial Capital University |
| Nickname | 北大, Běidà |
| ပါဝင်သည့် အဖွဲ့အစည်း | IARU, AEARU, APRU, BESETOHA, C9 |
| ဝက်ဘ်ဆိုက် | www.pku.edu.cn |
ပီကင်း တက္ကသိုလ် (北京大學; 北京大学) အတိုကောက်အားဖြင့် ပေတာ့ (北大) သည် ပေကျင်းမြို့တွင် တည်ရှိပြီး တရုတ်ပြည်၏ အဓိကကျသော သုတေသနပြု တက္ကသိုလ်ဖြစ်သည်။ တရုတ်ပြည်တွင် ခေတ်သစ် (မော်ဒန်) တက္ကသိုလ်အသွင်ဖြင့် တည်ထောင်ခဲ့သည့် ပထမဦးဆုံးသော တက္ကသိုလ်လည်း ဖြစ်သည်။ ၁၈၉၈ ခုနှစ်တွင် ရှေးဟောင်း ကျောင်းတော်ကြီးအား အသွင်ပြောင်းကာ အင်ပါယာ မြို့တော်တက္ကသိုလ်အဖြစ် ထူထောင်ခဲ့သည်။[၁] ၁၉၂၀ ခုနှစ်ပိုင်းတွင် တရုတ်၏ ခေတ်မှီတိုးတက်သော အတွေးအခေါ် အချက်အချာ ဖြစ်လာသည်။ ယနေ့တွင် ပီကင်းတက္ကသိုလ်ကို တရုတ်ပြည်တွင် အကောင်းဆုံး တက္ကသိုလ်အဖြစ် ပြည်တွင်းပြည်ပမှ အသိအမှတ်ပြုထားသည်။[၂][၃][၄] ပညာသင်ကြားရေးအပြင် ပီကင်းတက္ကသိုလ်သည် ကျောင်းပရိဝုဏ်အတွင်းရှိ တရုတ်ရှေးရိုးဟန် အဆောက်အဦးများကြောင့်လည်း နာမည်ကျော်ကြားသည်။[၅]
ပီကင်းတက္ကသိုလ်၏ သမိုင်းတလျှောက်တွင် လူရွှင့်၊ မော်စီတုန်း စသည့် ပုဂ္ဂိုလ်များကို ပျိုးထောင်ပေးခဲ့သည်။[၆] ပီကင်း တက္ကသိုလ်သည်လည်း ယဉ်ကျေးမှု လှုပ်ရှားမှုသစ်၊ မေ ၄ လှုပ်ရှားမှု၊ ထျန်းအန်းမင် အရေးအခင်း (၁၉၈၉) နှင့် အခြားသော အရေးပါသည့် ကျောင်းသားလှုပ်ရှားမှုများတွင် လွှမ်းမိုးမှုများ ရှိခဲ့သည်။[၇]