ပိုးမျိုးရှစ်ဆယ်

ဝီကီပီးဒီးယား မှ

ပိုးမျိုး ၈ဝ။ ပိဋကတ်တော်တို့တွင် ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၁၇၉။ ၂၂၇။ ၂၅ဝ။ အဘိဓမ္မာဝိဘင်း အဋ္ဌကထာ ၃၁-တို့၌ရှုပါ။ စွယ်စုံကျော်ထင်အဖြေကျမ်းတွင် ခန္ဓာကိုယ်၌ ပိုးမျိုးရှစ်ဆယ်တို့နေကြပုံနှင့် အမည်များကို ဤသို့ဆိုသည်၊ ဤ၌ ဥပလက္ခဏနည်းမျှသာ ပြသည်၊ တစ်မျိုးမျိုး၌ မျိုးကွဲအဆွယ်အပွား များစွာရှိသေးကြောင်းကိုလည်း သိရာ၏။

  • စလ, ပိင်္ဂလ, ဤပိုး၂-မျိုးကား ဆံရင်းဦးရေကို မှီနေစားသောက်၏၊
  • ဥတ္တမ, အန္တောဥတ္တမ, ဤပိုး ၂-မျိုးကားဦးနှောက်၌ လည်းကောင်း၊
  • နှာရုမုခ, ဒန္တမုခ, မံသတာ, ဤပိုး ၃-မျိုးကား မျက်စိ, နား, နှာခေါင်းတို့၌လည်းကောင်း၊
  • ကာမုခ, အပ္ပတိဘယ, အပေါလ, ဤပိုး ၃-မျိုးကား လျှာ၌လည်းကောင်း၊
  • စာရန္တ, စာရုဏ, ပန္နက, ဤပိုး၃-မျိုးကား သွားရင်း၌လည်းကောင်း၊
  • လေဟ, ဆဝ, ဆဝဠ, ဤပိုး ၃-မျိုးကား ခြေသည်း လက်သည်း,အရေလွှာ, အကြောတို့၌လည်းကောင်း၊
  • တုလန, ရတ္တ, လောဟိတ, ဤပိုး ၃-မျိုးတို့ကား အသားစိုင်အကြောစိုင်တို့၌လည်းကောင်း၊
  • ဝေရမ္ဘ, မဟာဝေရမ္ဘ, ဤပိုး ၂-မျိုးကား လည်ချောင်း၌လည်းကောင်း၊
  • တုလန,ရတ္တာ, လောဟိတာ, ဤပိုး ၃-မျိုးကား ရိုးတွင်းခြင်ဆီ၌လည်းကောင်း၊
  • ဝတာ, ဝဂ္ဂုဝတာ, ဤပိုး ၂-မျိုးကား အညှို့၌လည်းကောင်း၊
  • ဒန္တ, မဟာဒန္တ, ရောဟိတ, မဟာရောဟိတ, ဤပိုး ၄-မျိုးကားဟဒယဝတ္ထုခေါ် နှလုံးသား၌လည်းကောင်း၊
  • ဝရုဏ, တဏှ, သီဝလ, မဟာသီဝလ, ဤပိုး ၄-မျိုးကားအသည်း၌လည်းကောင်း၊
  • အဋ္ဌိဝိဓ, အဒဠှသဒ္ဒ, အဋ္ဌိသီဝလ, အဋ္ဌိသင်္ဂါ, မုဉ္စ, မုဉ္စသီဝရ, ဤပိုး ၆-မျိုးကားအဖျဉ်း သရက်ရွက်၌လည်းကောင်း၊
  • သေတ, လောဟိတ, ကာလ, ကာလသီရ, စူကာ, မဟာစူကာ, ဤပိုး၆-မျိုးကား ကုလားအုပ် , ဆောင်ထပ်ခေါ်အဆုတ်၌လည်းကောင်း၊
  • စူရန္တ, မဟာစူရန္တ, သိပ္ပ, မဟာသိပ္ပ,အန္တဝရ, ပက္ကာဝရ, ဤပိုး ၆-မျိုးကား အူတွင်း၌လည်းကောင်း၊
  • လဇ္ဈုဝ, မဟာလဇ္ဈုဝ, ဩဇဝ, သိဉ္ဇိဝ,ဤပိုး ၄-မျိုးကား အစာသစ်, အစာဟောင်းအိမ်တို့၌လည်းကောင်း၊
  • နိလ, ပိတ, ဥဠာ, ဒါနဝါ, အသမုခ,ဝဟန, ဗဟိဒ္ဓ, ဟနဝ, မုဉ္စိဒါခ, ဝိသာလ ဟလမုခီ, ဤပိုး ၁ဝ-မျိုးကား သည်းခြေ, သလိပ်,ပြည်, သွေး, ချွေး, အဆီခဲ, မျက်ရည်တို့၌လည်းကောင်း၊
  • အတိမုခ, ဇာလာမုခ, ဤပိုး ၂-မျိုးကားနှလုံးသွေး၌လည်းကောင်း၊
  • ကရ, ကရန္ဒ, ကရဏိယ, ကံဟက, ဟက္ကက, ဤပိုး ၅-မျိုးကားကိုယ်၏အရှေ့ပိုင်းလည်းကောင်း၊
  • လောဟမုခ, မဟာလောဟမုခ, အာလာလောဟမုခ,မဟာအာလာလောဟမုခ, နှာရု, ဤပိုး ၅-မျိုးကား ကိုယ်၏အနောက်ပိုင်း၌လည်းကောင်း၊
  • စဏ္ဍ, စဏ္ဍသီရ,ဝှေဇိဏှ, ဇိဏှသီဝရ, ပုထုလ, ဤပိုး ၅-မျိုးကား အောက်ပိုင်း ကိုယ်၌လည်းကောင်း၊ မှီတင်း စားသောက်လျက်ရှိကြကုန်၏။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း


နှစ်ကျိပ်ရှစ်ဆူ