ပိုက်ကျော်ခြင်း

ဝီကီပီးဒီးယား မှ

ပိုက်ကျော်ခြင်းဆိုသည်မှာ ကွင်းထဲတွင် ပိုက်တားပြီး တစ်ဖက်နှင့်တစ်ဖက် ယှဉ်ပြိုင်ခတ်ရသော အားကစားဖြစ်သည်။ အရှေ့တောင်အာရှနိင်ငံများတွင် ထွန်းကားသည်။ အရှေ့တောင်အာရှပြင်ပရှိ တရုတ်၊ ဘရာဇီးစသောနိုင်ငံများတွင်လည်း စတင်ခေတ်စားလာပြီဖြစ်သည်။

ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ပိုက်ကျော်ခြင်းအားကစားနည်းမှာ အရှေ့တောင်အာရှနိုင်ငံများမှ အစပြုပြီး ဖြစ်ပေါ်လာပြီး နိုင်ငံတကာတွင် ခေါ်ဆိုသော အမည်မှာ Sepak takraw ဟု ဖြစ်သည်။ အဓိပ္ပာယ်မှာ Sepak ဟူသောစကားလုံးမှာ မလေးဘာသာအရ "ကန်သည်" ဟု အဓိပ္ပာယ်ရပြီး Takraw ဟူသောစကားလုံးမှာ ထိုင်းဘာသာအရ "ခြင်းလုံး" ဟု အဓိပ္ပာယ်ရသည်။ ပိုက်ကျော်ခြင်းအားကစားနည်းတွင် အင်အားအကြီးဆုံးနိုင်ငံများမှာ မလေးရှားနိုင်ငံနှင့်ထိုင်းနိုင်ငံတို့ဖြစ်ကြသည်။

သမိုင်း[ပြင်ဆင်ရန်]

ရှေးအကျဆုံးမှတ်တမ်းများအရ ပိုက်ကျော်ခြင်းအားကစားနည်းကို AD ၁၅ ရာစုနှစ်တွင် မလက္ကာရေလက်ကြားဒေသများတွင် အစောဆုံးကစားခဲ့ကြသည်ဟု မလေးရှားနိုင်ငံ သမိုင်းမှတ်တမ်းများအရသိရသည်။

ပြိုင်ပွဲများ[ပြင်ဆင်ရန်]

နိုင်ငံတကာပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများကို ISTAF, the International Sepak Takraw Federation (အပြည်ပြည်ဆိုင်ရာပိုက်ကျော်ခြင်းအဖွဲ့ချုပ်)မှ ကြီးမှူးကျင်းပလေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာပိုက်ကျော်ခြင်းအဖွဲ့ချုပ် ထိပ်သီးများပြိုင်ပွဲ (ISTAF Super Series ) , အပြည်ပြည်ဆိုင်ရာပိုက်ကျော်ခြင်းကမ္ဘာ့ဖလား (ISTAF World Cup) , ထိုင်းဘုရင့်ကမ္ဘာ့ဖလားတံခွန်စိုက်ပြိုင်ပွဲများအား နှစ်စဉ်ကျင်းပလေ့ရှိသည်။ အာရှအားကစားပြိုင်ပွဲများနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင်လည်း ပိုက်ကျော်ခြင်းအားကစားနည်းမှာ ပုံမှန်ပါဝင်နေကြ အားကစားနည်းတစ်ခုဖြစ်သည်