ပိသုဏဝါစာ

ဝီကီပီးဒီးယား မှ

ပိသုဏဝါစာကံ၏ အင်္ဂါ ၄-ပါး[ပြင်ဆင်ရန်]

ချစ်သူနှစ်ဦး ကွဲအောင် ကုန်းတိုက်ပေးမှု အင်္ဂါ လေးပါး။

(၁) ဘိန္ဒိတဗ္ဗ ပုဂ္ဂလ- အခွဲအတိုက် ခံရသူ၊

(၂) တပ္ပုရ ပိယ ကမျတာ- မိမိကို ချစ်စေလို၍ ကွဲပြားမှုကို ရှေးရှုခြင်း အဖြစ်၊

(၃) ဝါယမ- လုံ့လပြုခြင်း၊ ရန်တိုက်ခြင်း၊

(၄) ဇာနန- မိမိရန်တိုက် ပြောဆိုအပ်သူက မိမိစကားကို သိနားလည်ခြင်း။

ပိသုဏဝါစာ ကံ၏ မကောင်းကျိုး (၇)ပါး[ပြင်ဆင်ရန်]

ပိဋကတ်တော်တို့မှ ရသလောက် စုပေါင်း၍ ပြလိုက်သည်၊ တကျမ်းတဖွဲ့တည်း၌ စုပုံလျက်မရှိပေ။

(၁) အပါယ်လေးပါးသို့ လားရခြင်း၊

(၂) ချစ်သူတို့နှင့် ကွေကွင်းရခြင်း၊

(၃) မိတ်ဆွေခြွေရံ နည်းပါးခြင်း၊

(၄) သူတော်ကောင်းတရား၌ သဒ္ဓါပျက်တတ်ခြင်း၊

(၅) သူတပါးတို့လုံ့လကြောင့် သေရခြင်း၊

(၆) လူများ၏ အမုန်းကိုခံရခြင်း၊

(၇) စိတ်ညစ်ညူးစိုးရိမ်ရခြင်း။

ကိုးကား[ပြင်ဆင်ရန်]