ပါဖောင့်မန့် အက်

ဝီကီပီးဒီးယား မှ

ပါဖောင့်မန့် အက် (performance art) ဆိုတာ ပရိသတ်ကိုဖျော်ဖြေတင်ဆက်တဲ့ Entertainment မဟုတ်ပဲ အနုပညာရှင်များရဲ့ ရင်ထဲမှ ပွင့်အန်ထွက်ကျလာတဲ့ခံစားမှုများကို ဖော်ထုတ်တင်ဆက်တဲ့ အနုပညာအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အနုပညာပစ္စည်းဆိုတာ လူချမ်းသာများရဲ့ ဈေးကွက်ကစားမှု၊ အသုံးချခံမှုများကို စက်ဆုတ်ရွံရှာပြီး တော်လှန်ပြောင်းလဲထားတဲ့ အနုပညာပုံသဏ္ဌာန် အမျိုးအစားဖြစ်သည်။ ပါဖောင့်မန့် အနုပညာဆိုတာ အနုပညာရှင်ရဲ့ခံစားမှုကို ချက်ချင်းတုံ့ပြန်ရိုက်ခတ် ခံစားလာရသည့်အတိုင်း တင်ဆက်ခြင်းဖြစ်ပါတယ်။ ပစ္စုပ္ပန်တည့်တည့်မှာလုပ်ပြီး ချက်ချင်းပြီးပျောက်သွားတဲ့ အနုပညာပါ။ အရောင်းအဝယ်သဘောတရားတွေ လုပ်လို့မရတော့တဲ့အတွက် အနုပညာသမားစစ်စစ်ဘ၀ကို ခံယူချင်သူများသာ တင်ဆက်ပြသတဲ့အနုပညာပုံသဏ္ဍန် ဖြစ်ပါတယ်။ အနုပညာနဲ့ ငွေရှာမှုကို စက်ဆုတ်ရွံရှာသူများ၊ မိမိရဲ့ခံစားမှုကို ရိုးရိုးသားသားနဲ့ စစ်မှန်စွာတင်ပြသူများသာ လုပ်ဆောင်တဲ့ အနုပညာအမျိုးအစား ဖြစ်ပါတယ်။ လွတ်လပ်မှုကိုမြတ်နိုးသူများ၊ အဆောင်အယောင်များကို ငြီးငွေ့လွယ်သူများ၊ အမှန်တရားသစ်ကို ရှာဖွေသူများသာလုပ်ဆောင်နိုင်တဲ့ အနုပညာအမျိုးအစား ဖြစ်ပါတယ်။


ပါဖောင့်မန့် အနုပညာသမားတစ်ယောက်ဟာ ဇာတ်လမ်း (Script)၊ ဒါရိုက်တာ (Director) နဲ့ တိတိကျကျစည်းမျဉ်း၊ စည်းကမ်းဘောင်များနဲ့ လုပ်ဆောင်ဖျော်ဖြေခြင်းမဟုတ်ဘဲ၊ အနုပညာရှင်ဘ၀နဲ့ သမိုင်းကြောင်းက ခံစားမှုများကလူးလွန့်လာပြီး၊ စူးစူးနစ်နစ်ခံစားပြီး ပေါက်ကွဲလာ တဲ့ခံစားမှုများကို အနုပညာပုံသဏ္ဌာန်အသစ်နှင့် တင်ဆက်လိုက်တာဖြစ်ပါတယ်။ ဒီတင်ဆက်မှုများဟာ အနုပညာနဲ့ဘ၀၊ ဘ၀နဲ့သမိုင်း ကြောင်း၊ သမိုင်းကြောင်းနဲ့ပတ်ဝန်းကျင်၊ စက်ဆပ်မှုများ ရှုပ်ထွေးစွာ ရောနှောပေါင်းစပ်လာခဲ့ပါတယ်။ ဒါကြောင့် ပါဖောင့်မန့်အနုပညာသမား များဟာ သူနေထိုင်တဲ့ လူနေအဖွဲ့အစည်းရဲ့ မကျေနပ်မှုများကို တင်ပြလာတာတွေ့နိုင်ပါတယ်။ ဥပမာ – နိုင်ငံရေး၊ လူမှုရေး၊ အရှုပ်အထွေးများ ပေါက်ကွဲ မှုများ၊ ပြုပြင်ပြောင်းလဲရေး သဘောတရားများဖြင့် ကိုယ်ရဲ့ပါဖောင့်မန့်အနုပညာနဲ့ တင်ဆက်လေ့ ရှိပါတယ်။

ရိကလင်း (Yues Klein)၊ ဂျိုးဆက်ဘွိုင် (Joseph Beuys) စတဲ့ ပါဖောင့်မန့်အနုပညာကို ၁၉၆၀ တစ်ဝိုက်တွင် စတင်ပြုလုပ်ခဲ့သည်။ အဲ့ဒီ မှ တစ်ဆင့်အနောက်ဥရောပမှ အရှေ့ဥရောပသို့ ပျံ့နှံ့လာခဲ့ပါတယ်။ ၁၉၆၀ ပတ်ဝန်းကျင်လောက်မှာပဲ ဂူထိုင်းအုပ်စုကလည်း ဂျပန်နိုင်ငံ၊ အာရှမှာ ပါဖောင့်မန့် အနုပညာကို စတင်လုပ်ဆောင်နေပြီး ဖြစ်ပါတယ်။ ၁၉၆၂ မှာတော့ ဂျပန်နိုင်ငံမှ ပါ့ဖောင့်မက်ပွဲတော် (performance festival) ကိုစတင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုမှတစ်ဆင့် အာရှတိုင်းပြည်များကို တစ်စ တစ်စ ပျံ့နှံ့သွားခဲ့တယ်။ မြန်မာနိုင်ငံမှာ ၁၉၉၆ ခုနှစ်မှာ အနုပညာရှင် “ပိုပို”က စတင်ပြုလုပ်ခဲ့ပြီး ၁၉၉၇-၂၀၀၀ ထိ အောင်မြင့်၊ ထိန်လင်း၊ ငြိမ်းချမ်းစု၊ အေးကို ပြုလုပ်လာပြီး ပါဖောင့် မန့်အနုပညာကို ပြန့်ပွားစေခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ပါဖောင့်မန့်ပွဲတော် (performance festival) ကို စတင်ပြုလုပ်နိုင်ခဲ့တယ်။

ယခုအချိန်မှာဆိုရင် နိုင်ငံတကာပါဖောင့်မန့် အနုပညာရှင်များနှင့် ပူးပေါင်းကာ (Exchange program) နှင့် (performance festival) များ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။”

[၁]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. [၁][လင့်ခ်သေ]