ပလိပ်ရောဂါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပလိပ်ရောဂါ[ပြင်​ဆင်​ရန်​]

ပလိပ်ရောဂါသည် ယာဆင်နီယာ ပက်စ်တစ်(Yersinia pestis)ခေါ်သည့် ဘက်တီးရီးယား ကြောင့် ဖြစ်ပွားသော ကြောက်မက်ဖွယ် ကူးစက်ရောဂါ ဖြစ်သည်။ ပြင်သစ်−ဆွစ်လူမျိုး ဘက်တီးရီးယား ပညာရှင် အလက်ဇန္ဒား ယာဆင်Alexendre Yersinက အဆိုပါ ပိုးကို တွေ့ရှိခဲ့သည်။ ရောဂါပိုးကို ကြွက်များက အဓိကသယ်ဆောင်ပြီး ကြွက်သန်း(လှေး) များမှတဆင့် ပြန့်ပွားသည်။ ကမ္ဘာ့သမိုင်းတွင် လူအသေအပျောက်အများဆုံးရေဂါအဖြစ် အမည်ဆိုးဖြင့် ကျော်ကြားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအသွင်ကျရောက်တတ်သောကြောင့် အဓိကစောင့်ကြည့်ရမည့်ရောဂါအဖြစ် ၂၀၀၇ခုနှစ်၊ ဇွန်လအထိ သတ်မှတ်ထားသည်။

အမည်[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်ဘာသာ Plagueဟူသော စကားလုံးကို မြန်မာအမည်အဖြစ် မွေးစားထားသည်။ == ရောဂါဖြစ်ပွားပုံနှင့် ကူးစက်ပုံ

ကုသပုံ[ပြင်​ဆင်​ရန်​]

၁၈၉၇ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့၌ အလုပ်လုပ်သော ဒေါက်တာ ဝါလ်ဒီမာ ဟပ်ဖ်ကိုင်း http://en.wikipedia.org/wiki/Waldemar_Haffkineက ပလိပ်ရေဂါ ကာကွယ်ဆေးကို စတင်တီထွင်စမ်းသပ်သည်။ ရောဂါ အချိန်မီ ဖော်ထုတ်နိုင်ပါက ပဋိဇီဝဆေး ကုထုံးဖြင့် ထိရောက်စွာ ကုသနိုင်သည်။ အသုံးပြုလေ့ရှိသော ဆေးများမှာ စထရက်တိုမိုင်စင်(streptomycin)၊ ကလိုရမ် ဖင်နီကော(chloramphenicol)၊ တက်ထရာ ဆိုင်ကလင်း(tetracycline) တို့ ဖြစ်သည်။

Plague

Yersinia pestis seen at 200× magnification with a fluorescent label. This bacterium, carried and spread by fleas, is the cause of the various forms of the disease plague.
ICD-10 A20.
ICD-9 020
MedlinePlus 000596
eMedicine med/3381
MeSH D010930

ကိုးကား[ပြင်​ဆင်​ရန်​]

en.wikipedia