ပန်းကန်ပြားပျံ

ဝီကီပီးဒီးယား မှ

ပန်းကန်ပြားပျံဆိုသည်မှာ ကမ္ဘာမှမဟုတ်ဘဲ အခြားဂြိုဟ်များမှလာသော ယာဉ်ပျံများကိုဆိုလိုသည်။ ကောင်းကင်ယံတွင် ရံဖန်ရံခါတွေ့ရတတ်သည်ဆိုသော ပန်ကန်ပြားသဏ္ဌာန်ရှိ ယာဉ်ပျံများဖြစ်သည်။ အခြားကမ္ဘာမှ ဂြိုဟ်သားများ စီးနင်းလိုက်ပါလေ့ရှိသည်ဟု‌ ပြောဆိုကြသည်။ အချို့က လေယာဉ်များ၊ မိုးလေဝသပူပေါင်းများ၊ လေသင်္ဘောများကို ပန်းကန်ပြားပျံဟု အမှတ်မှားပြီး‌ပြောခြင်းဖြစ်သည်ဟု ဆိုကြသည်။ အချို့မှာ လေတပ်မတော်များ၏ ဆန်းသစ်သော တိုက်လေယာဉ်များ ဖြစ်နိုင်သည်ဟုဆိုကြသည်။ ယနေ့ထိပန်းကန်ပြားပျံများကိုလည်းကောင်း၊ ဂြိုဟ်သားများကိုလည်းကောင်း လက်ဆုပ်လက်ကိုင်မပြနိုင်သေးပေ။

သုသေသီများ၏လေ့လာချက်အရ လူအများပြောဆိုကြသော ပန်းကန်ပြားပျံများသည်

  • မိုးပျံပူဖောင်းများ၊ မီးပုံးပျံနှင့်လေသင်္ဘောများ
  • တိမ်များ
  • ကောင်းကင်တွင်ပေါ်သောပုံရိပ်များ၊ အလင်းတန်းများ၊ တံလျပ်များ
  • လေတပ်မတော်များ၏လျှို့ဝှက်လေယာဉ်များ၊ ဒုံးလက်နက်များ
  • အာကာသယာဉ်များ၏ ဆင်းသက်ထိပ်ဖူး(re-entering capsule)များသို့မဟုတ် အခြားအစိတ်အပိုင်းများ
  • အာကာသယာဉ်ပစ်လွှတ်သည့် တွန်းအားပေးဒုံးပျံများ၏ မြေပေါ်ပြန်လည်ကျရောက်လာသောအစိတ်အပိုင်းများ ဖြစ်ကြသည်။

အချို့ဓာတ်ပုံများမှာ ပန်းကန်ပြားပျံအတုများ ဖြစ်ကြသည်။ အချို့မှာမူ ယခုထိဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ ဒုတိယ ကမ္ဘာစစ်ကာလက ဂျာမန်တို့သည် လေယာဉ်အသစ်အဆန်းများ တီထွင်ရာတွင် အဝိုင်းပြားပုံ လေယာဉ်များလည်း ပါဝင်သည်။ ထို့‌ကြောင့်အချို့က ပန်းကန်ပြားပျံများသည် ဂျာမန်တို့၏လက်နက်ဆန်းများ ဖြစ်သည်ဟု ဆိုကြသည်။ ဂြိုဟ်သားများသည် ကမ္ဘာပေါ်တွင် အခြေစိုက်စခန်းများထားရှိကြပြီး ယင်းအနီးတစ်ဝိုက်တွင် ပန်းကန်ပြားပျံများကို မကြာခဏ တွေ့ရှိရလေ့ရှိသည်။ ပန်းကန်ပြားပျံများ၏ထူးခြားချက်မှာ လေကြောင်းပျံသန်းမှု နိယာမများကို ချိုးဖောက်ခြင်းဖြစ်သည်။ တည့်တည့်ပျံသန်းလာမှ ရုတ်ခြည်း ဘေးတိုက်ပျံသန်းသွားခြင်း၊ လူသားတို့ တီထွင်သော လေယာဉ်များ မလုပ်နိုင်သော တွန့်ခေါက်ပုံ (Zig-Zag) ပျံသန်းခြင်းများရှိသည်။ ပျံသန်းနှုန်းမှာလည်း လေယာဉ်များထက် ပိုမြန်သည်။