ပနားမားနိုင်ငံ
| ပနားမားသမ္မတနိုင်ငံ | |||||
| República de Panamá (စပိန်) | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - ကမ္ဘာ့အကျိုးအတွက် | |||||
| နိုင်ငံတော်သီချင်း - Himno Nacional de Panamá | |||||
| ပထဝီ |
|||||
| မြို့တော် | ပနားမားမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC -၅ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | စပိန်ဘာသာ | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ဒီမိုကရက်တစ် နိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၄၄.၃၆၀ ဘီလီယံ[၁] (အဆင့် - ) | ||||
| GDP(PPP) | S$၁၂,၅၇၇[၁] (အဆင့် - ) | ||||
| HDI | ▲ ၀.၇၅၅ (အဆင့် - ၅၄) | ||||
| ငွေ | Balboa ၊ အမေရိကန် ဒေါ်လာ | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .pa | ||||
| Calling code | +၅၀၇ | ||||
ပနားမားနိုင်ငံ၏ ရုံးသုံးအမည်မှာ ပနားမားသမ္မတနိုင်ငံ ဖြစ်ပြီး အမေရိက အလယ်ပိုင်း၏ တောင်ဘက် အစွန်ဆုံးသော နိုင်ငံ ဖြစ်သည်။ မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်ကို ဆက်သွယ်ထားသော ရေလက်ကြားနေရာတွင် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် ကော့စတာရီကာနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ကိုလံဘီယာနိုင်ငံ၊ မြောက်ဘက်တွင် ကာရစ်ဘီယံပင်လယ်နှင့် တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ တို့က ဝိုင်းရံလျှက် ရှိကြသည်။ မြို့တော်မှာ ပနားမားမြို့ ဖြစ်သည်။ စပိန်တို့က ၁၆ ရာစုတွင် ရှာဖွေတွေ့ရှိ ထူထောင်ခဲ့သော်လည်း ၁၈၂၁ ခုနှစ်တွင် ပနားမားနိုင်ငံသည် စပိန်မှ ခွဲထွက်ခဲ့ပြီး နျူဗာဂရန်နေဒါ၊ အီကွေဒေါနိုင်ငံ နှင့် ဗင်နီဇွဲလားနိုင်ငံ တို့ဖြင့် ပြည်ထောင်စုသို့ ပူးပေါင်းပါဝင်ခဲ့သည်။ ထိုပြည်ထောင်စုကို ဂရန်း ကိုလံဘီယာ သမ္မတနိုင်ငံဟု ခေါ်တွင် ခဲ့သော်လည်း ၁၈၃၀ ခုနှစ်တွင် ဖျက်သိမ်းပစ်ခဲ့ပြီး ပနားမားနှင့် နျူဗာ ဂရန်နေဒါတို့မှာ ဆက်လက်ပေါင်းစည်းလျှက် ရှိခဲ့သည်။ နျူဗာ ဂရန်နေဒါမှာ နောင်တွင် ကိုလံဘီယာ သမ္မတနိုင်ငံ ဖြစ်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ ကျောထောက်နောက်ခံဖြင့် ပနားမားသည် ကိုလံဘီယာမှ ၁၉၀၃ ခုနှစ်တွင် ခွဲထွက်ခဲ့ကာ အမေရိကန် စစ်တပ်အား ၁၉၀၄ ခုနှစ် နှင့် ၁၉၁၄ ခုနှစ် အတွင်းတွင် ပနားမား တူးမြောင်းကို ဖောက်လုပ်ခွင့်ပေးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုမှ ပနားမားအား ရာစုနှစ် အကုန်တွင် တူးမြောင်းကို လုံးဝ အပြီးအပိုင် လွှဲပြောင်းပေးအပ်ရန် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။[၂]
တူးမြောင်းဖြတ်သန်းခ ကောက်ခံခြင်းမှ ရသော ဝင်ငွေသည် ပနားမား၏ နိုင်ငံစုစုပေါင်းထွက်ကုန် ဝင်ငွေတွင် အရေးပါသော အစိတ်အပိုင်းမှ ပါဝင်သည်။ ပနားမားသည် အမေရိက အလယ်ပိုင်းတွင် တတိယ သို့မဟုတ် စတုတ္ထမြောက် အကြီးမားဆုံး စီးပွားရေး ရှိသော နိုင်ငံ ဖြစ်သည်။ [၃]ထို့ပြင် ပနားမားသည် အလျှင်အမြန် တိုးတက်နေသော စီးပွားရေးရှိပြီး အမေရိက အလယ်ပိုင်းတွင် လူတစ်ဦးချင်း အများဆုံး သုံးငွေ ရှိသည်။[၄][၅] ၂၀၁၀ ခုနှစ်တွင် ပနားမားသည် လက်တင်အမေရိကတွင် လူထုဖွံ့ဖြိုးရေးညွှန်းကိန်းနိုင်ငံများစာရင်း၌ စတုတ္ထနေရာတွင် ရှိပြီး ကမ္ဘာပေါ်တွင် နံပါတ် ၅၄ ဖြစ်သည်။ [၆]၂၀၁၀ ခုနှစ် ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှ ထုတ်ပြန်သော တကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုပြ ညွှန်းကိန်းတွင် ပနားမားသည် လက်တင် အမေရိက၌ ဒုတိယ နေရာတွင် ရှိသည်။ ပနားမားတွင် အနောက်ဘက် ကမ္ဘာခြမ်း၌ အမေဇုန်ဘေစင် တောအုပ်မှ လွဲလျှင် အကြီးဆုံးသော တောအုပ်ရှိပြီး ဒေသဆိုင်ရာ အပင်များ၊ တိရစ္ဆာန်များ နှင့် ငှက်များ အမြောက်အများရှိကာ ၎င်းတို့ကို ကမ္ဘာ၏ အခြားမည်သည့်နေရာတွင်မှ မတွေ့ရပေ။[၇]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ Panama. International Monetary Fund. Retrieved on 2011-04-21။
- ↑ CIA – The World Factbook. Cia.gov. Retrieved on 2010-12-23။
- ↑ CIA – The World Factbook – Field Listing – GDP (official exchange rate). CIA. Retrieved on 2010-01-12။ And: CIA – The World Factbook – Country Comparison – National product. CIA. Retrieved on 2010-01-12။ See also: IMF.org
- ↑ Annual % Growth – Final Consumption Expenditure, Etc. statistics – countries compared. NationMaster. Retrieved on 2010-06-26။
- ↑ Final Consumption Expenditure, Etc. constant 2000 us$ (per capita) (most recent) by country. Nationmaster.com. Retrieved on 2010-06-26။
- ↑ UNDP Human Development Report 2010. Table 1: Human development index 2010 and its components (PDF). UNDP. Retrieved on 2010-11-06။ pp. 144
- ↑ "Country profile: Panama", BBC News, 2010-06-30.