ပဒိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပဒိုင်း
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Solanales]]
မျိုးရင်း [[Solanaceae]]
မျိုးရင်းသေး [[Solanoideae]]
မျိုးဇာတ် [[Datureae]]
မျိုးစု '''''Datura'''''


ပဒိုင်း၏ အမည်မှာ Datura ဖြစ်သည်။ Solanaceae မိသားစုဝင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ သမပိုင်းဒေသများနှင့် အပူပိုင်းဒေသများတွင် ပျံ ့နှ့ံစွာပေါက်ရောက်သည်။ ပဒိုင်းပန်းပွင့်ကို Angel's Trumpet ဟုလည်း ခေါ်ဆိုကြသည်။ အရွက်များသည် ၁၀ စင်တီမီတာမှ ၂၀ စင်တီမီတာထိ ရှည်လျားပြီး ၅ စင်တီမီတာမှ ၁၈ စင်တီမီတာထိ ကျယ်ပြန့်သည်။ အပွင့်များသည် Trumpet ပုံသဏ္ဍာန်ရှိပြီး ၅ စင်တီမီတာမှ ၂၀ စင်တီမီတာထိ ရှည်လျားသည်။ အပွင့်ဝတွင် ၄ စင်တီမီတာမှ ၁၂ စင်တီမီတာထိ ကျယ်ဝန်းသည်။ အပွင့်အရောင်မှာ အဖြူမှသည် အဝါ၊ ပန်းရောင်၊ ခရမ်းဖျော့ရောင် စသည်ဖြင့် ရှိကြသည်။ ပဒိုင်းသီးမှာ ဆူးများဖြင့် ပြည့်နှက်နေသည့် အခွံမာသီးဖြစ်သည်။ အသီးသည် ၄ စင်တီမီတာမှ ၂၀ စင်တီမီတာထိ ရှည်လျားပြီး ၂ စင်တီမီတာမှ ၆ စင်တီမီတာထိ ကျယ်ပြန့်သည်။ အသီးရင့်မှည့်လာသောအခါတွင် အခွံမာမှာ အက်ကွဲပေါက်ထွက်ပြီး အစေ့များ ကျဲပြန့်သည်။ ပဒိုင်းသည် မကောင်းဆိုးဝါးပင်ဟုပင် ခေါ်ဆိုလောက်အောင် အဆိပ်အတောက်ဖြစ်စေတတ်သည်။ ပဒိုင်း၏ အမည် Datura မှာ ဟင်ဒီဘာသာစကားမှ ဆင်းသက်လာပြီး dhatūrā ("thorn apple" ဆူးများဖြင့်ပြည့်နှက်နေသော ပန်းသီးဟု အနက်ရသည်။ ပဒိုင်းမျိုးစိတ် (၉)မျိုး ရှိသည်။

  • Datura ceratocaula Jacq.
  • Datura discolor Bernh. – Desert Thorn-apple
  • Datura ferox L. – Long Spined Thorn-apple
  • Datura inoxia Mill. – Thorn-apple, Downy Thorn-apple, Indian-apple, Moonflower, Sacred Datura, Toloatzin, Toloache
  • Datura leichhardtii F.Muell. ex Benth. (syn. D. pruinosa) – Leichhardt's Datura
  • Datura metel L.
  • Datura quercifolia Kunth – Oak-leaf Thorn-apple
  • Datura stramonium L. (syn. D. inermis) – Jimsonweed, Thorn-apple(ပဒိုင်းညို)
  • Datura wrightii Regel – Sacred Datura, Sacred Thorn-apple

ပဒိုင်းပင်တွင် tropane alkaloids ပါဝင်ခြင်းကြောင့် အဆိပ်အဖြစ် အသုံးပြုကြသည်။ အဆိပ်ပါဝင်နှုန်းမှာ အပင်၏ သက်တမ်း၊ အရွယ်အစား၊ ပေါက်ရောက်ရာ ဒေသနှင့် ဒေသ၏ ရာသီဥတုအပေါ်တွင် မူတည်ပြီး ရာခိုင်နှန်း အနည်း၊ အများ ရှိသည်။ ပဒိုင်းသည် လူကို ဆိုးကျိုးဖြစ်စေသောမူးယစ်ဆေးဝါးဖြစ်သည်။ ငယ်ရွယ်သူများနှင့် ဆယ်ကျော်သက်များသည် ပဒိုင်းပင်၏ အစိတ်အပိုင်းတစ်ခုခုကို စားသုံးမိလျှင် အပြင်းအထန်နေမကောင်းဖြစ်ကာ အသက်သေဆုံးသည်ထိ ဖြစ်သည့် ဆေးမှတ်တမ်းများ ရှိသည်။ ပဒိုင်းပင်သည် အဆိပ်အဖြစ် မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်းနှင့် လူသတ်ခြင်းများတွင် အသုံးပြုကြသည်။ ၁၉၅၀ မှ ၁၉၆၅ ခုနှစ်အကြား အိန္ဒိယနိုင်ငံ ၊ Agra ရှိဓာတုဓာတ်ခွဲခန်းများ၏ စုံစမ်းမှုအရ ပဒိုင်းစားသုံးမှုကြောင့် သေဆုံးသူပေါင်း ၂၇၇၈ ဦးရှိခဲ့သည်ဟု သိရှိရသည်။

ပဒိုင်းပင်၏ အစိတ်အပိုင်းတစ်ခုခုကို စားသုံးမိလျှင် စိတ်ကစဉ့်ကလျားဖြစ်ကာ စိတ်မူမမှန်ဘဲနောက် အသက်သေဆုံးသည်အထိ ဖြစ်ရသည်။ မြန်မာလူမျိုးတို့က ဆုပ်လည်းစူး၊ စားလည်းရူးဟူ၍ ပဒိုင်းကို ကိုယ်စားပြု ဖော်ပြသည်။

[ပြင်​ဆင်​ရန်​] ကိုးကား

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်